Monday, October 6, 2014

MPT ဆင်းကတ် ဝယ်ယူရတဲ့အခြေအနေ

Oct 6, 2014
ရွှေမန်းတင်မောင်သား

နိုင်ငံတော်က လူနေမှုအဆင့်အတန်း မြင့်မားစေရေးနဲ့ ပြည်သူတွေရဲ့ ဆက်သွယ်ရေးကဏ္ဍ တိုးတက်စေရေး လူတိုင်း မိုဘိုင်းဖုန်းသုံးစွဲနိုင်ရေးကို ရည်ရွယ်ချက်ထား ဆောင်ရွက်လျက် ရှိပါတယ်။

MPT ဆင်းကတ်တွေကို ယခင်က ပြည်နယ်၊ တိုင်းဒေသကြီးအလိုက် အချိုးကျ ခွဲဝေ ဖြန့်ဖြူးပေးနေသော်လည်း နောက်ပိုင်း အကန့်အသတ်မရှိ လိုသလောက် ရောင်းချပေးခဲ့ပါတယ်။

ရောင်းချရာတွင်လည်း မူလသတ်မှတ်ထားတဲ့ ၁၅၀၀ ထက်မပိုစေဘဲ ရောင်းချရန် သက်ဆိုင်ရာက ညွှန်ကြားထားရှိပြီး ဖြစ်ပါတယ်။

အောက်တိုဘာလ ၄ ရက်နေ့တွင် မော်လမြိုင်မြို့ အောက်လမ်းမကြီးရှိ မိုဘိုင်းပစ္စည်းအရောင်းဆိုင် Kyaw mobile တွင် MPT ဆင်းကတ်တစ်ခုကို ဟန်းဆက်န်ဲတွဲဝယ်လျင် ၁ သောင်းခွဲ၊ ဟန်းဆက်မပါလျင် ဈေးတစ်မျိုးဖြစ်နေကြောင်း သိရှိရပါတယ်။

ဆင်းကတ်ဝယ်ယူရာတွင် အထောက်အထားအဖြစ် မှတ်ပုံတင်မိတ္တူလိုအပ်သော်လည်း မှတ်ပုံတင်မပါသော်လည်း ဘေးကမိတ္တူ ဆိုင်တွင် ဝယ်ယူရှိနေကြောင်း သိရပါတယ်။

ပြင်ပ ပုဂ္ဂလိကဆိုင်တွင် ၁ သောင်းခွဲပေး ပြီးဝယ်ယူနေရခြင်းက သဘောရိုးမဟုတ်နိုင်ဘဲ၊ MPT နှင့် ပြင်ပ ပုဂ္ဂလိကဆိုင်များ ပေါင်းပြီး လုပ်စားနေသလားဟုတောင် တွေးတော နေရပါတယ်။

No comments:

Post a Comment