Tuesday, December 2, 2014
ထိုင်းရဲများ၏ မသမာမှုများ အပိုင်း(၃)
ဘီလူးကျွန်းသား
2014 Dec, 3
ကျွန်တော်ငယ်ငယ်က ကြားဖူးနားဝစကားလုံးအချို့ ရှိခဲ့ပါသည်။ "ဥပဒေအထက်တွင် မည်သူတစ်ဦးတစ်ယောက်မျှမရှိ"၊ "ရွှေသမင်ဘယ်ကထွက် မင်းကြီးတာကထွက်"၊ "ဥပဒေကို လက်တစ်လုံးခြား လုပ်သူများ"၊ "မလိမ့်တစ်ပတ်" စသည့် စကားလုံးများ ဖြစ်ပြီး အဓိပါယ်ကိုမူ ယခုချိန်ထိ ဂဃနဏ နားလည်ပြီဟု မပြောရဲသေးပေ။ သို့သော် ထိုင်းရဲများကမူ ယင်းစကားလုံးမျိုးတို့အား သိရှိနားလည်သဘောပေါက်ရုံမျှမက ကောင်းစွာ အသုံးချ၍ ၎င်းတို့၏ ကိုယ်ကျိုးစီးပွားကို ဖော်ဆောင်နေကြလေပြီ။ မိမိကိုယ် ကို ခေတ်နောက်ကျနေပြီဟု ကိုယ့်ဘာသာ ယိုးစွပ်၍ အားငယ်ရမည့်သဘော ဖြစ်နေပေပြီ။ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံခဲ့ရမှုတွင်လည်း တရားခံအစစ်တို့ထံမှ မည်မျှထိ လာဘ်စားခဲ့ပြီး သက်သေအထောက်အထားတို့အား မည်မျှထိ ဖျောက်ဖျက် ပစ်ခဲ့ပြီလည်းဆိုသည်ကို မည်သူမျှ အတိအကျ သိရှိနိုင်ကြမည် မဟုတ်ပေ။
ထို့ကြောင့် ထိုင်းရဲတို့သည် အဆင့်အတန်းမရွေး လာဘ်စားကြလေသည်ဟု အဆိုတစ်ခု အား မိမိတင်ပြလိုပေသည်။ မိမိ၏အဆိုအား လက်ခံခြင်း/ လက်မခံခြင်းတို့နှင့်ပတ်သက် ၍ အငြင်းအခုံမပြုလုပ်လိုသော်လည်း အောက်ပါသတင်းလေးတစ်ပုဒ်ကိုမူ မိမိ၏အဆို အတွက် အထောက်အထးတစ်ခုအဖြစ် တင်ပြလိုက်ရပါသည်။
ထိုင်းရဲတပ်ဖွဲ့၊ ဗဟိုစုံစမ်းရေးဗျူရို(CIB)အကြီးအကဲဟောင်း ရဲဒုတိယဗိုလ်ချုပ်ကြီး ပွန်ပက်ချာယာဖန်နှင့် အဆင့်မြင့်ရဲအရာရှိကြီးများအပါအဝင် လူ(၁၁)ဦးတို့အား လောင်း ကစားဝိုင်းများ ခိုးဖွင့်မှု၊ လောင်စာဆီမှောင်ခိုဂိုဏ်းများထံမှ လာဘ်စားမှုနှင့် ထိုင်းဘုရင် အား အသရေဖျက်မှုတို့ဖြင့် ဘန်ကောက်မြို့တော်ရဲတပ်ဖွဲ့က ၂၀၁၄ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် တရားစွဲခဲ့ပြီးဖြစ်သည်။
CIB အကြီးအကဲဟောင်း ရဲဒုတိယဗိုလ်ချုပ်ကြီး ပွန်ပက်ချာယာဖန်၊ CIB ဒုတိယအကြီး အကဲဟောင်း ရဲဗိုလ်ချုပ် ကိုစစ်ဝေါင်ဂရွန်ရို တို့အပါအဝင် လူ(၉)ဦးအား ဘန်ကောက် မြို့ ရတ်ချာဒါဖီစစ်လမ်းမကြီးပေါ်ရှိ ရာဇဝတ်တရားရုံးတွင် နိုဝင်ဘာလ ၂၄ ရက် ညနေပိုင်း၌ ချုပ်နှောင်ထားခဲ့လေသည်။
CIB အကြီးအကဲဟောင်း နှစ်ဦးတို့နှင့် အပေါင်းအပါတို့သည် အဂတိလိုက်စားမှုများ၊ ဥပဒေချိုးဖောက်မှုများရှိနေသည်ဟူသော သတင်းများ တိတ်တဆိတ် ထွက်ပေါ်လျက် ရှိသဖြင့် ဘန်ကောက်မြို့တော်ရဲတပ်ဖွဲ့သည် နိုဝင်ဘာလ ၂၃ ရက်တွင် CIB အကြီးအကဲဟောင်းနှစ်ဦးတို့ ပိုင်ဆိုင်သည့် နေအိမ်(၆)လုံးကို ရုတ်တရက်စီးနင်း ဝင်ရောက်ရှာဖွေခဲ့ရာ ဘတ်ငွေ ဘီလီယံပေါင်းများစွာ ပိုင်ဆိုင်ထားကြောင်း တွေ့ရှိခဲ့ရပြီး စုံစမ်းစစ်ဆေး တွေ့ရှိချက်များအရ အထက်ပါစွဲချက်များကို တင်ခဲ့ခြင်းဖြစ်သည်။
CIBအကြီးအကဲဟောင်းနှစ်ဦးတို့နှင့်အတူ မရိန်းရဲတပ်ဖွဲ့အကြီးအကဲဟောင်း ရဲဗိုလ်ချုပ် ဘွန်ဆွတ် ဖရိုင်သူရိယန်၊ စားသုံးသူများအကာအကွယ်ပေးရေး ရဲတပ်ဖွဲ့ အမှတ်(၄) ဌာနခွဲအကြီးအကဲဟောင်း ရဲဗိုလ်မှူးကြီး ဝူသီချတ် လီယန်စုခွန်၊ ရဲဒုတိယ ဗိုလ်ချုပ်ကြီး ပွန်ပက်၏ယာဉ်မောင်း ရဲအရာခံဗိုလ် စူရာဆတ်ချန်ဂေါင်၊ ရဲဗိုလ်ချုပ် ကိုဝစ် ၏ ယာဉ်မောင်း ရဲအရာခံဗိုလ် ချတ္တရင်လောင်ထောင်န်နှင့် စမုစခွန်ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးရဲတပ်ဖွဲ့ရုံး အကြီးအကဲ ရဲဗိုလ်မှူးကြီး ကိုဝစ် မူအန်နူယယ်တို့ ပါဝင်ခဲ့ပါသည်။ ကျန်သူများမှာ အရပ်သားအရပ်သူများဖြစ်သည့်အတွက် ဆက်လက် ဖော်ပြလိုခြင်းမရှိသည်ကို ခွင့်လွတ်နားလည်ပေးစေလိုပါသည်။ ဤမျှဆိုလျှင် ထိုင်း ရဲတပ်ဖွဲ့ဝင် အဆင့်အတန်းအားလုံး လာဘ်စားရန် ဝန်မလေးကြသူများဖြစ်သည်မှာ ထင်ရှားပြီဟု ယူဆပါသည်။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment