Thursday, June 12, 2014

ကမ္ဘာ့ဖလားဖွင့်ပွဲသို့ တစေ့တစောင်း



၂၀၁၄ ကမ္ဘာ့ဖလား ဘော်လုံးပြိုင်ပွဲကြီးကတော့ ဆန္ဒပြမှုတွေရှိလင့်ကစား ဘရာဇီးနိုင်ငံ အရှေ့ဘက်ရှိ ပင်လယ်ကမ်းခြေမြို့ဖြစ်တဲ့ ဆောပိုလိုမှာ ဖွင့်ပွဲအခမ်းအနားကို ရင်သတ် ရှုမောဖွယ်ဖြစ်အောင် လုပ်ပြနိုင်ခဲ့ပါပြီ။

ကမ္ဘာ့အကြီးဆုံး သစ်တောကြီးဖြစ်တဲ့ အမေဇုန်တောတည်ရှိရာ ဘရာဇီးနိုင်ငံအဖို့တော့ ကမ္ဘာတစ်ဝှမ်းရှိ ဘော်လုံးပရိသတ်တွေကို အမေဇုန်သစ်တောရဲ့ အသွင်သဏ္ဍာန်နဲ့ ဖမ်းစားထားနိုင်ခဲ့တယ်။

ကွင်းအလယ်ဗဟိုမှာ ဘဲဥပုံ LED Screenကို အမျိုးမျိုးသောElectronic Lightingများ ကိုလူသားများနှင့်ပေါင်းစပ်က ပုံဖော်သွားခဲ့တာပါ။ ဘဲဥပုံစက်လုံးအတွင်းမှာ ကမ္ဘာကျော်အဆိုတော်(၃)ဦးရဲ့ ဖျော်ဖြေတင်ဆက်မှုကလည်း စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ ကျန်အဆိုတော် (၂)ဦးရဲ့တင်ဆက်မှုက ပြောဆိုစရာမရှိ သော်လည်း မြန်မာပရိတ်သတ် နဲ့ရင်းနှီးနေတဲ့ ဂျနီဖာလိုပက်ဇ်ရဲ့ တင်ဆက်မှုကတော့ ပြောဆိုစရာတွေဖြစ်နေပါတယ်။

တေးစီးရီးတွေမှာ ညို့ဓာတ်ကောင်းသူ ဂျနီဖာလိုပက်ဇ်ရဲ့ သီဆိုဟန်ကတော့ ပုရိဿ ယောင်္ကျားတွေကိုတော့ ဆွဲဆောင်နိုင်မှုရှိတာကတော့ အမှန်ပါဘဲ။ ရှုထောင့်အမျိုးမျိုးမှ ရုပ်သံရိုက်ချက်တွေကလည်း သရုပ်ဖော်ပုံကို ပိုမိုပီပြင်စေပါတယ်။

ကမ္ဘာ့ဖလားဖွင့်ပွဲအခမ်းအနားကို ကြည့်ပြီး တင်မောင်သားတို့ဆီက မကြာသေးမီက ကျင်းပပြီးစီးသွားတဲ့ 27th SEA Games နဲ့ နှိုင်းယှဉ်ချိန်ထိုးကြည့်မိပါတယ်။ ကမ္ဘာ့ဖလား ဖွင့်ပွဲအခမ်းအနားက မိနစ်(၃၀)မျှသာကြာသော်လည်း တင်ဆက်မှုများက စိတ်ဝင်စား စရာကောင်းလှပါတယ်။ ကမ္ဘာ့အဆင့်နဲ့ အရှေ့တောင်အာရှအဆင့်ကို မည်သို့မျှ ယှဉ်၍ မရသော်လည်း အတုယူစရာတွေအများကြီး ကျန်ခဲ့ပါတယ်။
ကျွန်တော်တို့ဆီက SEA Games မှာ တင်ဆက်မှုတွေက ခေတ်နောက်ပြန်ဆွဲနေတဲ့ပုံစံ တွေ တွေ့မြင်ရသလို၊ တင်ဆက်ချိန်ကလည်း ရှည်ကြာလှပါတယ်။ ထိထိမိမိ လိုရင်း ရောက်အောင်တင်ပြနိုင်ခြင်းမရှိပါဘူး။

ရိုက်ကူးချက်တွေကလည်း ရိုးရှင်းလှပါတယ်။ လူစုလူဝေးနဲ့ စုပေါင်းတင်ဆက်မှုတွေ သရုပ်ပေါ်ဘို့ဆိုတာက ကောင်းကင်ရိုက်ချက်တွေ များများသုံးနိုင်မှ ပိုမိုထင်ပေါ်စေမှာ ဖြစ်ပါကြောင်း။

ရွှေမန်းတင်မောင်သား

No comments:

Post a Comment