Bangkok Post, May 31, 2014
ဒီမိုကရေစီစနစ်သို့ လျှောက်လမ်းမည့် လမ်းပြမြေပုံတစ်ရပ်အား ထိုင်းအာဏာသိမ်းအဖွဲ့ ထုတ်ပြန်ကြေညာခဲ့သည့်ကို မိမိတို့ သိရှိ ကြောင်း၊ သို့သော် ယင်းလမ်းပြမြေပုံတွင် အသေးစိတ်အချက်အလက်များ မပါဝင် ကြောင်းဖြင့် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မစ္စ ဂျန်ဆတ်ကီ က မေလ ၃၁ ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ထို့ပြင် "ဒီမိုကရေစီစနစ်သို့ လျှောက်လှမ်းမည့် အကောင်းဆုံးနည်းလမ်းမှာ ပွင့်လင်း ထင်သာမြင်သာမှုရှိသည့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်အား လွယ်ကူချောမောစွာ ဖော်ဆောင်ပေးရေးနှင့် ရွေးကောက်ပွဲများ ဆောလျင်စွာ ကျင်းပပေးရေးတို့အတွက် အချိန်တစ်ရပ် သတ်မှတ်ရေးပင်" ဖြစ်သည်ဟု အမေရိကန်နိုင်ငံမှ ယုံကြည်ထားကြောင်းဖြင့် မစ္စ ဂျန်ဆတ်ကီ က အခိုင်အမာ ပြောကြား ခဲ့သည်။
ဘီလူးကျွန်းသား
No comments:
Post a Comment