နိုင်ငံတော် သမ္မတကြီးနှင့် တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ခင်ဗျား
လောက်ကိုင်မှာဖြစ်ပွားနေတဲ့ ဖုန်းကြားရှင်နဲ့ တရုတ် ခွေးဝဲစားတွေကို ချေမှုန်းသုတ်သင်ရာမှာ ပြည်သူတစ်ယောက်အနေနဲ့ အပြည့်အဝ ထောက်ခံအားပေးပါတယ်။ တရုတ်မီဒီယာများနဲ့ ပြည်တွင်း ငြိမ်းချမ်းမှုကို မလိုလားသော လက်နက်ကိုင်များ၊ ပြည်တွင်း တပ်မတော်ကို မူန်းတီးသော သတင်းဌာနများအနေဖြင့် တိုက်ပွဲတွင် အရပ်သားများကို သတ်ဖြတ်နေသယောင် စစ်ဘေးရှောင် ဒုက္ခသည်များ လစ်လျူရှုထားသယောင် ဝါဒဖြန့် ထုတ်လွှင့်မှုများ ရှိနေကြောင်း ကြားသိနေရပါတယ်။
သို့ပါ၍ တိုက်ပွဲသတင်းများနဲ့ပတ်သက်ပြီး စစ်ဆင်ရေး အထူးလျှို့ဝှက်ချက်မှအပ ပြည်သူတွေ သိသင့်သည့် အခြေအနေများကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးရန်နှင့် စစ်ဘေးရှောင် ဒုက္ခသည်များ စားသောက်နေထိုင်မှု အဆင်ပြေစေရေး ကူညီစောင့်ရှောက်နေမှုများ နိုင်ငံတော်အဆင့် မပြတ်ထုတ်လွှင့်ပေးနိုင်ပါရန် မေတ္တရပ်ခံအပ်ပါတယ်ခင်ဗျား။
ကျေးဇူးတင်ပါတယ်။
No comments:
Post a Comment