Tuesday, June 3, 2014

လူ့အခွင့်အရေးအပေါ် အလေးထားရန် ထိုင်း NHRC က အာဏာသိမ်းအဖွဲ့အား တောင်းဆို

Bangkok Post, June 4, 2014
အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းများအတိုင်း လိုက်နာဆောင်ရွက်သွားရန် ထိုင်းအမျိုးသား လူ့အခွင့် အရေးကော်မရှင် (NHRC)က အာဏာသိမ်းအဖွဲ့ထံ မေတ္တာရပ်ခံတောင်းဆိုခဲ့သည်။

ထိုင်း NHRC ၏ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ ဆပ်ကော်မတီဥက္ကဌ ဒေါက်တာ နီရန်ဖီထက်ဝပ်ချရာ က ၎င်းတို့ဆပ်ကော်မတီအနေဖြင့် ပြီးခဲ့သည့် သီတင်းပတ်အတွင်းက NCPO သို့ စာတစ်စောင်ပေးပို့ခဲ့ကြောင်း၊ ယင်းစာတွင် အာဏာ သိမ်းဆန့်ကျင်ရေး လှုပ်ရှားမှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် နိုင်ငံတကာ လူ့ အခွင့်အရေး လုပ်ထုံးလုပ်နည်းများအတိုင်း လိုက်နာစောင့်ထိန်းသွားရန် NCPO အား တိုက်တွန်းထားကြောင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို မည်သို့ ရှောင်ကြဉ်သင့် ကြောင်းကိုလည်း အကြံပြုထားကြောင်း၊ NCPO ၏ ဆူပူအုံကြွမှု ထိန်းသိမ်းရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ နိုင်ငံသားများနှင့် နိုင်ငံရေးအခွင့်အရေး ချိုးဖောက်မှု ဆိုင်ရာ တိုင်ကြားစာအများအပြားကိုလည်း မိမိတို့ လက်ခံရရှိထားကြောင်း၊ လူ့အခွင့် အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ ဖြေရှင်းပေးရန် မိမိတို့ဆပ်ကော်မတီတွင် တာဝန်ရှိကြောင်းဖြင့် ဒေါက်တာ နီရန် က ပြောကြားခဲ့သည်။

ဘီဘူးကျွန်းသား

No comments:

Post a Comment