Sunday, June 1, 2014

ထိုင်းအာဏာသိမ်းအဖွဲ့၏ အမျိုးသား ပြုပြင်ပြောင်းလဲရေး တစ်နှစ်အချိန်ဇယားကို ဒီမိုကရက်ပါတီ ဒုတိယခေါင်းဆောင် မစ္စတာ နီပစ် ထောက်ခံ

Bangkok Post, May 31, 2014
အာဏာသိမ်းအဖွဲ့မှ ထုတ်ပြန်ကြေညာ ခဲ့သည့် နိုင်ငံတော်ပြုပြင်ပြောင်းလဲရေး တစ်နှစ်တာ အချိန်ဇယားမှာ အလွန်ကြာ မြင့်ခြင်းမရှိဟု ဒီမိုကရက်ပါတီ ဒုတိယ ခေါင်းဆောင် မစ္စတာ နီပစ် အင်တာရာ ဆွန်ဘတ်က ထုတ်ဖော်ပြောကြားခဲ့သည်။

ယင်းကိစ္စနှင့်စပ်လျဉ်း၍ ဒီမိုကရက်ပါတီ ဝင်များနှင့် ဆွေးနွေရခြင်းမရှိသေးကြောင်း၊ သို့သော် အာဏာသိမ်းအဖွဲ့၏ နိုင်ငံတော် ပြုပြင်ပြောင်းလဲရေးအတွက် အချိန်ဇယားနှင့် အစီအမံတို့မှာ လက်သင့်ခံနိုင်ဖွယ်ရှိကြောင်း၊ ပါတီ ပေါင်းစုံတို့အနေဖြင့် NCPO နှင့် လက်တွဲ ပူးပေါင်းဆောင်ရွက်သင့်ကြောင်း၊ သို့မှသာ နိုင်ငံတော်အနေဖြင့် ဒီမိုကရေစီစနစ်အား မကြာခင် ပြန်လည် စတင်နိုင်မှာဖြစ်ကြောင်း၊ ဆန္ဒပြမှုများအား ဆက်လက်ပြုလုပ်နေ မည်ဆိုပါက နိုင်ငံတော် ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းစဉ်များကို နှောင့်နှေးကြန့် ကြာသွားစေနိုင်ကြောင်းဖြင့် မစ္စတာ နီပစ်က ပြောကြားခဲ့ကြောင်း သိရသည်။

ဘီလူးကျွန်းသား

No comments:

Post a Comment