Wednesday, September 24, 2014

ဘင်္ဂလားဒေ့ရှ် ကြည်းတပ်အကြောင်း အစေ့တစောင်း


Sept 24, 2014
ရွှေမန်းတင်မောင်သား

တည်ထောင်သည့်ခုနှစ်၊ ၁၉၇၁ခုနှစ်၊ မတ်လ ၂၆ ရက်
ဘင်္ဂလားဒေ့ရှ် တပ်မတော်ရဲ့ အဓိကကျတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး စစ်သည်တော် ၁၅၇၀၀၀ ကျော်ဖြင့် ဖွဲ့စည်းထားပါတယ်။ စစ်ရုံးချုပ်ကိုတော့ ဒါကာမှာ ဖွင့်လှစ် ထားရှိပါတယ်။ အမည်ပြောင်ကတော့ BA/BD Army ဖြစ်ပါတယ်။ သူတို့ရဲ့ ဆောင်ပုဒ်က "စစ်ပွဲအတွင်း ငြိမ်းချမ်းရေးနယ်ပယ်အတွင်း မည်သည့်နေရာဒေသတွင် မဆို လုပ်ဆောင်တာဟာ ငါတို့ တိုင်းပြည်အတွက် ဖြစ်ပါတယ်"။ နှစ်ပတ်လည်နေ့ အခမ်းအနားကိုတော့ မတ်လ (၂၆)ရက်၊ အေပြီလ (၁၀)ရက်၊ နိုဝင်ဘာလ (၂၁)ရက်နဲ့ ဒီဇင်ဘာလ (၁၆)ရက်တို့မှာ ကျင်းပပါတယ်။

ပါဝင်ခဲ့တဲ့ စစ်ဆင်ရေးတွေအနေနဲ့ကတော့ စစ်တကောင်း ပဋိပက္ခ၊ ပင်လယ်ကွေ့ စစ်ပွဲတို့ဘဲဖြစ်ပါတယ်။ ကာကွယ်ရေးဝန်ကြီးကတော့ ဝန်ကြီးချုပ် Sheikh Hasina ဖြစ်ပါတယ်။ ကြည်းတပ်ဦးစီးချုပ်ကတော့ ဗိုလ်ချုပ်ကြီး Iqbal Karim Bhuiyan ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် ကြည်းတပ်ဟာ ဘင်္ဂလားဒေ့ရှ်တပ်မတော် ကြည်း၊ ရေ၊ လေ(၃)ခုရှိတဲ့ အနက် အကြီးမားဆုံးနဲ့ စွမ်းရည်အရှိဆုံး အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်တပ်မတော်ရဲ့ အခြေခံစစ်ဆင်ရေးကတော့ ဘင်္ဂလားပြည်သူတွေရဲ လုံခြုံ ရေးနဲ့ ရေပြင်ပိုင်နက်ကို ကာကွယ်ရေးအတွက် လိုအပ်တဲ့ ထောက်ပံ့မှုပေးရန်ဖြစ်ပြီး ပြည်ပကျူးကျော်မှုကို ဆန့်ကျင်ကာကွယ်သွားရန်ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဟာ ပြည်သူတွေရဲ့ ခေါင်းဆောင်ဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာနကိုလည်း ဥပဒေဖြင့် ချုပ်ကိုင်ထားပါတယ်။ သဘောကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ စစ်တပ်ကို နိုင်ငံရဲ့ အဆင့်အမြင့်ဆုံးပုဂ္ဂိုလ်ကို အခွင့်အဏာ အထူးပေးထားတဲ့ သဘောပါဘဲ။

ထပ်လောင်းပြီးတော့ အရပ်ဘက်အစိုးအရအဖွဲ့ကို နိုင်ငံရဲ့ အရေးပေါ်အခြေအနေတွေ မှာ မူတည်ပြီး အခွင့်အာဏာပေးရမယ်လို့ ဘင်္ဂလားဒေ့စစ်တပ်ရဲ့ အခြေခံ စစ်ရေးမူဝါဒ မှာ ချမှတ်ထားလို့ဖြစ်ပါတယ်။ ဒီအခန်းကဏ္ဍဟာဆိုရင် ယေဘူယျအားဖြင့် အရပ်ဖက် အုပ်ချုပ်ရေးအဖြစ် ယူဆလို့ရပါ တယ်။

၁၉၈၀ ကျော်နှစ်များအတွင်းက စစ်တကောင်းဒေသမှာ အစိုးရဟာ ဘင်္ဂါလီလူမျိုးတွေ ကို နေရာချထားခဲ့ပါတယ်။ ၁၉၇၄ခုနှစ်မှာ စစ်တကောင်းဒေသရဲ့ ဘင်္ဂါလီလူဦးရေဟာ အဲဒီဒေသမှာရှိတဲ့ လူဦးရေရဲ့ ၁၁.၆ % ဖြစ်လာပါတယ်။ ၁၉၉၁ခုနှစ်အရောက်မှာတော့ ၄၈.၅ % ထိ တိုးတက်များပြားလာခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်ကြည်းတပ်ဟာ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့မှာ ထောက်ပံ့မှု စစ်ဆင်ရေးတွေမှာ ပါဝင်လာခဲ့တာဟာ နိုင်ငံစတင်တည်ထောင်တဲ့ ၁၉၇၀ ပြည့်နှစ်လွန်ကာလများကတည်းက ဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ အီရတ်မှာ UNIIMOG လို့ခေါ်တဲ့ စစ်ဆင်ရေးနဲ့ နမီးဘီးယားမှာရှိတဲ့ UNTAG စစ်ဆင်ရေးတွေမှာ ပါဝင်ခဲ့ဘူးပါတယ်။

ဘင်္ဂလားဒေ့ရှ် ကြည်းတပ်အနေနဲ့ နောက်ဆုံးပါဝင်ခဲ့တဲ့ စစ်ဆင်ရေးကတော့ ပင်လယ် ကွေ့စစ်ပွဲအတွင်းက ကူဝိတ်နဲ့ဆော်ဒီအာရေးဗီးယားကို စက်မှုပိုင်းဆိုင်ရာ တပ်ဖွဲ့ဝင် ဦးရေ(၂၁၉၃)ဦးပါဝင်တဲ့ တပ်ဖွဲ့(၁)ဖွဲ့ကို စေလွှတ်ခဲ့ခြင်းဘဲ ဖြစ်ပါတယ်။

၂၀၀၉ခုနှစ်၊ အဲဒီလို ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့တွေမှာ ပါဝင်တဲ့ အကျိုးဆက် ရလာဒ်အနေနဲ့ကတော့ ဘင်္ဂလားဒေ့ရှ်တပ်ဖွဲ့ဝင် ၈၈ ဦး အသက် ဆုံးရှုံး ခဲ့ရပြီးဖြစ်ပါတယ်။

ဒီအပြင် ဘင်္ဂလားဒေ့ရှ် အထူးတပ်ဖွဲ့က စီနီယာအရာရှိတွေဟာ ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်ဖွဲ့တွေမှာ စစ်ဘက်ဆက်ဆံရေးအရာရှိတွေအဖြစ် အမြင့်ဆုံး ဂုဏ်ပြု ခြင်းကို ခံခဲ့ရတယ်။

၂၀၀၄ခုနှစ် ဇန်နဝါရီလအတွင်းက ဘီဘီစီသတင်းဌာနက ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့တွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဘင်္ဂလားဒေ့ရှ်တပ်ဖွဲ့ဝင်တွေကို "ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ့ရဲ့ အထူးအရေးပါအရာရောက်သူများ" အဖြစ် တင်စားခေါ်ဝေါ်ခြင်း ခံခဲ့ရပါတယ်။

၁၉၉၁ခုနှစ်၊ ပင်လယ်ကွေ့စစ်ပွဲအတွင်းက နိုင်ငံပေါင်းစုံတပ်ဖွဲ့များ ကွပ်ကဲရေးဌာနချုပ်က ဘင်္ဂလားဒေ့ရှ်တပ်မတော်ကို အခြားတပ်ဖွဲ့များနည်းတူ သဲကန္တာရအတွင်း စစ်ဆင်ရေး မှာ ပူးပေါင်းပါဝင်ဘို့ ဖိတ်ခေါ်ခြင်းခံခဲ့ရပါတယ်။

ကူဝိတ်မှာရှိတဲ့ မြေမြုပ်မိုင်းနဲ့ ဗုံးတွေကိုရှင်းလင်းဖို့အတွက် အင်ဂျင်နီယာတပ်ဖွဲ့ကို စေလွှတ်ခဲ့ပါတယ်။ အဲဒီစစ်ဆင်ရေးရဲ့ အမည်ဝှက်ကတော့ ဘင်္ဂလားလို "ပန်နာဂါသန် ကူဝိတ်စစ်ဆင်ရေး" အတိုကောက်အနေနဲ့က "အိုကေပီ"ဖြစ်ပါတယ်။ အင်္ဂလိပ်အခေါ် "ကူဝိတ်ပြန်လည်တည်ထောင်မှု စစ်ဆင်ရေး" အတိုကောက်အနေနဲ့ "အိုအာရ်ကေ"လို့ ခေါ်ဆိုပါကြောင်း။

ဒါကတော့ ဘင်္ဂလားဒေ့ရှ် တပ်မတော်ရဲ့ သမိုင်းနောက်ခံအကျဉ်းဘဲ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ တပ်မတော်သမိုင်းကြောင်းနဲ့ ယှဉ်ရင် အများကြီးနုနယ်တယ်လို့ ဆိုလို့ရနိုင်ပေမဲ့ သူတို့မှာ နိုင်ငံခြားနဲ့ဆက်ဆံတဲ့ အတွေ့အကြုံကောင်းတွေ အများကြီး ရှိထားတယ်ဆိုတာပါဘဲ။


မြန်မာ ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်အငြင်းပွားမှုကို မှတ်မိကြမှာပါ။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နဲ့ ကျွန်တော်တို့နိုင်ငံ Cyber War ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ကျွန်တော်တို့နိုင်ငံကို အနောက်အုပ်စု နိုင်ငံအတော်များများက ပိတ်ဆို့ထားတဲ့ အချိန် ဖြစ်ပါတယ်။ စစ်ဘက်ဆက်ဆံရေးမှာ အဲဒီအချိန်တုန်းက ကျွန်တော်တို့နိုင်ငံနဲ့ အဆင်ပြေတာဆိုလို့ မြောက်ကိုးရီးယား၊ ရုရှား ဒီလောက်ဘဲရှိတာပါ။

ရုရှားကို ကျွန်တော်တို့နိုင်ငံက စစ်ဘက်ပညာတော်သင်တွေ စေလွှတ်ထားတဲ့ အချိန်မှာပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ Website အတော်များများကို ရုရှားပညာတော်သင် တွေရဲ့ အကူအညီနဲ့ hack နိုင်ခဲ့ပါတယ်။ အခုဒီလင့်မှာ သွားကြည့်နိုင်ပါတယ်။ http://mmhackforums.noonhost.com/operation-bangledesh-vf40.html

အခု တကျော့ပြန် Cyber War က ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လည်အသက်သွင်းလာဖို့ ရှိနေပါတယ်။ အယ်ခိုင်းဒါးကလည်း မြန်မာနိုင်ငံကို ဂျီဟတ်လုပ်ဖို့ စစ်ကြေညာထားလေ တော့ အယ်ခိုင်းဒါးနဲ့ အမျိုးတော်စပ်သူ ဘင်္ဂလားသည် ကျွန်တော်တို့ရဲ့ ပစ်မှတ်ဖြစ်လာ နေပြီဆိုတာကို သတိထားကြဖို့ တင်ပြပါစေ။


No comments:

Post a Comment