Friday, August 22, 2014

လုပ်ချလိုက်ပြန်ပြီ


(ဟာသ)
ရွှေမန်းတင်မောင်သား

တနေ့ ကျနော်တို့ရဲ့ ဘော်ဒါကြီး ဘီလူးကျွန်းသားကို ကျွန်တော်ဘာသာပြန်ထားတဲ့ သတင်းတစ်ပုဒ်ထဲက စာပိုဒ်လေး တစ်ပုဒ်ကို ကျွန်တော်ပြပြီး တည်းဖြတ်ခိုင်းတယ်။

AH 64 အပါချီတိုက်ခိုက်ရေး ရဟတ်ယာဉ် အကြောင်းလေးပါ။

မူရင်းစာပိုဒ်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

The Boeing AH-64 Apache is a four-blade, twin-engine attack helicopter with a tailwheel-type landing gear arrangement, and a tandem cockpit for a two-man crew. It features a nose-mounted sensor suite for target acquisition and night vision systems.

ဘီလူးကျွန်းသားဆိုတာက ကျွန်တော်တို့ blog မှာက ဆရာကြီး။ သူ့ဆီက ပညာ တွေ ယူနေရတာ။ နိုင်ငံခြားပြန်ကြီးပေါ့။

သူက ကျွန်တော်ပြန်ထားတာကို ကြည့်ပြီး

ဟ..ခင်ဗျားဟာက မဟုတ်သေးပါဘူး။ အဲဒီလိုမပြန်ရဘူးဗျ။

ဩော်..ဟုတ်လားအစ်ကိုရာ။ ဘယ်လိုပြန်ရမလဲ။ လုပ်စမ်းပါအုံး အစ်ကိုရ။

ဒီလိုပြန်ရတယ်ဗျ..မသိရင်မှတ်ထား

အမွှာအင်ဂျင်တပ်ထားသော ဘရိတ်ဓား လေးချောင်းပါ နှာခေါင်းတွင် အနံ့ခံ ကိရိယာပါရှိသည့်...ဟုဆိုပြီးပြန်ချလိုက်ရာ စာပိုဒ်တောင်မဆုံးသေးဘူး ကျွန်တော်တို့ အူတက်အောင် ရယ်ရပါလေတော့တယ်...

No comments:

Post a Comment