လွန်ခဲ့သည့် နှစ်ရက်က မြောက်ကိုးရီးယားနဲ့ နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသော နှစ်ဖက်တပ်များ သဘောထားတင်းမာလျက်ရှိသည့် နေရာအနီးမှ တောင်ကိုးရီးယား စစ်စခန်းတစ်ခုရှိ စစ်တန်းလျားတစ်ခုတွင် တောင်ကိုးရီးယား တပ်ကြပ်ကြီး တစ်ဦး၏ စိတ်လွတ်ကိုယ်လွတ် ပစ်ခတ် တိုက်ခိုက်ခဲ့မှုကြောင့် စစ်သည် ၅ ဦး သေဆုံးခဲ့ပြီး ၇ ဦး ဒဏ်ရာရရှိခဲ့သည်။
တပ်ကြပ်ကြီး Lim ၏ မှတ်စုတိုလေးသည် စစ်တန်းလျားများမှ အနိုင်အထက်ပြုကျင့်မှုများကို ထုတ်ဖော်ပြသရာ ရောက်သည်ဟူသော ကောလဟာလသတင်းများကြောင့် ယင်းမှတ်စုတိုအား ထုတ်ပြန်ရန်အတွက် တောင်ကိုးရီးယားစစ်ဘက်က ဇွန်လ ၂၆ ရက်နေ့တွင် ငြင်းဆိုခဲ့သည်။
အသက် ၂၂ နှစ်အရွယ်ရှိ တပ်ကြပ်ကြီး Lim အနေဖြင့် ရင်ဘတ်အား ကိုယ့်ကို ကိုယ် ပစ်ခတ်ခဲ့ပြီးနောက် ထောင်ပေါင်း များစွာသော တောင်ကိုးရီးယားတပ်ဖွဲ့ဝင် များ၏ ၂၄ နာရီ အသင့်စောင့်ဆိုင်း နေမှုများမှာလည်း ပြီးခဲ့သည့် တနင်္လာနေ့တွင် အဆုံးသတ်ခဲ့လေသည်။
တပ်ကြပ်ကြီး Lim အနေဖြင့် မိမိကိုယ် မိမိ သတ်သေခြင်းမပြုမှီ ယင်းမှတ်စုတို အား ရေးသားခဲ့ခြင်းဖြစ်ပြီး အသတ်ခံခဲ့ ရသည့်စစ်သည်များ၏ မိသားစုဝင်များမှ တောင်းဆိုခဲ့သည့်အတွက် ယင်းမှတ်စုတိုအား ထုတ်ပြန်ရန် တောင်ကိုးရီးယားစစ်ဘက်က ငြင်းဆိုခဲ့ခြင်းဖြစ်သည်။
တောင်ကိုးရီးယားစစ်ဘက်အနေဖြင့် ဆက်စပ်ပတ်သက်မှုရှိသည့် အကြောင်း အချက်များအားလုံးကို စုံစမ်းစစ်ဆေး ခွဲခြမ်းစိတ်ဖြာပြီးနောက်မှ ယင်းမှတ်စုတိုအား ထုတ်ပြန်လျင် ကောင်းလိမ့်မည်ဟု သေဆုံးခဲ့သည့် စစ်သည်များ၏ မိသားစုဝင်များက ပြောကြားခဲ့ကြသည်ဟု တောင်ကိုးရီးယား စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ Kim Min Seok က သတင်းထောက်များအား ပြောကြားခဲ့သည်။
တပ်ကြပ်ကြီး Lim အနေဖြင့် ၎င်း၏ အပြုအမူအတွက် တောင်းပန်ကြောင်း ဖော်ပြထားသည်ဟု တောင်ကိုးရီးယား စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ Kim က ညွှန်းဆိုပြောကြားခဲ့သော်လည်း သတင်း မီဒီယာများ၏ အဆိုအရ မည်သည့် အနိုင်အထက် ပြုကျင့်မှုများက တပ်ကြပ်ကြီး Lim အတွက် စိတ်လွတ်ကိုယ်လွတ် ပစ်ခတ်ခြင်းသို့ ရောက်ရှိစေခ်ဲကြောင်းကို အသေးစိတ် ဖော်ပြထားသည်ဆို၏။
တောက်ကိုးရီးယားတပ်မတော်အတွင်း အနိုင်အထက် ပြုကျင့်မှုက အထိခိုက်မခံ နိုင်သော ကိစ္စတစ်ရပ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် စစ်သည်အများစုမှာ ၂ နှစ်မဖြစ်မနေ စစ်မှုထမ်းဆောင်နေကြရသူများဖြစ် သောကြောင့်ပင်ဖြစ်၏။
ယင်းစစ်မှုမထမ်းမနေရ စစ်သည်များ၏ ထင်ရာစိုင်းမှုများ လျော့ကျရေး လုပ်ငန်းစဉ်များကို လုပ်ဆောင်ခဲ့ကြသော်လည်း အချို့ကမူ စစ်သည်တစ်ဦး၏ ဘဝကို လက်ခံရန်အတွက် ရုန်းကန်လှုပ်ရှားနေခဲ့ကြရပြီး စည်းကမ်း ချိုးဖောက်မှုများရှိခဲ့ကြောင်း ကျွမ်းကျင်သူများက ဆိုကြလေသည်။
သေဆုံးစစ်သည်များ၏ ဆိုးရွားသည့် လုပ်ရပ်များအကြောင်းကို ဖော်ထုတ်ရာ ရောက်မည်ဖြစ်သောကြောင့် တပ်ကြပ်ကြီး Lim ၏ မှတ်စုတိုလေးအား ထိန်းသိမ်းထားရန် အတွက် သတင်းမီဒီယာများက သေဆုံးစစ်သည်များ၏ မိသားစုဝင်များကို အကြံပြုထားကြောင်း သိရသည်။
ဘီလူးကျွန်းသား

No comments:
Post a Comment