Friday, October 10, 2014

အဖြစ်နိုင်ဆုံးတရားခံ နန်းဆွတ်

Oct 11, 2014
ရွှေမန်းတင်မောင်သား

ထိုင်းနိုင်ငံ၊ လိပ်ကျွန်းလူသတ်မှုက ကမ္ဘာ့ က စိတ်အဝင်စားဆုံး သတင်းဖြစ်တာနဲ့ အညီ ကမ္ဘာ့အသိုင်းအဝန်းကလည်း အမှုမှန်ပေါ်ပေါက်ရေး၊ တရားခံအစစ် ကိုသာ တရားဥပဒေဖြင့် အပြစ်ပေးစီရင်နိုင်ရေး လိုလားလျက် ရှိကြပါတယ်။

ပြစ်မှုဖြစ်ပေါ်ရာ ထိုင်းနိုင်ငံတွင်လည်း အဆိုပါ မှုခင်းနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်များနဲ့ အမှန်တရားကို လိုလားသူ ထိုင်းပြည်သူများကြား သဘောထား ကွဲလွဲလျက် ရှိကြပါတယ်။

တရားခံနှစ်ယောက်ဖြစ်တဲ့ မြန်မာနိုင်ငံသားနှစ်ဦးသာ အမှန်တကယ် သတ်ခဲ့ပါက ထိုက်သင့်တဲ့ပြစ်ဒဏ်ကို ခံယူဘို့အတွက် လက်ခဲ့ပေမဲ့ မာဖီးယားဂိုဏ်းရဲ့ ရန်ကို ကြောက်ပြီး ထိုင်း ကော့တောင်ကျွန်းသူကြီးသား နန်းဆွတ်ကို ထိုင်းရဲတွေ အမှုကနေလွတ်အောင် အကွက်ဆင်ပေးခဲ့မယ်ဆိုရင်တော့ ကမ္ဘာ့အလယ်မှာ ထိုင်းဂုဏ်သိက္ခာအတွက် မကောင်းနိုင်ပါဘူး။

မှုခင်းဖြစ်တဲ့အချိန်က မနက် ၂ နာရီ၊ ကမ်းခြေမှာ ဂီတာတီးနေတဲ့ လူငယ် ၂ ဦးက ဘာရန်ငြိုးရန်စမှမရှိတဲ့ ကမ္ဘာလှည့် ခရီးသွားစုံတွဲကို သတ်စရာ အကြောင်းမရှိပါဘူး။

ထိုင်းမှာ ရွှေ့ပြောင်းအလုပ်သမားအဖြစ် သွားရောက်အလုပ်လုပ်နေတဲ့ မြန်မာလူငယ် ၂ ဦးက ခရီးသွားဧည့်သည် ၂ ဦးကို သတ်ဖြတ်ဖို့ ဆိုတာ ကာမစိတ်ဆန္ဒကြောင့်လား၊ ပစ္စည်းလိုချင်လို့လား၊ အရက်မူးနေတာ ကြောင့် မသိစိတ်ကနှိုးဆော်လို့ သတ်မိတာလား၊ ယာဘဆေးသုံးထားလို့ ဆေးကြောင် ကြောင်ပြီးသတ်တာလားဆိုတာ မေးခွန်း ပေါင်းများစွာ ပေါ်ထွက်လာပါတယ်။

ဖြစ်မှုဖြစ်ပေါ်ပြီး ပေါ်ထွက်လာတဲ့ မှတ်တမ်းများအရ အခင်းဖြစ်ပွားချိန် မနက် ၂ နာရီမှာ ဘားဆိုင်မှာ ဗြိတ်သျှစုံတွဲ စကားများရန်ဖြစ်ခဲ့တာ ကော့တောင်ကျွန်းသူကြီးသား နန်းဆွတ် နဲ့ဖြစ်ပါတယ်။ ဗြိတိသျှစုံတွဲနဲ့ Sean က မကျေနပ်၊ မပြေလည်ခဲ့တဲ့ ကိစ္စလေးတွေ ရှိပါလိမ့်မယ်။ ဘားမှာ ပြဿနာဖြစ်ပြီး ဗြိတိသျှစုံတွဲထွက်အလာ သူကြီးသား နန်းဆွတ်က အသွားတို လက်နက်နဲ့ထိုး ပါတယ်။ ဗြိတိသျှစုံတွဲနဲ့ ပြဿနာဖြစ်ထားတဲ့ Sean က ဗြိတိသျှကောင်လေးကို နောက်ကနေ သိုင်းချုပ်ထားပါတယ်။ သူကြီးသားက လက်နက်နဲ့ထိုးတယ်။ ပြီးတော့ ဗြိတိသျှသူကို မုဒိန်းကျင့်ပြီး သတ်ပစ်လိုက်တယ်။

သူကြီးသားက သတ်တဲ့ဖြစ်စဉ်မှာ သက်သေ Sean ပါနေတဲ့အတွက် Sean ကို ဖျောက်ဖျက်ဘို့ ကြိုးစားတယ်။ Sean ထွက်ပြေးရင်း နောက်ကလိုက်လာတဲ့သူတွေကို ဓာတ်ပုံရိုက်ပြီး facebook ပေါ်တင်တယ်။

တရားခံဖော်ဘို့အတွက် နန်းဆွတ်က သောင်ပြင်က မူးပြီးဂီတာတီးနေတဲ့ ကောင်လေး ၂ ယောက်ကိုဆွဲထည့် လိုတယ်။

ဗြိတိသျှစုံတွဲကို ဓားဖြင့်ထိုးတဲ့အချိန် နောက်ကနေ ဖမ်းချုပ်ထားတုန်း ဓားက ချော်ပြီး ဒဏ်ရာရသွားတဲ့ Sean။ ပြစ်မှု ဖြစ်ပွားချိန် လက်နက်အဖြစ် အသုံးပြုတဲ့ ပေါက်တူး။ မုဒိန်းကျင့်ချိန် အသုံးပြုခဲ့တဲ့ ကွန်ဒုံး ဒါတွေက မြန်မာလူငယ် ၂ ဦး မသတ်ဘူးဆိုတာ ပိုပြီး ခိုင်မာလာစေပါတယ်။

ဒါပေမဲ့ ရွှေ့ပြောင်းလုပ်သား တစ်ယောက် အနေနဲ့ ထိုင်းတွေရဲ့ ညစ်ပတ်မှု၊ ထိုးကျွေးမှုတွေကို လက်ခံ၊ ဝန်ခံခဲ့ရတာကိုတော့ ရင်နာလို့ မဆုံးပါဘူး။

ထိုင်းဝန်ကြီးချုပ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်မှာ မြန်မာသမ္မတကလည်း အဆိုပါကိစ္စကို တရားမျှတစွာ ဆောင်ရွက်ပေးဘို့ တောင်းဆိုခဲ့သလို ကမ္ဘာ့နိုင်ငံအများအပြားကလည်း ဖြစ်ရပ်မှန် ပေါ်ပေါက်ရေး တောင်းဆိုမှုတွေကြောင့် မြန်မာနိုင်ငံသား ၂ ဦးရဲ့ ကြကံမ္မာဟာ အဆိုးဘက်တော့ ဦးတည်မသွားနိုင်ဘူး လို့ ဆုတောင်းရင်း။

No comments:

Post a Comment