Wednesday, September 24, 2014

ဘင်္ဂလားဒေ့ရှ် ကြည်းတပ်အကြောင်း အစေ့တစောင်း


Sept 24, 2014
ရွှေမန်းတင်မောင်သား

တည်ထောင်သည့်ခုနှစ်၊ ၁၉၇၁ခုနှစ်၊ မတ်လ ၂၆ ရက်
ဘင်္ဂလားဒေ့ရှ် တပ်မတော်ရဲ့ အဓိကကျတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး စစ်သည်တော် ၁၅၇၀၀၀ ကျော်ဖြင့် ဖွဲ့စည်းထားပါတယ်။ စစ်ရုံးချုပ်ကိုတော့ ဒါကာမှာ ဖွင့်လှစ် ထားရှိပါတယ်။ အမည်ပြောင်ကတော့ BA/BD Army ဖြစ်ပါတယ်။ သူတို့ရဲ့ ဆောင်ပုဒ်က "စစ်ပွဲအတွင်း ငြိမ်းချမ်းရေးနယ်ပယ်အတွင်း မည်သည့်နေရာဒေသတွင် မဆို လုပ်ဆောင်တာဟာ ငါတို့ တိုင်းပြည်အတွက် ဖြစ်ပါတယ်"။ နှစ်ပတ်လည်နေ့ အခမ်းအနားကိုတော့ မတ်လ (၂၆)ရက်၊ အေပြီလ (၁၀)ရက်၊ နိုဝင်ဘာလ (၂၁)ရက်နဲ့ ဒီဇင်ဘာလ (၁၆)ရက်တို့မှာ ကျင်းပပါတယ်။

ပါဝင်ခဲ့တဲ့ စစ်ဆင်ရေးတွေအနေနဲ့ကတော့ စစ်တကောင်း ပဋိပက္ခ၊ ပင်လယ်ကွေ့ စစ်ပွဲတို့ဘဲဖြစ်ပါတယ်။ ကာကွယ်ရေးဝန်ကြီးကတော့ ဝန်ကြီးချုပ် Sheikh Hasina ဖြစ်ပါတယ်။ ကြည်းတပ်ဦးစီးချုပ်ကတော့ ဗိုလ်ချုပ်ကြီး Iqbal Karim Bhuiyan ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် ကြည်းတပ်ဟာ ဘင်္ဂလားဒေ့ရှ်တပ်မတော် ကြည်း၊ ရေ၊ လေ(၃)ခုရှိတဲ့ အနက် အကြီးမားဆုံးနဲ့ စွမ်းရည်အရှိဆုံး အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်တပ်မတော်ရဲ့ အခြေခံစစ်ဆင်ရေးကတော့ ဘင်္ဂလားပြည်သူတွေရဲ လုံခြုံ ရေးနဲ့ ရေပြင်ပိုင်နက်ကို ကာကွယ်ရေးအတွက် လိုအပ်တဲ့ ထောက်ပံ့မှုပေးရန်ဖြစ်ပြီး ပြည်ပကျူးကျော်မှုကို ဆန့်ကျင်ကာကွယ်သွားရန်ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဟာ ပြည်သူတွေရဲ့ ခေါင်းဆောင်ဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာနကိုလည်း ဥပဒေဖြင့် ချုပ်ကိုင်ထားပါတယ်။ သဘောကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ စစ်တပ်ကို နိုင်ငံရဲ့ အဆင့်အမြင့်ဆုံးပုဂ္ဂိုလ်ကို အခွင့်အဏာ အထူးပေးထားတဲ့ သဘောပါဘဲ။

ထပ်လောင်းပြီးတော့ အရပ်ဘက်အစိုးအရအဖွဲ့ကို နိုင်ငံရဲ့ အရေးပေါ်အခြေအနေတွေ မှာ မူတည်ပြီး အခွင့်အာဏာပေးရမယ်လို့ ဘင်္ဂလားဒေ့စစ်တပ်ရဲ့ အခြေခံ စစ်ရေးမူဝါဒ မှာ ချမှတ်ထားလို့ဖြစ်ပါတယ်။ ဒီအခန်းကဏ္ဍဟာဆိုရင် ယေဘူယျအားဖြင့် အရပ်ဖက် အုပ်ချုပ်ရေးအဖြစ် ယူဆလို့ရပါ တယ်။

၁၉၈၀ ကျော်နှစ်များအတွင်းက စစ်တကောင်းဒေသမှာ အစိုးရဟာ ဘင်္ဂါလီလူမျိုးတွေ ကို နေရာချထားခဲ့ပါတယ်။ ၁၉၇၄ခုနှစ်မှာ စစ်တကောင်းဒေသရဲ့ ဘင်္ဂါလီလူဦးရေဟာ အဲဒီဒေသမှာရှိတဲ့ လူဦးရေရဲ့ ၁၁.၆ % ဖြစ်လာပါတယ်။ ၁၉၉၁ခုနှစ်အရောက်မှာတော့ ၄၈.၅ % ထိ တိုးတက်များပြားလာခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်ကြည်းတပ်ဟာ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့မှာ ထောက်ပံ့မှု စစ်ဆင်ရေးတွေမှာ ပါဝင်လာခဲ့တာဟာ နိုင်ငံစတင်တည်ထောင်တဲ့ ၁၉၇၀ ပြည့်နှစ်လွန်ကာလများကတည်းက ဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ အီရတ်မှာ UNIIMOG လို့ခေါ်တဲ့ စစ်ဆင်ရေးနဲ့ နမီးဘီးယားမှာရှိတဲ့ UNTAG စစ်ဆင်ရေးတွေမှာ ပါဝင်ခဲ့ဘူးပါတယ်။

ဘင်္ဂလားဒေ့ရှ် ကြည်းတပ်အနေနဲ့ နောက်ဆုံးပါဝင်ခဲ့တဲ့ စစ်ဆင်ရေးကတော့ ပင်လယ် ကွေ့စစ်ပွဲအတွင်းက ကူဝိတ်နဲ့ဆော်ဒီအာရေးဗီးယားကို စက်မှုပိုင်းဆိုင်ရာ တပ်ဖွဲ့ဝင် ဦးရေ(၂၁၉၃)ဦးပါဝင်တဲ့ တပ်ဖွဲ့(၁)ဖွဲ့ကို စေလွှတ်ခဲ့ခြင်းဘဲ ဖြစ်ပါတယ်။

၂၀၀၉ခုနှစ်၊ အဲဒီလို ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့တွေမှာ ပါဝင်တဲ့ အကျိုးဆက် ရလာဒ်အနေနဲ့ကတော့ ဘင်္ဂလားဒေ့ရှ်တပ်ဖွဲ့ဝင် ၈၈ ဦး အသက် ဆုံးရှုံး ခဲ့ရပြီးဖြစ်ပါတယ်။

ဒီအပြင် ဘင်္ဂလားဒေ့ရှ် အထူးတပ်ဖွဲ့က စီနီယာအရာရှိတွေဟာ ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်ဖွဲ့တွေမှာ စစ်ဘက်ဆက်ဆံရေးအရာရှိတွေအဖြစ် အမြင့်ဆုံး ဂုဏ်ပြု ခြင်းကို ခံခဲ့ရတယ်။

၂၀၀၄ခုနှစ် ဇန်နဝါရီလအတွင်းက ဘီဘီစီသတင်းဌာနက ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့တွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဘင်္ဂလားဒေ့ရှ်တပ်ဖွဲ့ဝင်တွေကို "ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ့ရဲ့ အထူးအရေးပါအရာရောက်သူများ" အဖြစ် တင်စားခေါ်ဝေါ်ခြင်း ခံခဲ့ရပါတယ်။

၁၉၉၁ခုနှစ်၊ ပင်လယ်ကွေ့စစ်ပွဲအတွင်းက နိုင်ငံပေါင်းစုံတပ်ဖွဲ့များ ကွပ်ကဲရေးဌာနချုပ်က ဘင်္ဂလားဒေ့ရှ်တပ်မတော်ကို အခြားတပ်ဖွဲ့များနည်းတူ သဲကန္တာရအတွင်း စစ်ဆင်ရေး မှာ ပူးပေါင်းပါဝင်ဘို့ ဖိတ်ခေါ်ခြင်းခံခဲ့ရပါတယ်။

ကူဝိတ်မှာရှိတဲ့ မြေမြုပ်မိုင်းနဲ့ ဗုံးတွေကိုရှင်းလင်းဖို့အတွက် အင်ဂျင်နီယာတပ်ဖွဲ့ကို စေလွှတ်ခဲ့ပါတယ်။ အဲဒီစစ်ဆင်ရေးရဲ့ အမည်ဝှက်ကတော့ ဘင်္ဂလားလို "ပန်နာဂါသန် ကူဝိတ်စစ်ဆင်ရေး" အတိုကောက်အနေနဲ့က "အိုကေပီ"ဖြစ်ပါတယ်။ အင်္ဂလိပ်အခေါ် "ကူဝိတ်ပြန်လည်တည်ထောင်မှု စစ်ဆင်ရေး" အတိုကောက်အနေနဲ့ "အိုအာရ်ကေ"လို့ ခေါ်ဆိုပါကြောင်း။

ဒါကတော့ ဘင်္ဂလားဒေ့ရှ် တပ်မတော်ရဲ့ သမိုင်းနောက်ခံအကျဉ်းဘဲ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ တပ်မတော်သမိုင်းကြောင်းနဲ့ ယှဉ်ရင် အများကြီးနုနယ်တယ်လို့ ဆိုလို့ရနိုင်ပေမဲ့ သူတို့မှာ နိုင်ငံခြားနဲ့ဆက်ဆံတဲ့ အတွေ့အကြုံကောင်းတွေ အများကြီး ရှိထားတယ်ဆိုတာပါဘဲ။


မြန်မာ ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်အငြင်းပွားမှုကို မှတ်မိကြမှာပါ။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နဲ့ ကျွန်တော်တို့နိုင်ငံ Cyber War ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ကျွန်တော်တို့နိုင်ငံကို အနောက်အုပ်စု နိုင်ငံအတော်များများက ပိတ်ဆို့ထားတဲ့ အချိန် ဖြစ်ပါတယ်။ စစ်ဘက်ဆက်ဆံရေးမှာ အဲဒီအချိန်တုန်းက ကျွန်တော်တို့နိုင်ငံနဲ့ အဆင်ပြေတာဆိုလို့ မြောက်ကိုးရီးယား၊ ရုရှား ဒီလောက်ဘဲရှိတာပါ။

ရုရှားကို ကျွန်တော်တို့နိုင်ငံက စစ်ဘက်ပညာတော်သင်တွေ စေလွှတ်ထားတဲ့ အချိန်မှာပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ Website အတော်များများကို ရုရှားပညာတော်သင် တွေရဲ့ အကူအညီနဲ့ hack နိုင်ခဲ့ပါတယ်။ အခုဒီလင့်မှာ သွားကြည့်နိုင်ပါတယ်။ http://mmhackforums.noonhost.com/operation-bangledesh-vf40.html

အခု တကျော့ပြန် Cyber War က ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လည်အသက်သွင်းလာဖို့ ရှိနေပါတယ်။ အယ်ခိုင်းဒါးကလည်း မြန်မာနိုင်ငံကို ဂျီဟတ်လုပ်ဖို့ စစ်ကြေညာထားလေ တော့ အယ်ခိုင်းဒါးနဲ့ အမျိုးတော်စပ်သူ ဘင်္ဂလားသည် ကျွန်တော်တို့ရဲ့ ပစ်မှတ်ဖြစ်လာ နေပြီဆိုတာကို သတိထားကြဖို့ တင်ပြပါစေ။


Tuesday, September 23, 2014

အသက် ၂၂ နှစ်အရွယ် ကျောင်းသားကို သတ်ဖြတ်ခဲ့တဲ့ ကျား

Sept 24, 2014
ရွှေမန်းတင်မောင်သား

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမှာ ဩဂုတ်လ ၂၃ ရက်နေ့က တိရိစ္ဆာန်ရုံအတွင်း လေ့လာနေတဲ့ အသက် ၂၂ နှစ်အရွယ် ကျားလှောင်ကန်အတွင်း မတော်တဆ ပြုတ်ကျသွားတဲ့ ကျောင်းသားတစ်ဦးကို ကျားတစ်ကောင်က ကိုက်ဖြတ်သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပါတယ်။

ကျားဟာ ကျောင်းသားကို ကိုက်ချီဆွဲပြေးသွားတာကို အနီးပတ်ဝန်း ကျင်ရှိလူများက ဒီအအတိုင်းကြည့်နေခဲ့ ရပါတယ်။

ကျောင်းသားလေးရဲ့ ကံကြမ္မာကိုတော့ အတိအကျမသိရသေးကြောင်းနှင့် အဆိုပါ ဗွီဒီယိုဖိုင်ကို အောက်ပါလင့်မှာ သွားရောက်ကြည့်ရှု နိုင်ပါတယ်။

Friday, September 19, 2014

အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ဘယ်နိုင်ငံက စစ်ရေးအင်အားအတောင့်တင်းဆုံးလဲ

Sept 20, 2014
ရွှေမန်းတင်မောင်သား


ဒေသတွင်းနိုင်ငံတွေထဲမှာကတော့ ဗီယက်နမ်နိုင်ငံက စစ်ရေးအင်အားအတောင့်ဆုံးဖြစ် ပြီး ရေတပ်နဲ့ လေတပ်အင်အား သာလွန်ကောင်းမွန်တာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။

Kilo Class အမျိုးအစား ရေငုပ်သင်္ဘော(၆)စင်းရှိပြီး ဒီအရေအတွက်ဟာ အရှေ့တောင် အာရှ နိုင်ငံတွေထဲမှာ ဘယ်နိုင်ငံမှမရှိပါဘူး။

၂၀၁၀ခုနှစ်က ရုရှားကနေဝယ်ယူထားတဲ့ ဖရီးဂိတ်စစ်သင်္ဘော (၂)စင်းရှိပါတယ်။ အဆိုပါ ခေတ်မှီတဲ့အမျိုးအစားဟာ ရုရှားရေတပ်နဲ့ ဗီယက်နမ်ရေတပ်တွေမှာသာ ရှိပါတယ်။

ခေတ်မှီ တိုက်လေယာဉ် Su30 MK2 အမျိုးအစား (၃၀-၄၅)စင်းခန့်ရှိပါတယ်။ အခြား ခေတ်မှီလက်နက်တွေကိုလည်း အဆင့်မီအောင် ပြုပြင်ပြောင်းလဲလျက်ရှိပါတယ်။

ဗီယက်နမ်

ဗီယက်နမ်နိုင်ငံဟာ အဓိကစစ်ဆင်ရေးကြီး (၂)ခုဖြစ်တဲ့ အမေရိကန်ကျူးကျော်စစ်နဲ့ တရုတ်တို့ရဲ့ ကျူးကျော်စစ်ကို အောင်မြင်ခဲ့တဲ့ တစ်ခုတည်းသော အရှေ့တောင်အာရှ နိုင်ငံဖြစ်ပါတယ်။ တရုတ်ကျူးကျော်စစ်မှာ တင့်ကား (၄၀၀)လောက်ကို ဖျက်ဆီးနိုင်ခဲ့ပြီး (၁)လသာကြာမြင့်တဲ့ စစ်ပွဲအတွင်းမှာ တရုတ်နဲ့ဗီယက်စစ်သား (၂)သိန်းခွဲလောက် သေဆုံးခဲ့ရပါတယ်။ ထိုစစ်ပွဲအတွင်းမှာ တရုတ်စစ်သား (၆၉၀၀)ကျော်အသတ်ခံရပြီး (၁၅၀၀၀)ကျော် ဒဏ်ရာရအောင်အထိ ဗီယက်နမ်တို့ အောင်ပွဲခံနိုင်ခဲ့ပါတယ်။ အနောက်တိုင်းမီဒီယာများရဲ့ ဖော်ပြချက်အရ တရုတ်ဟာ စစ်သား(၂၆၀၀၀)ကျော် အသတ်ခံရပြီး (၃၇၀၀၀)ကျော် ထိခိုက်ဒဏ်ရာရတယ်လို့လည်း ဆိုပါတယ်။ တင့်ကား အစီးရေ (၄၂၀)ကျော် ဖျက်ဆီးခြင်းခံရပါတယ်။

ဗီယက်နမ်ထိခိုက်ဒဏ်ရာရှိမှုကတော့ စစ်သား(၂၀၀၀၀)အသတ်ခံရပြီး (၃၂၀၀၀)ကျော် ဒဏ်ရာရရှိပါတယ်။ တင့်ကား (၁၈၅)စီးဖျက်ဆီးခံရပါတယ်။ စစ်ပွဲအတွင်းမှာ ဗီယက်နမ် ပြည်သူ (၁)သောင်းကျော် သေဆုံးခဲ့ပါတယ်။

ယနေ့အချိန်မှာတော့ ဗီယက်နမ်နိုင်ငံဟာ ၎င်းရဲ့ ကာကွယ်ရေးစက်ရုံနဲ့ စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံများဟာ အလျင်အမြန်နဲ့ ဖွံ့ဖြိုးတိုးတက်လာနေပါတယ်။ အရှေ့တောင်အာရှမှာ ဗီယက်နမ်ဟာ ကာကွယ်ရေးဆိုင်ရာ လူသားအရင်းအမြစ်နှင့် အဆင့်မြင့်နည်းပညာများကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။
အင်ဒိုနီးရှားနဲ့ ဗီယက်နမ်နိုင်ငံတို့ဟာ ၂၀၁၀ခုနှစ်မှာ စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက် လျက်ရှိပြီး စစ်ရေးဆိုင်ရာ မိတ်ဖက်ညီအစ်ကိုများအဖြစ် ကြေညာထားပါတယ်။

အခြားသောအာဆီယံအဖွဲ့ဝင်များ နိုင်ငံများနှင့်ပူးပေါင်းပြီး အင်ဒိုနီးရှားနဲ့ ဗီယက်နမ်နိုင်ငံ တို့ဟာ အေးချမ်းတည်ငြိမ်တဲ့ အာဆီယံဒေသတွင်းကို ပူးပေါင်း ဖော်ဆောင်လိမ့်မယ်လို့ ယုံကြည်ရပါတယ်။ ထို့မှတဆင့် တရုတ်နိုင်ငံကိုဖိတ်ခေါ်ပြီးတော့လည်း အာရှဒေသ တည်ငြိမ်အေးချမ်းရေးကို ဖော်ဆောင်ပါလိမ့်မယ်။

အခြားသော စစ်ရေးအင်အားအတောင့်တင်းဆုံးနိုင်ငံကတော့ စင်္ကာပူဖြစ်ပါတယ်။
စင်္ကာပူကတော့ သယံဇာတအရင်းအမြစ်မရှိပါဘူး။ ၎င်းရဲ့အရင်းအမြစ်တွေကို အမေရိကန်နဲ့ ဥရောပနိုင်ငံများအပေါ်တွင်သာ မှီခိုနေရပါတယ်။ အဆောက်အဦး ဆောက်လုပ်ဖို့အတွက် မြေနေရာအလုံအလောက်မရှိတဲ့အတွက် ခေတ်မှီတဲ့ ကာကွယ် ရေးစက်ရုံတွေနဲ့ သင်္ဘောကျင်းတွေ မတည်ဆောက်နိုင်ပါဘူး။

ဒါပေမဲ့ စီးပွားရေးအရမှာတော့ ဒေသတွင်းနိုင်ငံတွေကြားမှာ ထိပ်ဆုံးက ရပ်တည်လျက် ရှိပါတယ်။

ဒါဆိုရင် အရှေ့တောင်အာရှမှာ ဘယ်နိုင်ငံက စစ်ရေးအင်အား အတောင့်တင်းဆုံးပါလဲ။

အဖြေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
အဆင့်(၁) အင်ဒိုနီးရှား (ကမ္ဘာ့အဆင့်သတ်မှတ်ချက် ၁၈ )
အဆင့်(၂) ထိုင်း (ကမ္ဘာ့အဆင့်သတ်မှတ်ချက် ၁၉ )
အဆင့်(၃) ဖိလစ်ပိုင် (ကမ္ဘာ့အဆင့်သတ်မှတ်ချက် ၂၂ )
အဆင့်(၄) မလေးရှား (ကမ္ဘာ့အဆင့်သတ်မှတ်ချက် ၂၇ )
အဆင့်(၅) စင်္ကာပူ (ကမ္ဘာ့အဆင့်သတ်မှတ်ချက် ၄၁ )တို့ဖြစ်ပါတယ်။

စာရင်းမှာ ဖော်ပြခြင်းမခံရတဲ့ အခြားနိုင်ငံတွေကတော့ အရှေ့တောင်အာရှဒေသတွင်း မှာ အဆင့်တန်းဝင်နိုင်ခြင်းမရှိသေးပါဘူး။ ဒါကတော့ Website တစ်ခုဖော်ပြထားတဲ့ အဆင့်သတ်မှတ်ချက်ဖြစ်ပါတယ်။

Youtube မှာတင်ထားတဲ့ Top 6 Military Powar on SouthEast Asia(HD2014)မှာ တော့
အဆင့်(၁) အင်ဒိုနီးရှား
အဆင့်(၂) ဗီယက်နမ်
အဆင့်(၃) ထိုင်း
အဆင့်(၄) ဖိလစ်ပိုင်
အဆင့်(၅) မလေးရှား
အဆင့်(၆) စင်္ကာပူ တို့ဖြစ်ပါတယ်။ အဲဒီ(၆)နိုင်ငံထဲက ကာကွယ်ရေးထူးခြားချက်တွေ ပိုင်ဆိုင်တဲ့နိုင်ငံတွေက ဗီယက်နမ်နိုင်ငံဟာဆိုရင် Kilo Class Submarine (၆)စီးခန့် ပိုင်ဆိုင်ပါတယ်။ ဒီအရေအတွက်ဟာဆိုရင် အရှေ့တောင်အာရှနိုင်ငံတွေမှာ ဘယ်နိုင်ငံ မှ မရှိသေးပါဘူး။ နောက်နိုင်ငံကတော့ ထိုင်းဖြစ်ပါတယ်။ ရုရှားကနေ ဝယ်ယူထားတဲ့ လေယာဉ်တင်သင်္ဘော(၁)စီးရှိပါတယ်။ စင်္ကာပူကလည်း ချင်းနွတ် ရဟတ်ယာဉ်တွေ ပိုင်ဆိုင်ပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံကတော့ Top 6 Military Power on Southeast Asia (HD2013)မှာ အဆင့်(၅)သတ်မှတ်ခြင်းခံရပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရေး စစ်ရေး အင်အားဟာ ပွင့်လင်းမြင်သာမှုမရှိတဲ့အတွက် အလွန်ခန့်မှန်းရခက်ခဲတာကိုတော့ သိစေချင်ပါတယ်။

ကျွန်တော်ကို ညီငယ်တစ်ယောက်မေးဘူးပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံက အရှေ့တောင်အာရှမှာ ဘယ်အဆင့်မှာရှိသလဲဆိုတာကို ကျွန်တော်ရမ်းတုတ်ပြီး ဖြေလိုက်မိတာ တက်တက်စင်အောင်လွဲပါလေရော။ ကျွန်တော်က တတိယလောက်လို့ ခန့်မှန်းပြီး ပြောလိုက်မိပါတယ်။ ဒါကြောင့် ဒီပို့စ်လေးနဲ့ ထိုညီငယ်လေးကို တောင်းပန် ပါတယ်လို့ ပြောပါရစေခင်ဗျာ။




Sunday, September 14, 2014

သောက်တလွှဲလုပ်ပြန်ပြီ..မြဝတီလို့ ဆောင်ပုဒ်ကိုပြောင်းလိုက်တော့

Sept 15, 2014
ရွှေမန်းတင်မောင်သား

" အမှားအမှန် ပိုင်းခြားသိမြင် မြဝတီနေ့စဉ်" ဟင်း.. ဆောင်ပုဒ်ကတော့ လန်ထွက်နေ တာပဲ။ ဒါကတော့ မြတီနေ့စဉ်သတင်းစာရဲ့ ဆောင်ပုဒ်လေးပါ။

၂၀၁၄ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်၊ တနင်္ဂနွေနေ့ထုတ် မြဝတီနေ့စဉ် သတင်းတစ်ပုဒ် ကို ပရိတ်အပေါင်း ရှုစားကြကုန်ပါလော့...မူရင်းအတိုင်း ပြန်လည်ဖော်ပြလိုက်ပါတယ်။

ဆိုင်ကယ်ပေါ်မှ ပြုတ်ကျသေဆုံးဖြစ်ပွား

မြစ်ကြီးနား စက်တ


င်ဘာလ ၁၃

ကချင်ပြည်နယ်၊ အောင်မော်စံဘုန်းကြီးကျောင်းမှ မြစ်ကြီးနား-မိုးကောင်း ပြည်ထောင်စု လမ်းမကြီးအတိုင်း ယမန်နေ့ နံနက် ၁၁ နာရီခွဲက ဆူပါကပ်ဆိုင်ကယ်ကို မဆိုင်းနွယ် ၂၃ နှစ် (ဘ) ဦးလထော်အောင် မော်ဖောင်းကျေးရွာနေသူ မောင်းနှင်၍ မလာလု နောက်မှလိုက်ပါလာစဉ် မမာလုမှာ ဆိုင်ကယ်ပေါ်မှ လိမ့်ကျခဲ့သည်။

ထို့ကြောင့် မြစ်ကြီးနား ယဉ်ထိန်းတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ မမာလု ၂၇ နှစ် (ဘ) ဦးဝင်နောလရော် မော်ဖောင်းကျေးရွာနေသူအား ဦးခေါင်းနောက်စေ့ဖု၊ နားသွေးထွက်ဒဏ်ရာဖြင့် မော်လမြိုင်အထွေထွေရောဂါကုဆေးရုံကြီးသို့ တင်ပို့ခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မဆိုင်းနွယ်ကို မြစ်ကြီးနား နယ်မြေရဲစခန်းက ယာဉ်(ပ) ၁၈/၂၀၁၄၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄(က)အရ အမှုဖွင့်ထားကြောင်း သိရသည်။
(၄၀၃)
ဆိုပြီးသတင်းတစ်ပုဒ်ပါ။

ယခင်တခါကလည်း ကျွန်တော်တင်ပြဖူးပါတယ်။ လှိုင်းဘွဲ့မြို့နယ်မှ ရေးကြီးမှုဖြစ်တုန်း က တပ်မတော်သားတွေ သွားရောက်ကယ်ဆယ်တာကို မီဒီယာဆိုက်ဝါးအနေနဲ့ ပြချင်တာ။ အရေးမတတ်တော့ ကိုယ့်သတင်းက သောက်မြင်ကပ်စရာ သတင်းဖြစ်ခဲ့ တယ်။ ရေးတာက မွန်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်တဲ့ ကျွန်တော်က မွန်ပြည်နယ်သားပါ။ မွန်ပြည်နယ်မှာ (၁၀)မြို့နယ်ရှိတယ်။ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ပေါင်၊ မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ကျိုက်မရော၊ ချောင်းဆုံ၊ ရေးမြို့နယ်ဆိုပြီး (၁၀)မြို့နယ်ရှိပါတယ်။ အခုဟာက မွန်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်တဲ့။ တခါမှ မကြားဘူးတဲ့ မြို့နယ်ဘဲ။ ကျွန်တော်ဘဲ မျက်လုံးမှောက်တာလား။

အခုလည်းမှားပြန်ပြီ။

မြစ်ကြီးနားမှာ ဆိုင်ကယ်ပေါ်က လိမ့်ကျသေဆုံးတဲ့ လူနာတစ်ယောက်ကို မော်လမြိုင် အထွေထွေရောဂါကုဆေးရုံကြီးကို ပို့တယ်ဆိုတော့ ရဟတ်ယာဉ်နဲ့ပို့တာလား။ ဦးတေဇ တို့ကပဲ ရဟတ်ယာဉ် ကူညီပေးပြီး ပို့တာလားဆိုတာကတော့ ဇဝေဇဝါဖြစ်နေတုန်း ပါဘဲ။

သတင်းထောက်နေရာမှာလည်း အမည်တိတိကျကျမရေးဘဲ (၄၀၃)ဆိုပြီး ချဲနံပါတ် လိုလို အတိတ်စိမ်းလိုလိုနဲ့ ရေးလိုက်တော့လည်း သောက်တလွှဲ။ ဒါကို တပ်မတော်သား တွေက လစဉ် မယူမနေရ ၂၆၀၀ ကျပ်ပေးပြီး ဝယ်ဖတ်နေရတာကိုက အလွန်ပင် ရှယ်ဖွယ်ကောင်းကြောင်းလို့ ပြောပါရစေ။

နိဂုံးချုပ်အနေနဲ့ မြဝတီကိုပြောချင်တာက သတင်းစာအယ်ဒီတာလုပ်သူ ရှက်တတ်ရင် ကိုယ့်ကိုယ်ကို သတ်သေသင့်ဖို့ကောင်းပါတယ်။

ဘာတဲ့

အမှားအမှန် ပိုင်းခြားသိမြင် မြဝတီနေ့စဉ်

ဘာမှသိစရာမလိုဘူး သောက်တလွှဲတွေ ရေးနေတာ။

Saturday, September 13, 2014

အယ်ခိုင်းဒါးကို ဘယ်လိုတုံ့ပြန်မလဲ

Sept 14, 2014
ရွှေမန်းတင်မောင်သား

IS အဖွဲ့ထက် သြဇာအရှိန်အဝါကျဆင်းလာသော အယ်ကိုင်းဒါးအဖွဲ့ဟာ သိက္ခာဆယ် တိုက်ကွက်ဖော်တဲ့အနေနဲ့ တောင်အာရှဖြစ်တဲ့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနဲ့ မြန်မာနိုင်ငံတွေမှာ ဂျီဟတ်စစ်ပွဲဆင်နွှဲဖို့ကို တရားဝင်ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ၂၀၁၂ခုနှစ်ကတည်းက ရခိုင်ပြည်နယ်မှာ စတင်ဖြစ်ပွားခဲ့တဲ့ ဘာသာရေးအဓိကရုဏ်းတွေနဲ့ ပတ်သက်ပြီး အကြမ်းဖက်အုပ်စုတွေရဲ့ ဖြစ်မှတ်ဖြစ်လာ မှာကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက ကြိုတင်တွက်ဆထားပြီးဖြစ်ပါတယ်။

ကြိုတင်တွက်ဆထားတဲ့အတိုင်း ယခုအချိန်အနေသည် အမှန်တကယ်ဖြစ်လာခဲ့ပြီ ဖြစ်ရာ ယခုကြိုတင်ပြင်ဆင်သင့်သည်များကို ပြင်ဆင်ထားနိုင်မှသာလျင် အကြမ်းဖက် အုပ်စုကို သုတ်သင်ရှင်းလင်းနိုင်မှာဖြစ်သလို အကြမ်းဖက်အုပ်စုများရဲ့ ဝင်ရောက်လာ နိုင်မဲ့ လမ်းကြောင်း၊ ၎င်းတို့ရဲ့ အမာခံအင်အားစုများ အကြောင်းကို လေ့လာတင်ပြသွား မှာဖြစ်ပါတယ်။

ဝင်ရောက်လာနိုင်မဲ့ လမ်းကြောင်း
(၁) မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် လူဦးရေ သည် သန်း(၁၆၀)ကျော်ရှိရာ မြန်မာနိုင်ငံထက် လူဦးရေပေါက်ကွဲမှုနှုန်း ၈၁.၆%ရှိရာ ဗြိတိသျှကိုလိုနီခေတ်ရဲ့ အမွေဆိုးအဖြစ် လယ်လုပ်သူဘင်္ဂါလီများ ခေါ်သွင်းမှုမှအစပြု၍ လူမျိုးရေးအဓိကရုဏ်းများအဖြစ် ယနေတိုင် ဖြေရှင်းနေရဆဲဖြစ်ခြင်း။

(၂) ဂျီဟတ်စစ်ဆင်နွှဲမည့် အကြမ်းဖက်သူများသည် ပါကစ္စတန်-အိန္ဒိယနယ်စပ် ထိုမှတစ်ဆင့် ကလေး-တမူးဖက်ကိုဖြတ်ကာ မြန်မာနိုင်ငံရဲ့ အဓိကနေရာများကို ပစ်မှတ်ထား တိုက်ခိုက်လာနိုင်ခြင်း။

(၃) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုနိုင်ရေး ကြိုး ပမ်းနေချိန်တွင် KIO အဖွဲ့နှင့် ရိုဟင်ဂျာအဖွဲ့ တွေ့ဆုံပြီး ကချင်ပြည်နယ်တွင် အခြေချ လှုပ်ရှားခွင့်တောင်းဆိုသည့် ဗွီဒီယိုဖိုင်ပေါ်ထွက်လာခဲ့ရာ အပစ်အခတ်ရပ်စဲရေးတွင် တွန့်ဆုတ်နေသည့် KIO အဖွဲ့အပေါ် သံသယဖြစ်ခြင်း။ ဆီးရီးယားနှင့် အီရတ်တွင် အစ္စလာမ်မစ်နိုင်ငံထူထောင်ရန် ကြိုးပမ်းနေသည့် IS အဖွဲ့သို့ တရုတ်နိုင်ငံမှ မွတ်ဆလင် တိုက်ခိုက်ရေးသမားများ သွားရောက်တိုက်ခိုက်နေသည့်အတွက် ကချင်ပြည်နယ်နှင့် နယ်နိမိတ်ထိစပ်နေသည့် တရုတ်နိုင်ငံလမ်းကြောင်းများမှတဆင့် ဝင်ရောက်လာနိုင် ခြင်း။

(၄) ထိုင်းနိုင်ငံတောင်ပိုင်းတွင် မွတ်ဆလင်အကြမ်းဖက်တိုက်ခိုက်မှုများ ပေါ်ပေါက်ခဲ့ ဘူးရာ ယင်းလမ်းကြောင်းများမှတဆင့် မြန်မာနိုင်ငံအောက်ဖက် မြို့ကြီးများကို အဓိက ထား တိုက်ခိုက်လာနိုင်ခြင်း။

(၅) မြန်မာနိုင်ငံ၏ ပိုင်နက်ရေပြင်သည် ရခိုင်ကမ်းမြှောင်ဒေသမှ တနင်္သာရီအထိ အလွန်ပင်ရှည်လျား ကျယ်ဝန်းလှရာ ပင်လယ်ပြင်စိုးမိုးရေးအတွက် တာဝန်ယူနေသော မြန်မာ့တပ်မတော်(ရေ)၏ အခန်းကဏ္ဍသည် အလွန်ပင်အရေးပါလာပေ၏။ အကြမ်း ဖက် တိုက်ခိုက်ရေးသမားများသည် ကျယ်ဝန်းလှသည့် ရေပြင်ပိုင်နက်ကို အသုံးချကာ ပင်လယ်ပြင်မှ ဝင်ရောက်လာနိုင်သဖြင့် မိမိတပ်မတော်(ရေ)၏ ပင်လယ်ပြင်စိုးမိုးရေး အခန်းကဏ္ဍကို မြှင့်တင်မှသာလျင် ထိရောက်စွာ ကာကွယ်ဟန့်တားနိုင်မည်ဖြစ်ပါ တယ်။

အကြမ်းဖက်အုပ်စုများ၏ လက်နက်တိုက်များ

အကြမ်းဖက်အုပ်စုများသည် မြန်မာနိုင်ငံအား ဂျီဟတ်စစ်ဆင်နွှဲမည်ဖြစ်ကြောင်း ကြေညာထားပြီးဖြစ်ရာ တနည်းမဟုတ်တနည်း ပြုလုပ်လာမည်မှာ အသေအချာပင် ဖြစ်ပါတယ်။

အကြမ်းအုပ်စု၏ တိုက်နည်းသဘောတရားသည် လူနည်းနည်းနှင့် အများစုကို ဖျက်ဆီး ရေးပင်ဖြစ်ရာ ယင်းတို့၏ သရုပ်ကို ပေါ်ပေါ်ထင်ထင်လုပ်ဆောင်မည်မဟုတ်ဘဲ အမာခံ များမှတဆင့် အဓိကပစ်မှတ်များကို တိုက်ခိုက်လာနိုင်ခြင်းကြောင့် ထိုအမာခံများကို မျက်ခြေမပြတ်စောင့်ကြည့်သွားရမည်ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီလူဦးရေထူထပ်သည့် ဘူးသီးတောင်၊ မောင်းတောမြို့နယ်ရှိ ဘင်္ဂါလီဒုက္ခသည်စခန်းမှတဆင့် NGOsများကို အသုံးချကာ ပြုလုပ်လာနိုင်ပါတယ်။

မွတ်ဆလင်လူမျိုးများ၏ အဓိကစီးပွားရေးလုပ်ငန်းများဖြစ်တဲ့ ခရီးသည်ပို့ဆောင်ရေး လုပ်ငန်း၊ စက်သုံးဆီဖြန့်ဖြူးရေး၊ လူစည်ကားရာ ဈေး၊ ကျောင်း၊ ဘာသာရေး အခမ်းနား၊ နိုင်ငံတော်အခမ်းအနားစသည့် နေရာများသည် အကြမ်းဖက်အုပ်စုများရဲ့ ပစ်မှတ်ထား တိုက်ခိုက်လာနိုင်တဲ့ နေရာတွေ ဖြစ်လာနိုင်ပါတယ်။

ကချင်ပြည်နယ်တွင် ရိုဟင်ဂျာအဖွဲ့ အခြေချလှုပ်ရှားခွင့်ရသွားမယ်ဆိုလျင် ငြိမ်းချမ်းမှုကို မလိုချင်သော KIO သည် ရိုဟင်ဂျာအဖွဲ့နှင့် ပူးပေါင်းတိုက်ခိုက်လာနိုင်ခြင်း။

လိုအပ်သောအခြေအနေမှန်သမျှ ဖြတ်တောက်ရန်

ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုးကာရံခြင်းကို ဆောလျင်စွာပြီးစီးအောင် ဆောင်ရွက်ရန် နှင့် ခိုးဝင်ဘင်္ဂလီများကို နိုင်ငံသားဖြစ်မှုဥပဒေအရ တင်းကြပ်စွာ စိစစ်ခြင်း။ နယ်စပ် လုံခြုံရေးကို တိုးမြှင့်ခြင်း။ ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီအများစုနေထိုင်ရာ ဘူးသီးတောင်၊ မောင်းတောဒေသကို သတိထားစောင့်ကြည့်ပြီး ရခိုင်တိုင်းရင်းသား ကျေးရွာများကို ကျေးရွာကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းပြီး လေကျင့်သင်တန်းပေးခြင်း။

KIO အဖွဲ့သည် ရိုဟင်ဂျာအဖွဲ့အား အခြေစိုက်လှုပ်ရှားခွင့် ပေးခဲ့မည်ဆိုပါက သမိုင်းတွင် ဖျက်မရသော အမည်းစက်ကြီးအဖြစ် စွန်းထင်းကျန်ရှိမည်ဖြစ်ရာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးတွင် ပါဝင်လာနိုင်အောင် ကြိုးပမ်းဆောင်ရွက်စေခြင်း။

လူမျိုးရေးအဓိကရုဏ်းဖြစ်ပွားရာ မြို့ကြီးများတွင် ဘာသာရေးအသွင်ဆောင်သည့် ပြစ်မှု မျိုးမကျူးလွန်နိုင်စေရေးအတွက် အရပ်ဖက်ဆိုင်ရာ ဘာသာပေါင်းစုံအဖွဲ့ကြီးများ၊ အုပ် ချုပ်ရေးအဖွဲ့များနှင့် ပြည်သူလူထုပူးပေါင်း ဆောင်ရွက်စေခြင်း။

အယ်ခိုင်းဒါးကတော့ ကြေညာထားပါပြီ။ အမေရိကန် လွှတ်တော်အမတ်တွေကလည်း တစ်ကမ္ဘာလုံးက အကြမ်းဖက်လုပ်ရပ်ကို ရှုတ်ချကန့်ကွက်နေတာတောင် နိုင်ငံရေး အမြတ်ကထုတ်ချင်သေး။ သူတို့လုပ်ခိုင်းတဲ့ကိစ္စကို မလုပ်လို့ကတော့ လုံခြုံရေးအကူ အညီအပေးဘူးလေး၊ ဘာလေးနဲ့။ မြန်မာနိုင်ငံရဲ့အင်အားသည် ပြည်သူများအပေါ်မှာ သာ တည်မှီနေပါတယ်။ ပြည်သူ့တွေ စည်းလုံးညီညွတ်နေသမျှ ကာလပတ်လုံး အကြမ်းသမားများရဲ့ လုပ်ရပ်ဟာ ကျဆုံးရမှာ မလွှဲဧကန်ပါ။

Friday, September 12, 2014

ရှရှားလုပ် T 90 ပင်မတိုက်ပွဲဝင်တင့်ကား

Sept 13, 2014
ရွှေမန်းတင်မောင်သား

ရုရှားနိုင်ငံရဲ့ တတိယမျိုးဆက် ပင်မတိုက်ပွဲဝင် တင့်ကားဖြစ်ပြီး Kartsev-Venediktov ဆိုသူက ဒီဇိုင်းရေးဆွဲကာ ၁၉၉၁ခုနှစ်မှ စတင်ထုတ်လုပ်ခဲ့ပြီး ယနေ့အချိန်ထိ အသုံးပြုလျက် ရှိပါတယ်။ ထုတ်လုပ်တဲ့ အရေအတွက်ကတော့ ၁၆၆၇ စင်းဖြစ်ပါတယ်။

အထူးဝိသေသလက္ခဏာများကတော့ တစ်စင်းလုံးရဲ့အလေးချိန်က ၄၇.၅ တန် ဖြစ်ပါတယ်။ အလျားက ၉.၆၃ မီတာ၊ အနံက ၃.၇၈ မီတာနဲ့ အမြင့်က ၂.၂၂ မီတာဖြစ်ပါတယ်။ စီးနင်းလိုက်ပါနိုင်တာက တပ်ဖွဲ့ဝင် ၂ ဦး ဖြစ်ပါတယ်။

အကူပစ်အနေနဲ့ ၁၂၇ မီလီမီတာ စက်သေနတ်ကို ယမ်းအား ၇.၆၂ ကျည်နဲ့အသုံးပြုထားပါတယ်။

အင်ဂျင်ကိုတော့ Model 84 V-84 12-cyl. diesel
V-92 12-cyl. diesel
V-96 12-cyl. diesel
840 hp (618 kW) for V-84 12-cyl. diesel engine
950 hp (736 kW) for V-92 12-cyl. diesel engine

1,250 hp (930 kW) for V-96 12-cyl. diesel engine ဆိုပြီး ခွဲခြား ထုတ်လုပ်ထားပါတယ်။

အင်ဂျင်အမျိုးအစားပေါ်မူတည်ပြီး တနာရီကို ၃၇မိုင်မှ မိုင် ၄၀ အမြန်နှုန်းနဲ့ တိုက်ပွဲ ဝင်နိုင်ပါတယ်။

T 90 ပင်မတိုက်ပွဲဝင် တင့်ကားမျိုးကွဲ များစွာရှိသည့်အနက်မှ T 90SM ပင်မ တိုက်ပွဲဝင် တင့်ကားရဲ့ စွမ်းရည်ကို အောက်ပါလင့်မှာ သွားရောက် ကြည့်ရှု နိုင်ပါတယ်။

Wednesday, September 10, 2014

သရဲအကြောင်းရေးသော ကျွန်တော် သရဲခြောက်ခံရ


Sept 11, 2014
ရွှေမန်းတင်မောင်သား

ကျွန်တော်နေတဲ့ မြို့ကလေးက မော်လမြိုင် သံဖြူဇရပ်ကားလမ်းပေါ်မှာ ရှိတဲ့ မုဒုံမြို့။ မော်လမြိုင်နဲ့ဆိုရင် (၁၈)မိုင်ဝေးပါတယ်။ အိမ်ကနေ အလုပ်ကို ဆိုင်ကယ်နဲ့သွားရတာ ကျွန်တော့်ရဲ့ နိစ္စဓူဝ ဆောင်ရွက်နေကျ အလုပ်တစ်ခုဖြစ်ပါတယ်။

ဩဂုတ်လ(၁၀)ရက် အလုပ်ကနေအပြန် အချိန်အားဖြင့် ည ၉ နာရီရှိပါပြီ။ ဆိုင်ကယ်ကို ဖြေးဖြေးမှန်မှန်စီးရင် ပြန်လာခဲ့တယ်။ ရာသီဥတုကလည်း သာသာယာယာ ရှိနေပါ တယ်။ မိုးနှောင်းကိုရောက်လာပြီး မကြာမီ ဆောင်းဝင်မှာမို့ ဆိုင်ကယ်လေတိုးသံနဲ့ အတူ တစ်ကိုယ်လုံး အေးစိမ့်လို့နေတယ်။

လေကလေးကလည်း တဖြူးဖြူး၊ ကောင်းကင်မှာ မိုးရိပ် မိုးသားအနည်းငယ်ဘဲ ရှိတာ ကြောင့် လရောင်လေးက မှုန်ပြပြ ကားလမ်းပေါ်ကို ထိုးကျနေတယ်။ ပဇင်းရင်ကွဲတွေ အော်မြည်သံက တဂျီဂျီနဲ့ ဆူညံနေတယ်။

ဆိုင်ကယ်ရှေ့မီးရောင်ကြောင့် လမ်းကိုသဲကွဲစွာ မြင်ရသော်လည်း ညအချိန်မမြင်နိုင်တဲ့ အန္တရာယ် ကျရောက်လာနိုင်တာကြောင့် ဆိုင်ကယ်ကို သတိထားကြီးစွာ မောင်းနှင်နေ ရတယ်။ ညအချိန် ဆိုင်ကယ်ရိုက်လုတဲ့ ဖြစ်စဉ်များလည်း မကြာခဏဆိုသလို ဟိုနား၊ ဒီနား ကြားနေရတယ်။

အလုပ်ကနေအိမ်ကို ကျွန်တော်ဖြတ်သွားမဲ့ ကျေးရွာတွေကတော့ သာယာကုန်း၊ တာပသွန်၊ ကော့ခိုက်၊ ကွေ့ဝမ်း၊ မြိုင်ကုန်း(ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူဘုရားရှိရာ)၊ မှိန်ကနိမ်း၊ ကော့ခပုံ၊ ကွမ်တာ၊ ဘဲ့ရမ်းစတဲ့ မွန်တိုင်းရင်းသားများ နေထိုင်ရာ ကျေးရွာ(၉)ရွာကို ဖြတ်သွားရပါတယ်။ နယ်မြို့ငယ်လေးဆိုတော့ ည(၈)နာရီ (၉)နာရီ ဆိုလျင် ကားအသွားအလာက အတော်လေးကို ကျဲသွားပါတယ်။

အဲဒီရွာ(၉)ရွာအနက်က အန္တရာယ်ရှိတဲ့ ရွာ(၂)ရွာကတော့ တာပသွန်ကျေးရွာနဲ့ ကော့ခပုံကျေးရွာဘဲ ဖြစ်ပါတယ်။ အဆိုပါရွာနှစ်ရွာက တောအုပ်တွေနဲ့ ရာဘာခြံ အရိပ်အမှောင်ကျပြီး လူနေအိမ်ခြေလည်း အတော်လေးကျဲပါတယ်။

ကျွန်တော် ရောက်တတ်ရာရာတွေးပြီး မောင်းလာနေတုန်း ဖြုန်းကနဲဆို ဆိုင်ကယ် ဆိုင်ကယ်ရှေ့မီးရောင်အောက်မှာ အဖြူရောင်သဏ္ဍာန် အရိပ်လိုမျိုး အမျိုးသားတစ်ဦး လမ်းတစ်ဖက်ကို ဖြတ်ကူးသွားတာကို မြင်လိုက်ရတာမို့ လန့်ဖြတ်ပြီး ဆိုင်ကယ်ကို တံတားတစ်ခုကိုကျော်အပြီး လမ်းဘေးကို ဆွဲချလိုက်တယ်။ နောက်ဘီးက "ဖုန်း" ဆိုပြီး ထပေါက်တော့တယ်။

ဆိုင်ကယ်ဘီးပေါက်သံ ကြားရတော့မှ ကျွန်တော်သွားသတိရတယ်။ ဆိုင်ကယ်ဘီးက တာယာကုန်နေပြီ။ ဆိုင်ကယ် နောက်မြီးရမ်းသွားတာမို့ မမှောက်အောင်ထိန်းရင်း ထိုးရပ်သွားပါတယ်။ အမှောင်ထဲမှာ စမ်းတဝါးဝါးနဲ့ နောက်ဘီးကို လက်နဲ့စမ်းကြည့် လိုက်တော့ "ဟိုက်သွားပြီလို့" ကျွန်တော် အမေဋိတ်သံ ရေရွတ်မိတော့တယ်။ နောက်ဘီးက လုံးဝ ကွဲထွက်သွားတယ်။

စိုးရိမ်စိတ်နဲ့ အကူအညီရလိုရငြား ဘယ်ရွာရောက်နေလဲလို့ ကြည့်လိုက်တော့မှ ကျွန်တော့်စိုးရိမ်စိတ်ဟာ ငယ်ထိပ်ထိ တက်ဆောင့်တော့တယ်။ ရင်တွေလည်း တဒိန်းဒိန်းနဲ့ ခုန်လာတယ်။ စောစောက တံတားတစ်ခုကို ကျော်လိုက်တာကို သတိရပြီး စဉ်းစားလိုက်တော့ ကျွန်တော်ရောက်နေတဲ့ရွာသည် အန္တရာယ်ရှိတဲ့ရွာ တာပသွန် ဆိုတဲ့ရွာဖြစ်ကြောင်းကို သိရှိလိုက်ပါတယ်။

လွန်ခဲ့တဲ့နှစ်က ကျွန်တော့်ဆရာသမားတစ်ဦး အဆိုပါရွာရှေ့တွင် ဆိုင်ကယ်မောင်းလာ ခိုက် နွားကြီးတစ်ကောင်ဖြတ်ပြေးသွားတာကို ရုတ်တရက် ဘရိတ်အုပ်လိုက်ရင်း အက်စီဒင့်ဖြစ်ကာ ဆိုင်ကယ်တိမ်းမှောက်ဘူးကြောင်းကို ကျွန်တော်သွားသတိရလိုက် တယ်။

ကျွန်တော်ကျော်လိုက်တဲ့ တံတားသည် မနှစ်လောက်က ရဲတစ်ဦး အသတ်ခံရပြီး တံတားအောက်မှာ အလောင်းဖျောက်ထားတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့ဘူးတယ်။

ဖြစ်ပုံကဒီလိုဗျ...

တာပသွန်ရွာရဲ့တစ်ဖက်မှာ စစ်တပ်က အင်ဂျင်နီယာတပ်တစ်ခုရှိတယ်။ အဲဒီတပ်မှာ နယ်တပ်တွေက လက်ဝှေ့  လာလေ့ကျင်တဲ့ သင်တန်းတစ်ခုရှိတယ်။ မတစ်ထောင်သား တွေဆိုတော့ လူကလည်းစုံ၊ စရိုက်ကလည်းကြမ်းကြတယ်။ မကောင်းတဲ့အမျိုးသမီး တစ်ဦးကိုခေါ်ပြီး ကာမပျော်မြူးကြတာပေါ့။ အမျိုးသမီးကတစ်ဦးထဲ စစ်သားတွေက အများကြီးဆိုတော့ အမျိုးသမီးလည်း ကြာတော့ မတတ်နိုင်ဘူးနဲ့တူပါတယ်။ ထွက်ပြေး တာကို နောက်ကစစ်သားသုံး လေးယောက်လောက်က လိုက်ဖမ်းကြတယ်။ ဒါနဲ့ လမ်းဘေးမှာ ရုန်းရင်းဆန်ခတ်ဖြစ်နေတုန်း ရဲတစ်ဦးက ဆိုင်ကယ်နဲု့ဖြတ်အသွား တွေ့တဲ့အခါ "မင်းတို့ကွာ..မိန်းကလေးတစ်ဦးကို..ဒီလိုဆွဲလား ရမ်းလားလုပ်တာတော့ မကောင်းပါဘူးလို့" ဝင်ပြောရာက စကားများကြရင်း နောက်ကကောင်က တုတ်နဲ့ ရိုက်လိုက်တာ ရဲ ပွဲချင်းပြီးသေသွားတယ်။

သေသွားတဲ့ ရဲအလောင်းကို ဆွဲပြီး တံတားအောက်မှာ ထိုးထည့်ထားတယ်။ နယ်ထိန်း ရဲဆိုတော့ သက်ဆိုင်ရာရဲစခန်းကလည်း သတိမထားမိဘူး။ ရဲကိုရိုက်လိုက်တဲ့ စစ်သား တွေကတော့ ဆိုင်ကယ်ကိုယူပြီး လစ်တာ၊ ကံမကောင်းစွာနဲ့ဘဲ သံလွင်တံတားမှာ ဆိုင်ကယ်အကြောင်း ခိုင်လုံစွာ သက်သေမပြနိုင်လို့ အဖမ်းခံရတယ်။ စစ်ဆေးလိုက် တော့ ရဲကိုသတ်တာပေါ်ပြီ။ အလောင်းကို သွားရှာတော့ (၃)ရက် (၄)ရက်လောက်ရှိပြီ ဆိုတော့ ပုပ်နေပြီပေါ့။

အခု ကျွန်တော် ဆိုင်ကယ်ပျက်တဲ့နေရာ သည် ထိုရဲအသတ်ခံရပြီး အလောင်းဖွက်ထား သည့် နေရာပင်တည်း။ စဉ်းစားရင်း ကျွန်တော် ကြက်သီးတွေ တဖျန်းဖျန်းထလာတယ်။ ဇောချွေးတွေလည်း ပြန်လာတယ်။ အာခေါင်တွေလည်း ခြောက်လာတယ်။ ရင်တွေလည်း ရထားစက်ခေါင်း ခုတ်မောင်းသလို တဂျုန်းဂျုန်းနဲ့ ကျယ်လောင်စွာ ထွက်ပေါ်လာတယ်။

ညကလည်း တစ်ဖြည်းဖြည်းနက်လာတယ်။ ဒီအတိုင်းဆိုလျင် ပြဿနာ တက်တော့ မယ်ဆိုတာ ကျွန်တော်စိတ်က အလိုလိုနေရင်း သိနေတယ်။ ဆိုင်ကယ်ဘီး ဂွေ လိမ်ချင်လည်း လိမ်ပါစေတော့။ စက်ကို အတင်းနိုးရာ အရေးထဲ စက်ကလည်းမနိုး။ နိုးလည်းနိုးရော ဆိုင်ကယ်ဖင် တရမ်းရမ်းဖြင့် ဖြည်းဖြည်းချင်း မောင်းထွက်လာတော့ တယ်။ မီးအလင်းရောင်ရှိတဲ့ ကွေ့ဝမ်းရွာနားရောက်တော့ လမ်းဘေးမှာ ဆိုင်ကယ် ထိုးရပ်ပြီး ကျွန်တော့်ရဲ့ သက်တော်စောင့်၊ သွားလေရာရာ ယူသွားတတ်သည့် ဖုန်းဖြင့် အိမ်က ချစ်ဇနီးကို ကားတစ်စီးအမြန်လွှတ်ပေးဖို့ အကြောင်းကြားရပါတော့တယ်။

ဆက်သွယ်နိုင်တဲ့ ဖုန်းသာမရှိခဲ့လျင် ကျွန်တော့်အဖို့ ထိုနေ့ညက အဖြစ်အပျက်ကို မည်သို့ ဖြတ်ကျော်ရမည်ကို စဉ်းစားနိုင်ခြင်းမရှိတော့ပေ။ ကျွန်တော့်ညီအစ်ကို မောင်နှမများအနေဖြင့် ဘယ်သွားသွား၊ ဘာလုပ်လုပ် အဆက်အသွယ်မပြတ်စေရန် ဖုန်းလေးတော့ ဆောင်သွားပါလို့။ ကျေးဇူးဘဲ MPT ရယ်လို့ ပြောရမလို့တောင် ဖြစ်နေပါပြီခင်ဗျာ။

Saturday, September 6, 2014

US Military Power 2014



ကျွန်တော့်ဆီကနေ တိုက်ရိုက်တင်မရလို့ blog ကနေ တင်ပေးလိုက်ပါတယ်။

Friday, September 5, 2014

ဂျွန်လွင်ပြောသည့် စားခွက်လုသည့်ပြဿနာ

Sept 6, 2014
ရွှေမန်းတင်မောင်သား

လှနုထွန်းသည် ကိုယ့်ကိုယ်ကို ယုံကြည်မှုလွန်ကဲခြင်း၊ မေမြတ်နိုး၏ မိခင်သည် မသိ နားမလည်သော ကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်းကြောင့် ပြဿနာဖြစ်ခြင်းကို အစပျိုးခဲ့ခြင်းလို့ ဆိုနိုင်တယ်။

မေမြတ်နိုး ကိုးရီးယားမသွားခင် လှနုထွန်းက ဂျွန်လွင်ဆီကို ခေါ်သွားပြီး မိတ်ဆက်ပေး ခဲ့ဘူးပါတယ်။ ဒီလိုဇာတ်လမ်းတွေဖြစ်လာမှာကိုသိလို့ ဂျွန်လွင်က လှနုထွန်းကို နှစ်ကိုယ်ကြား အသိပေးခဲ့တာကို လှနုထွန်းက နားမထောင်ဘဲ ကိုယ်လုပ်ချင်တာကို လုပ်ခဲ့တာပါ။ ကိုးရီးယားက ပြန်လာပြီးတော့လည်း ဂျွန်လွင် ထပ်သတိပေးထားကို နားမထောင်ခဲ့ပါဘူး။

မေမြတ်နိုးအနေနဲ့ မအောင်မြင်ခင်တုန်းကတော့ လှနုထွန်း စေလိုရာစေပုံစံမျိုးကို လက်ခံခဲ့တာပါ။ အောင်မြင်မှုပုံစံရလာတော့ ဂျွန်လွင်ပြောသလို "နင်္ဂါးအမောက်ထောင် တာမဟုတ်၊ အတက်တွေပါထွက်လာတာ" ဆရာကိုအာခံတော့ အာခေါင် လှံစူးတယ်လို့ ဘဲဆိုရမလား။ ရေရှည်ကိုမကြည့် ရေတိုကိုကြည့်တော့ ကြားထဲက မြန်မာ နိုင်ငံသားတွေ မျက်နှာပျက်ရပြီပေါ့။ အနုပညာလောကသည် တစ်ဦးတစ်ယောက်တည်း ရပ်တည်လို့ရသော နေရာမဟုတ်။ သူ့နေရာနဲ့သူ ကိုယ်တာဝန်နဲ့ကိုယ် ထမ်းဆောင်ပါမှ ရေရှည်တည်တံ့နိုင်တဲ့ အရာမျိုးပါ။

ဗွီဒီယိုဖိုင်တွေမှာ သရဖူပြန်ပေးဖို့ လှနုထွန်း ငိုယိုပြီး တောင်းပန်နေတာကို တွေ့ကြမှာပါ။ ဒီလိုတောင်းပန်နေခြင်းဟာ သူမှားလို့မဟုတ်၊ တရှက်ကနေ နှစ်ရှက်မဖြစ်ရအောင် ပြောနေခြင်းဖြစ်ပါတယ်။ ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံဂုဏ်သိက္ခာအတွက် ပြောနေခြင်း ဖြစ်နိုင်ပါတယ်။ အစကတည်းက ဆရာ၊ တပည့်နှစ်ဦးနှစ်ဖက် တိုင်တိုင်ပင်ပင် ညှိညှိ နှိုင်းနှိုင်းလုပ်ခဲ့လျင် ယခုကဲ့သို့ အကြောင်းဖြစ်လာစရာမရှိပေ။

ဒီလိုအဖြစ်အပျက်လေးကိုကြည့်ပြီး နောင်လာမယ့် အနုပညာရှင်များအနေဖြင့် ပထမ ဦးဆုံးလုပ်တာသည် ကိုယ့်ဝမ်းရေးဖြေရှင်းဖို့အတွက် ဖြစ်ပါတယ်။ အောင်မြင်လာတော့ ဝမ်းရေးတွင်မကတော့ပါဘူး။ နိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ပါ ဆိုင်လာပြီဆိုတာကို သဘော ပေါက်ကြပါစေလို့ ဆုတောင်းရင်း သင်ခန်းစာယူကြပါစို့။

လေလိုင်းကြားက မေမြတ်နိုးနဲ့ လှနုထွန်းတို့ရဲ့ ကြက်ဖခွပ်သံ

Sept 5, 2014
ရွှေမန်းတင်မောင်သား

နိုင်ငံနဲ့ လူမျိုး၊ ဂုဏ်သိက္ခာတွေကိုမထောက် လုပ်ရက်လိုက်လေခြင်း။

၂၀၀၇ခုနှစ်က တိမ်မြှပ်ပျောက်ကွယ်သွားတဲ့ အဖွဲ့ပါ။ ဒါကို ၂၀၁၁ခုနှစ်မှာ Miss Asia Pacific World အနေနဲ့ ပြန်လည်အသက်သွင်းခဲ့တာဖြစ်ပါတယ်။ ပြန်လည်အသက် သွင်းတဲ့နှစ်မှာဘဲ ပြသနာတွေရှိခဲ့တယ်။ လှနုထွန်းလည်း မေမြတ်နိုး သရဖူရပြီးတဲ့ နောက်ပိုင်းကျမှ သိခဲ့ပုံရပါတယ်။

Miss Asia Pacific World Organization သည် မည်သည့်အဖွဲ့မျိုးလည်း၊ တရားဝင် ရုံးခန်းမရှိ၊ လိပ်စာမရှိဘဲနဲ့ ဒီလိုအဖွဲ့မျိုးကို တည်ထောင်ထားတာ ဘာသဘောပါလဲ။ သရဖူပေးတာ သူတို့နဲ့ အလုပ်လုပ်စေချင်လို့ ပေးတာမျိုးဆိုတာကတော့ သဘာဝ မကျပါဘူး။ အလုပ်ခိုင်းမဲ့လူကို ဒီလိုနည်းနဲ့ လူစုတာလား။ ဒါဆိုရင် အနှောင်အဖွဲ့နဲ့ ပေးတဲ့ သရဖူမျိုးကိုယူဖို့ ဘာကြောင့် လှနုထွန်းတို့က ဆုံးဖြတ်ခဲ့ကြတာလည်း။

အဓိက အမှားများသည်...
၁။ လျှောက်လွှာပုံစံဖြည့်ရာတွင် ကိုးရီးယားအဖွဲ့မှ သူတို့အဖွဲ့အစည်းတွင် အသက် (၁၈)နှစ် ကန့်သတ်ထားတာကို လှနုထွန်းတို့မှ အသက်အမှန်(၁၆)နှစ် (အစား) (၁၈)နှစ် ဟု ပြင်ဆင်ဖြည့်သွင်းခဲ့ခြင်း။

၂။ သရဖူရယူခြင်းသည် သူတို့နှင့်အလုပ်လုပ်ခြင်းဟု သတ်မှတ်ပြီးဖြစ်ကာ (၃)နှစ် စာချုပ်ချုပ်ဆိုခြင်း၊ (၆)လသင်တန်းပေးခြင်းအတွက် လိုအပ်သည့် ရုပ်ပိုင်းဆိုင်ရာ Plastic Surgery ခွဲစိတ်ကုသမှုကို မေမြတ်နိုး ခံယူခဲ့ခြင်း။

၃။ ခွဲစိတ်ကုသမှု ခံယူပြီးသော်လည်း မေမြတ်နိုးသည် အကြောင်းပြချက်များဖြင့် ဆက်လက်မလုပ်ကိုင်ရန် ဆုံးဖြတ်ခဲ့ခြင်း။

၎။ ပြန်လည်သိမ်းယူသည့်အကြောင်းကို လေယာဉ်ပေါ်ရောက်မှ သိရှိကြောင်း အကြောင်းပြကာ သရဖူကို မြန်မာနိုင်ငံသို့ ယူဆောင်လာခြင်း။

၅။ ဆရာ၊ တပည့်အကြား ဆက်ဆံရေး ပြေလည်မှုမရှိခြင်း။

ပွင့်လင်းမြင်သာမှုရှိလာတဲ့ မြန်မာနိုင်ငံအပေါ် ကမ္ဘာက စိတ်ဝင်စားလာနဲ့အမျှ မြန်မာ နိုင်ငံရဲ့ပုံရိပ်ဟာ နိုင်ငံတကာမှာ ထင်ဟပ်လာပါတယ်။ မိမိတို့ တစ်ဦး တစ်ယောက်ရဲ့ လုပ်ဆောင်ချက်သည် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးရဲ့ ဂုဏ်သိက္ခာ ညှိုးနွမ်းသိက္ခာ ကျစရာဖြစ်အောင် လုပ်ဆောင်တာကတော့ အလွန်ပင် ရှက်ဖွယ်ကောင်းပါတယ်။

နိုင်ငံတကာကို ဝင်ရောက်ထိုးဖောက်နေသူများအဖို့ အသေးအဖွဲ့ကအစ အစစအရာရာ သတိထားဆင်ခြင်ပြီး နိုင်ငံအကျိုးဆောင်နိုင်အောင် လုပ်ဆောင်နိုင်ပါမှ တော်ကာ ကျပါမယ်။

သို့မဟုတ် ငယ်ငယ်တုန်းက မိန်းကလေးတွေ ကြက်ဖခွပ်တမ်းကစားသလို သူနိုင်၊ ငါနိုင်ခွပ်ရင်း ခွပ်ရင်းက ထမီလန်ကာ လဲကျတဲ့အဖြစ်မျိုးကတော့ ကိုယ့်သိက္ခာ ကိုချတာနဲ့ အတူတူဖြစ်ပါကြောင်းလို့ ပြောပါစေတော့ဗျာ။

Wednesday, September 3, 2014

အမျိုးကောင်းသမီးတွေကို လိုက်လံဖျက်ဆီးနေသော Miss Asia Pacific World Organization 2014, South Korea

Sept 3, 2014
ရွှေမန်းတင်မောင်သား

သတင်းတွေမှာကတော့ အကြိတ်အနယ်ပါဘဲ။ အာလုံးကို ခြုံငုံသုံးသပ်ကြည့်သော အဲဒီအဖွဲ့ကြီးရဲ့ မူလစတင် လျှောက်လွှာခေါ်ယူစဉ်က ကောက်ရပါလိမ့်မယ်။ လျှောက်လွှာ ခေါ်ယူစဉ်က စည်းကမ်းသတ်မှတ်ချက်တွေဆိုတာ ရှိရစမြဲပါ။ ဒါကို ဝင်ရောက်ယှဉ်ပြိုင်တဲ့ မေမြတ်နိုးနဲ့ National Director တို့ကလည်း မသိမဟုတ် သိပါလိမ့်မယ်။

သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ ညီလို့ ဝင်ပြိုင်ခွင့်ရတာပါ။ သရဖူပေးအပ်ပြီး နောက်ပိုင်းအဖွဲ့နဲ့ ထပ်ချုပ်ဆိုတဲ့ စာချုပ်တွေကတော့ ကာယကံရှင်ရဲ့ သဘောတူညီချက် မပါဘဲ လုပ်လို့မရပါဘူး။ ဒီသရဖူပေးလို့ ရင်သားခွဲစိတ်ပြုပြင်ရမယ်။ မျက်နှာခွဲစိတ်ပြုပြင်ရမယ်လို့မပါပါဘူး။

လိင်ပိုင်းဆိုင်ရာ စော်ကားမှုတစ်ခုအနေနဲ့ စပွန်ဆာနဲ့ အဖော်ပြုပေးရမယ်ဆိုတာကတော့ မြန်မာအလှမယ်တစ်ဦးရဲ့ ဂုဏ်သိက္ခာကို ရိုက်ချိုးလိုက်တာပါ။ ယခင်ကတည်းအမည်ဆိုး ထွက်နေသော အဲဒီအဖွဲ့ကြီးရဲ့ သတင်းကိုသိဖို့ကတော့ National Director မှာ လုံးဝတာဝန်ရှိပါတယ်။

မြန်မာစကားပုံထဲကလို မကောင်း ကျောင်းပို့ဆိုသလို လိင်ပိုင်းဆိုင်ရာ ညှိနှိုင်းမှု မပြေလည်မှသာ မြန်မာအလှမယ်သည် ဒေါ်လာ(၁)သိန်း တန်သရဖူကို ခိုးယူထွက်ပြေးပြီး ဒေါ်လာ (၁)သောင်းတန် ရင်သားခွဲစိတ်မှုကိုလည်း ခံယူခဲ့ကြောင်း မီဒီယာများမှာ ဆက်တိုက်တင်လာတာကို တွေ့ရပါတယ်။

အဲဒီမှာ ဒွိဟဖြစ်နေတဲ့ အချက်တစ်ချက် ရှိပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ မေမြတ်နိုးအနေဖြင့် မြန်မာအမျိုးသမီး တစ်ဦးကို လိင်ပိုင်းဆိုင်ရာနဲ့ သိက္ခာပိုင်း ဆိုင်ရာ စော်ကားမှုအတွက် မြန်မာပြည်နဲ့ သူမကို ပြန်လည်တောင်းပန်မှသာ သရဖူကို ပြန်လည်ပေးအပ်မယ်လို့ ပြောခဲ့ပါတယ်။ အချို့မီဒီယာတွေက ရင်သားခွဲစိတ်ခဲ့တယ်။ အချို့က မခွဲစိတ်ခဲ့ဘူးဆိုပြီး နှစ်မျိုးထွက်နေပါတယ်။

ဒါကို ကာယကံရှင် မေမြတ်နိုးအနေနဲ့ ပြည်သူတွေကို ရှင်းရှင်းလင်းလင်း တိကျစွာ ဖြေကြားထားဖို့လိုပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သတင်းစာရှင်းလင်းပွဲဆိုတာက အဖြေတစ်မျိုးဘဲ ထွက်သင့်ပါတယ်။ အဓိပ္ပါယ်နှစ်ခွထွက်တော့ ပြည်သူကြားမှာ သို့လော၊ သို့လော ဖြစ်စေပါတယ်။ မြန်မာရဲ့ သိက္ခာကို မည်သည့်နိုင်ငံကမျှ အစော်ကား မခံနိုင်ပါ။ ပြည်သူအားလုံးကလည်း လက်မခံနိုင်ပါ။

မေမြတ်နိုး ပြောကြားချက်အရ သရဖူရပြီးနောက်ပိုင်း ကိစ္စအဝဝကို အဖွဲ့မှနာဝန်ယူမည်ဟုဆိုလျင် မေမြတ်နိုးမှာ အပြစ်မရှိပါ။ ရှေ့နေတစ်ဦးရဲ့ ပြောကြားချက်အရ အရေးယူဖော်ထုတ်ဖို့ဆိုတာ အကန့်အသတ်ရှိတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ တာဝန်ရှိသူတွေ အနေနဲ့ ဖြစ်ရိုးဖြစ်စဉ်သာမန်မျှသာ သဘောမထားဘဲ ပူးပေါင်းပြီး မြန်မာ့ဂုဏ်သိက္ခာအတွက် တတ်နိုင်တဲ့ နည်းလမ်းမှန်သမျှ မေမြတ်နိုးဖက်က ကူညီပေးပါလို့ မေတ္တာရပ်ခံပါရစေ။

နန်းကျသော်လည်း ပြည်သူတွေ အတွက် အခန်းကဏ္ဍ မသနရအောင် မေမြတ်နိုး ရေ မြန်မာဆိုတဲ့ မာန်ကိုလင်း။