Saturday, June 28, 2014

ဗိုလ်ချုပ်ကြီး ပရာယုဒ် ရာထူးမှဆင်းပေးရန်နှင့် ရွေးကောက်ပွဲများ ကျင်းပပြုလုပ်ပေးရန် ဖွှေ့ထိုင်းပါတီဝင်အမတ်ဟောင်း မစ္စတာ ဆူနိုင်း တောင်းဆို


Bangkok Post, June 27, 2014
ဘီလူးကျွန်းသား

ထိုင်းနိုင်ငံတွင် ယခုသီတင်းပတ်အစောပိုင်းက ဖွှေ့ထိုင်းပါတီခေါင်းဆောင်ဟောင်း မစ္စတာ ချရူဖုန်ရူဝမ်စူဝမ် ဦးဆောင်သည့် လူအခွင့်အရေးနှင့် ဒီမိုကရေစီအတွက် လွတ်လပ်သော ထိုင်းလူမျိုးများအဖွဲ့ (Organization of Free Thais ofr Human Rights and Democracy-FT-HD)မှ အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုကို စတင် ဆောင်ရွက်ခဲ့ပါသည်။ ယင်းလှုပ်ရှားမှုအပြီးတွင် ဖွှေ့ထိုင်းပါတီဝင်အမတ်ဟောင်း မစ္စတာ ဆူနိုင်းကျူလာဖုန်စထုန် ၏ ၁၂ မိနစ်စာမျှရှိသော ဗီဒီယိုဖိုင်လေးတစ်ခု Youtube တွင် ပေါ်ထွက်လာခဲ့ပါသည်။

ယင်းဗီဒီယိုဖိုင်လေးတွင် မစ္စတာ ဆူနိုင်းက "အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာယုဒ် ရာထူးမှဆင်းပေးရန်၊ ရွေးကောက်ပွဲများကျင်းပပေးရန်၊ ဗိုလ်ချုပ်ကြီး ပရာယုဒ် မှာ လူပိုတစ်ဦးသာဖြစ်ပြီး နိုင်ငံတော်၏ စိုးရိမ်ဖွယ်ရာအခြေအနေများမှ ဘေးထွက်နေရန်၊ ဒီမိုကရေစီ စည်းမျဉ်းစည်းကမ်းမျးကို ပြန်လည်ထိန်းသိမ်းရန်၊ အကယ်၍ ဗိုလ်ချုပ်ကြီး ပရာယုဒ်သာ လက်ရှိရာထူးတွင် ဆက်လက်တည်ရှိနေမည် ဆိုပါက FT-HD အဖွဲ့၏ ရာထူးဖြုတ်ချရေးလှုပ်ရှားမှုနှင့် ရင်ဆိုင်ရနိုင်ဖွယ်ရှိကြောင်း၊ နိုင်ငံရေးပါတီပေါင်းစုံတို့မှ နိုင်ငံရေးသမားများနှင့် ပြည်သူလူထုတို့၏ အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုကြီးသည်လည်း အတူတကွ ထွက်ပေါ်လာမည်ဖြစ်ပြီး ဒီမိုကရေစီ အစိုးရအဖွဲ့အား ရွေးကောက်တင်မြှောက်လိမ့်မည်ဟု မိမိယုံကြည်ထားကြောင်းဖြင့် ပြောကြားထားကြောင်း သိရသည်။

No comments:

Post a Comment