Saturday, October 11, 2014
ထိုင်းနိုင်ငံ ကော့တောင်ကျွန်း လူသတ်မှု နှင့်ပတ်သက်ပြီး ဗြိတိသျှက ခရီးသွား သတိပေးချက်ထုတ်ပြန်
Oct 12, 2014
ရွှေမန်းတင်မောင်သား
ဗြိတိန်နိုင်ငံသား ဟန်နာနဲ့ ဒေးဗစ်မေလာတို့ အသတ်ခံရမှုကြောင့် ထိုင်းနိုင်ငံနှင့် စူမတ်ဒတြာကျွန်းစုတွေကို ခရီးသွားလာချက်ကို ဗြိတိသျှ နိုင်ငံခြားရေးဌာနက သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။
တဦးချင်း ဒါမှမဟုတ် မာဖီးယားဂိုဏ်းတွေရဲ့ အုပ်စုဖွဲ့ တိုက်ခိုက်မှုဖြစ်ပွားနေတဲ့ ကော့တောင် ကျွန်းဖြစ်ရပ်တွေကြောင့် ခရီးသွားခြင်းကို သတိထားကြဖို့နဲ့ တိုက်ခိုက်ခံရင် သက်ဆိုင်ရာရဲနဲ့ ဗြိတိသျှ သံရုံးတို့ကို သတင်းပို့ကြဖို့ နှိုးဆော်ထားပါတယ်။
လွန်ခဲ့တဲ့ရက်သတ္တပတ်က စကော့တလန် အမျိုးသမီးတဦးက အဲဒီဒေသမှာ တိုက်ခိုက်မှုတွေ မြင့်တက် နေတယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာကိုတော့ ရှင်းပြခြင်းမရှိခဲ့ပါဘူး။
ကော့တောင်ကျွန်းနဲ့ စူမဒတြာကျွန်းစုတွေကို အနောက်နိုင်ငံသားနဲ့ ဗြိတိန်နိုင်ငံသား တွေ ခရီးသွားမယ်ဆိုရင် သတိထားဖို့ အောက်ပါဖြစ်ရပ်တွေကို ထုတ်ပြန်ခဲ့ပါတယ်။
၂၀၁၃ခုနှစ်၊ ဇန်နဝါရီလမှာ ကမ်းခြေပါတီပွဲတစ်ခုမှာုဗြိတိသျှနိုင်ငံသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရမှု၊ ၂၀၁၄ခုနှစ် စက်တင်ဘာလ ယခုဖြစ်ရပ် ဗြိတိသျှ နိုင်ငံသားနှစ်ဦး အသတ်ခံရမှုတို့ဖြစ်ပါတယ်။
ကော့တောင်ကျွန်းက အရက်ဘားတစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ လပြည့်ညပါတီပွဲမှာ ကာမအကြမ်းဖက်မှု မှာ သားကောင်ဖြစ်ခဲ့ရတဲ့ ဗြိတိသျှနိုင်ငံသားတွေဟာ ခုခံဖို့ ကြိုးစားခဲ့ကြပါတယ်။
အရက်ကြောင့် သင်နှင့်သင့်ပတ်ဝန်းကျင်ကို မေ့လျော့ စေနိုင်တာ ကော့တောင်ကျွန်းဖြစ်ရပ်က သက်သေပါ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment