Wednesday, June 4, 2014

အနောက်ခြံစည်းရိုးကတိုးဝင်လာသော ခွေးရူး


နယ်နိမိတ် နိုင်ငံတစ်နိုင်ငံဆိုတာ ပိုင်နက်နယ်မြေဖြစ်တဲ့ လေထု၊ ရေထု၊ မြေထုဟာ အသက်တမျှ အရေးကြီးလှပါတယ်။ မိမိပိုင်နက်နယ်မြေ ထိပါးခံ၊ ချိုးဖေါက်ခံရပြီ ဆိုင်လျင်တော့ ထိုနိုင်ငံအတွက် အချုပ်အခြာအာဏာဆိုတာ စိုးရိမ်စရာပါ။

မြန်မာနိုင်ငံနှင့် နယ်နိမိတ်ထိစပ်သော နိုင်ငံများမှာ အိန္ဒိယ၊ တရုတ်၊ လာအို၊ ထိုင်းနှင့် ဘင်္ဂလားဒေရှ့်နိုင်ငံတို့ဖြစ်ပါတယ်။ ထိုနိုင်ငံများအနက်မှ နယ်နိမိတ်တိုင်းတာမှု မပြုလုပ် နိုင်သေးသော နိုင်ငံများတွင် ထိုင်းနိုင်ငံတစ်နိုင်ငံသာလျင် ကျန်ရှိပါတယ်။ အဘယ်ကြောင့် နယ်နိမိတ်တိုင်းတာမှု မပြုလုပ်နိုင်ခြင်းမှာ ဒုတိယကမ္ဘာစစ်ကြီး ပြီးနောက် မြန်မာနိုင်ငံအပါအဝင် အနောက်အာရှနိုင်ငံများကို အင်္ဂလိပ်က သိမ်းပိုက်ပြီး ဂရိတ်ဗြိတိန်ရဲ့ နေမဝင်အင်ပါယာအဖြစ် သတ်မှတ်ပါတယ်။ ပြင်သစ်ကတော့ အရှေ့အင်ဒိုချိုင်းနားကျွန်းဆွယ်ကို သိမ်းပိုက်ပါတယ်။

အင်္ဂလိပ်နှင့်ပြင်သစ်တို့က ကြားခံနယ်မြေအဖြစ် ထိုင်းနိုင်ငံကိုထားရှိပါတယ်။ ပြင်သစ်က ၎င်းမြေပုံကိုကိုင်ပြီး နယ်နိမိတ်သတ်မှတ်ပါတယ်။ အင်္ဂလိပ်ကလည်း ထိုနည်း လည်းကောင်း သတ်မှတ်ပါတယ်။ ထို့ကြောင့် ထိုင်းနိုင်ငံနှင့် ယနေ့အချိန်ထိ နယ်နိမိတ် ပိုင်းခြားသတ်မှတ်ရေးဟာ မလုပ်ဆောင်နိုင်သေးသော ရှုပ်ထွေးနက်နဲလှသော ကိစ္စအဖြစ် ယနေ့တိုင်ကျန်ရှိနေဆဲပါ။

ဟိုတလောက အနောက်ဖက်က ဘင်္ဂလားဒေ့ရှ်နှင့် ပြသနာဖြစ်တယ်။ လူမှုရေး ကွန်ယက်များမှာ အသားပေးဖော်ပြတဲ့ ကိစ္စတစ်ခုဖြစ်ခဲ့တယ်။ အချို့တင်ပြတဲ့ အကြောင်းအရာများဟာ မှန်တာရှိသလို မဟုတ်မမှန်လုပ်ကြံ ဖန်တီးတာတွေလည်း တွေ့ရတယ်။

ဘင်္ဂလားဒေ့ရှ် မြန်မာနိုင်ငံရဲ့ စစ်ကိုင်းတိုင်းအရွယ်သာသာလောက်သာရှိသော်လည်း လူဦးရေပေါက်ဖွားမှုနှုန်းကတော့ ကြောက်ခမန်းလိလိပါဘဲ။ မြန်မာနိုင်ငံရဲ့လူဦးရေ သန်း ၆၀ ထက် နှစ်ဆပိုပါတယ်။ လူဦးရေ သန်း ၁၂၀ ရှိပြီး နိုင်ငံနဲ့လူဦးရေက မမျှတတော့ လူဦးပေါက်ကွဲထွက်ပြီး မြန်မာနိုင်ငံရဲ့ အချုပ်အခြာကိုပါ ထိပါးလာတော့တယ်။

ဘင်္ဂလားဒေ့ရှ်နှင့်မြန်မာနယ်စပ် ပေ ၃၀၀ အကျယ်အဝန်းကို ခေါက်ချိုး ချိုးလိုက်ပါ။ အလယ်က ခေါက်ရိုးမျဉ်းဟာ နယ်စပ်စည်းပါဘဲ။ ပေ ၁၅၀ ဟာ အန္တရာယ်ရှိဇုန်ပါဘဲ။ ပေ ၁၅၀ မိမိနိုင်ငံရဲ့အတွင်းဖက်မှာ မိမိစိတ်ကြိုက် ခြံစည်းရိုးခတ်နိုင်ပါတယ်။ လုံခြုံရေး အတားအဆီးချထားနိုင်ပါတယ်။ ပေ ၁၅၀ ကို ထပ်မံ ခေါက်ချိုး ချိုးပါက ၇၅ ပေဆိုတဲ့အကွာအဝေးဟာ အနီရောင်ဇုန်လို့သတ်မှတ်ပါတယ်။

ခြံစည်းရိုးခတ်ထားတဲ့ မိုင်တိုင်အမှတ်(၅၂)မှာ မြန်မာနယ်ခြားစောင့်တပ်ဖွဲ့တွေကို ခြုံခို တိုက်ခိုက်ခံရတဲ့အတွက် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင် (၄)ဦးသေပြီး၊ တစ်ဦး ဒဏ်ရာရ ပါတယ်။ တိုက်ခိုက်တဲ့အဖွဲ့ဝင်ကတော့ RSO ခေါ်တဲ့ သူပုန်တွေဖြစ်နိုင်ဖွယ်ရှိ ပါတယ်။ ဒါကို ဘင်္ဂလားဒေ့ကို အကြောင်းကြားတဲ့အခါ RSO အဖွဲ့ဟာ သူတို့ နိုင်ငံတွင်း မှာမရှိကြောင်း ပြန်ကြားပါတယ်။ နှစ်နိုင်ငံရဲ့ဆက်ဆံရေးဟာ အဖုအထစ်ကလေးတွေ ဖြစ်လာပါတယ်။

မြန်မာနယ်နိမိတ်အတွင်းကို အဝါရောင်ပြောက်ကျားဝတ်ဆင်ပြီး လက်မောင်းတံဆိပ် မတပ်ထားသူနှစ်ဦးဟာ နယ်နိမိတ်မျဉ်းရဲ့ မြန်မာနိုင်ငံဖက်ခြမ်းကို ပေ ၈၀ထိ ဝင်ရောက် လာတဲ့အတွက် ကင်းပုန်းဝပ်နေတဲ့ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်တဲ့အတွက် လက်နက်နဲ့ တစ်ဦးအသေဖမ်းဆီးရမိပါတယ်။ ကျန်တစ်ဦးကတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်ကို ထွက်ပြေးသွားပါတယ်။ ထိုအချိန်ကျမှသာ ဘင်္ဂလားဒေ့ရှ်က သေဆုံးသွား သူဟာ သူတို့နိုင်ရဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်ဖြစ်တယ်လို့ ထအော်ပါတယ်။

ရိုးသားမှုမရှိတာကတော့ သေချာပါတယ်။ ဘာကြောင့်လဲဆိုတော့ ရခိုင်ကို RSO က လိုချင်နေတာကြာပါပြီ။ RSO ကို ကျောထောက်နောက်ခံပြုထားတာ ဘယ်အဖွဲ့တွေလဲ။ ယခင် မူဂျာဟစ်တုန်းက မြန်မာနိုင်ငံက စစ်ဆင်ရေးတွေနဲ့ နှိပ်ကွပ်ထားတာမို့ အခု အသွင်တစ်မျိုးနဲ့ RSO လို့ အမည်ခံပြီး ထသောင်းကျန်း လာတာပါ။ ခိုးဝင်လာသူ တွေဟာ မြန်မာနိုင်ငံမှာ တနေ့တခြားများလာပြီး ကျောက်နီမော်ကျေးရွာမှာ မသီတာထွေးကို ဘင်္ဂါလီအုပ်စုတစ်စုက အဓမ္မမုဒိန်းကျင့် သတ်ဖြတ်ပြီးကတည်းက ပြသနာတွေရှုပ်ထွေးလာတာဟာ ယနေ့ထက်ထိပါဘဲ။

ဘင်္ဂလားဒေ့ရှ် မြန်မာနယ်ခြားပြသနာကို လူမှုရေးကွန်ယက်များဖော်ပြတာကတော့ ဓါတ်ပုံတစ်ပုံကိုပြသပြီး ဘလော့ဂ်တစ်ခုက ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ ကင်းလှည့်နေပုံလို့ဖော်ပါတယ်။ အဲဒီပုံကိုဘဲ နောက်ဘလော့ဂ်တစ်ခုက မြန်မာနယ်ခြား စောင့်တပ်ဖွဲ့ဝင်များ ကင်းလှည့်နေပုံလို့ ဖော်ပြပါတယ်။ နောက်ဖေ့ဘုတ်စ်အကောင့် တစ်ခုပေါ်မှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ တပ်အင်အားကို အသေးစိတ် တပ်စု၊ တပ်စိတ်၊ တပ်ခွဲ၊ တပ်မဟာစသည်ဖြင့် ကြည်း၊ ရေ၊ လေရဲ့ ဖွဲ့စည်းပုံ၊ ကိုင်ဆောင်တဲ့ လက်နက်၊ တပ်ဆင်ထားတဲ့လက်နက်တွေကို တင်ပြထားတာဟာ တစ်ဖက်နိုင်ငံရဲ့ စစ်အင်အားအခြေအနေကို အကဲခတ်နိုင်တာမို့ အင်မတန်ကောင်းမွန်တာ တွေ့ရပါ တယ်။ တင်ပြထားတဲ့အချက်အလက်တွေရဲ့ ဘယ်ကရတာလဲဆိုကိုလည်း ဖော်ပြထား ပါတယ်။

နောက်တစ်ဦးကတော့ သတင်းအချက်အလက်အတိအကျမရှိဘဲ တပ်မတော်ရေရဲ့ တိုက်ရေယာဉ် F23 ပုံကိုပြသထားပြီး ဘင်္ဂလားဒေ့ရှ်ရေတပ်မှ ရေငုပ်သင်္ဘောတစ်စင်း ဝင်ရောက်လာသဖြင့် တပ်မတော်ရေမှ လိုက်လံခြောက်လှန့် ပစ်ခတ်ထုတ်ရဆိုပြီး တင်ပါတယ်။ ဝင်လာတယ်ဆိုရင် မြောက်လတ္တီတွဒ် ဘယ်လောက်ဒီကရီ၊ ဘယ်လောက် မိနစ်နဲ့ အရှေ့လောင်ဂျီတွဒ် ဘယ်လောက်ဒီဂရီ၊ ဘယ်လောက် မိနစ်မှာ ဘင်္ဂလားဒေ့ရှ်ရေတပ်မှ ဘာအမျိုးအစား ရေငုပ်သင်္ဘောတစ်စင်း မြန်မာရေပြင်ပိုင်နက် ကို ကျူးကျော်ဝင်ရောက်လာသဖြင့် မြန်မာ့တပ်မတော်မှ တိုက်ရေယာဉ် ဘယ်လောက် က လိုက်လံမောင်းထုတ်ပစ်ရဆိုတာမျိုးဖြစ်ရမှာပေါ့။ အခုတော့ဒီလိုမဟုတ် တိကျမှုလဲ မရှိဘဲနဲ့တင်တော့တာဘဲ။ လူတွေထိတ်လန့်မှုမျိုးမဖြစ်စေချင်ဘူး။

နောက်ဖေ့ဘုတ်စ်က ပို့စ်တင်တာမျိုးလေးကျတော့ တပ်မတော်ကို မကောင်းမြင်တဲ့ စိတ်ရှိလို့ထင်ပါတယ်။ သူတင်ပုံလေးကို အပြစ်လို့မမြင်တော့ဘဲ ရယ်မောစရာပုံတစ်ခု လို့ဘဲသတ်မှတ်ပါတယ်။ ဘယ်လောက်ရယ်ရသလဲဆိုရင် ဘေးနားက ဗိုက်ကြီးသည် တစ်ဦးတောင် သေးတွေထွက်ကျတော့မတတ်ဖြစ်ရတယ်။ ရယ်လိုက်တာမှ ခွက်ခွက်ကို လံရော။ ပုံလေးကဒီလိုဗျ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တစ်ဦး မှောက်လျက်သေနတ်ပစ်ခတ် နေပုံလေးကိုပြပါတယ်။ အဲဒီမှာ photoshop နဲ့လုပ်ထားမှန်းသိသာတယ်ဗျ။ သေနတ် တော့ချိန်ထားတယ်ဗျ။ ဒါပေမဲ့ ယူနီဖေါင်းဘောင်းဘီဖင်ကတော့ ပေါက်နေတာပေါ့။ နောက်တစ်ပုံကျတော့ စစ်သားတွေကျောမှာပိုးထားတာက ကျောပိုးအိတ်မဟုတ်ဘဲ ခြင်းတောင်းတွေဖြစ်နေလို့ပါ။

ဘယ်လိုမျိုးတွေဘဲတင်ကြပါစေ။ နိုင်ငံနဲ့လူမျိုးအတွက်ဖြစ်လာပြီးဆိုရင်တော့ ကိုယ့်နိုင်ငံ အတွက် အကျိုးရှိစေမဲ့ အားဖြစ်စေမဲ့ အရာတွေသာဖြစ်ပါစေလို့ ဆုတောင်းပါတယ်။

ရွှေမန်းတင်မောင်သား

No comments:

Post a Comment