Friday, August 8, 2014
ရှဲဒိုးလိုက်သူများ သိစေရန်အိတ်ဖွင့်ပေးစာ
August 9, 2014
ရွှေမန်းတင်မောင်သား
ကျွန်တော်တို့ လူမျိုးတွေ ဒီလို သူများမကောင်းကြောင်းတွေဘဲ လိုက်ပြီး ရှဲဒိုးလုပ်နေသမျှကတော့ နိုင်ငံ သားတွေ မျက်စေ့ပိတ်၊ နားပိတ်ဖြစ်ပြီး ဘယ်တော့မှ တိုးတက်မှာ မဟုတ်ဘူး။
ကျွန်တော်သည် ယူနတီဂျာနယ် သတင်း ထောက်လို ကိုယ့်နိုင်ငံအပေါ် ဘယ်တော့မှ သစ္စာဖောက်မှာမဟုတ်။ သမိုင်းဘာသာရပ်ဖြင့် ဘွဲ့ရထားပြီး ကမ္ဘာ့နိုင်ငံများရဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ စစ်ရေးအခြေအနေတွေကို ကိုယ့်လူမျိုး တွေ သိထားစေလိုတဲ့ ရည်ရွယ်ချက်ဖြင့် ကမ္ဘာ့စစ်အင်အားကြီးနိုင်ငံ တွေဖြစ်တဲ့ အမေရိကန်၊ ရုရှား၊ တရုတ်၊ နေတိုးစစ်အုပ်စုနဲ့ အိမ်နီးချင်းနိုင်ငံတွေ စစ်ရေးလှုပ်ရှားမှု အခြေအနေတွေရဲ့ Videos ဖိုင်တွေကို post လုပ်ခဲ့ပါတယ်။
Menber များအနေဖြင့် ကျွန်တော့်ကို လူတတ်ကြီးတစ်ယောက်လို့ မထင်မှတ် စေလိုပါ။ ဒီကောင် သိလှချည်လား၊ တတ်လှချည်လားလို့ ထင်ရင်မှားပါလိမ့် မယ်။ လွတ်လပ်ရေးရပြီးကတည်းက ဆူပူသောင်းမှုဖြင့် စတင်ခဲ့သော ကျွန်တော်တို့နိုင်ငံသည် ကမ္ဘာ့ဖွံ့ဖြိုးမှု အနိမ့်ကျဆုံးနိုင်ငံအဖြစ်မှ ရုန်းထွက်နိုင်ဖို့ ကျွန်တော်တို့နိုင်ငံသားတွေ နုံအနေ၍ မဖြစ်ပါ။ သူများကိုမှီအောင် အမြန်ပြေးမှ ရပါမယ်။
သူများကိုမှီအောင် ပြေးလိုက်နေသော အချိန်မှာ ခြေထိုးမခံရအောင် ထိုးမဲ့ခြေ ကို ဝါးရင်းတုတ်နဲ့ဖြတ်ရိုက်နိုင်အောင် ခုန်ကျော်နည်း၊ ရှောင်နည်းတွေကို သင်ယူထားရပါမယ်။ ခေတ်သစ် ကိုလိုနီ နယ်ချဲ့တွေနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ စော်ကားမှုမခံရအောင် ကိုယ့်နိုင်ငံဟာ စစ်ရေးအင်အား တောင့်တင်းမှသာ ဖြစ်ပါမယ်။
ယခုလက်ရှိအချိန်မှာဖြစ်နေတဲ့ အစ္စရေး နဲ့ ပါလက်စတိုင်းကိစ္စမှာ အစ္စရေးကို နမူနာယူသင့်တယ်။ နိုင်ငံသေးငယ်ပေမဲ့ စစ်ရေးအင်အားသာလွန်ကောင်းမွန်ကာ နိုင်ငံသားအချင်းချင်းလည်း စည်းလုံးညီညွတ်သည့်အတွက် ရန်သူတွေ ပတ်လည်ဝိုင်းနေသော်လည်း ယနေ့အချိန်ထိ လက်မထောင်၊ ခေါင်းမော့နေနိုင်တဲ့ နိုင်ငံဖြစ်ပါတယ်။
ကျွန်တော်ပြောချင်တာက တင်ခဲ့တဲ့ post တွေသည် youtube မှာ အချိန်မရွေး download လုပ်လို့ရ ပါတယ်။ တင်တဲ့ post အကြောင်းအရာတွေသည်လည်း file name မှာရေးထားတာ တွေ့ရပါလိမ့်မယ်။ နိုင်ငံသားတွေရဲ့ စိတ်က နူးညံ့တဲ့အတွက် သူတစ်ပါး ပြောတာဆိုတာကို ယုံလွယ်တတ်ကြပါတယ်။ သာဓကအားဖြင့် ရှစ်လေးလုံး အရေးအခင်းကာလ၊ ရခိုင်ဒေသဖြစ်စဉ် နဲ့ မန္တလေးဖြစ်စဉ်တို့မှာ တွေ့ရမှာပါ။
အခုအွန်လိုင်းပေါ်မှာလည်း မဖြစ်နိုင်တာတွေကို ယုံနေတဲ့သူတွေကိုလည်း တွေ့နေရပါတယ်။ ဥပမာ ရေသူမတွေ့တာမျိုး၊ ရဟန္တာဈာန်နဲ့ကြွ တာမျိုးနဲ့ နဂါးပျံနေတာမျိုးတွေပါ။
အချို့လူတွေကျတော့ အွန်လိုင်းကို အဖျက်အမှောင့်အတွက် အသုံးချကြ သလို၊ မမှန်သတင်းကို ပုံကြီးချဲ့ တင်ပြကြတယ်။ အချို့သတင်းတွေဆို လျင် ကိုယ့်နိုင်ငံသားတွေအတွက် အလွန်အန္တာရယ်ကြီးတဲ့ သတင်းတွေ ဖြစ်တယ်။ ဥပမာ ယူနတီဂျာနယ် သတင်းထောက်လို ကိုယ့်နိုင်ငံရဲ့ လက်နက်စက်ရုံကို ခိုးကြောင် ခိုးဝှက် ဓာတ်ပုံရိုက်ပြီး ဓာတုစက်ရုံလို့ ပြောဆိုရေးသားတာမျိုး၊ ရခိုင်က ကလေးငယ် အီဘိုလာရောဂါ ကူးစက်နေပြီဆိုတဲ့ သတင်းတွေပါ။
အထက်ပါဆိုခဲ့တဲ့အတိုင်း youtube မှာ အလွယ်တကူဒေါင်းလို့ ကြည့်လို့ ရနေသော ကမ္ဘာ့နိုင်ငံများရဲ့ စစ်ရေးအခြေအနေကို ချပြခြင်းသာ ဖြစ်ပါတယ်။ ကျွန်တော့်ကို ရှဲဒိုးလိုက်သောသူများ သိစေရန်မှာ ကျွန်တော်သည် ယူနတီဂျာနယ် သတင်း ထောက်လိုမျိုး ကိုယ့်နိုင်ငံကို ဘယ်တော့ မှ သစ္စာမဖောက်ဘူးဆိုတာရယ်၊ တိုင်းရင်းသားတွေနဲ့ စစ်တပ်အကြား အထင်အမြင်လွဲမှားစေမဲ့ ကိုယ့်နိုင်ငံရဲ့ စစ်အင်အားကို မည်သည့်အခါမှ တင်ပြ မှာမဟုတ်။ ရှဲဒိုးလိုက်သူသည် ကျွန်တော့်ပုံ၊ ကျွန်တော့်တို့ဇနီးမောင်နှံဓာတ်ပုံနဲ့ ကျွန်တော့်သမီးလေးဓာတ်ပုံတို့ကို ယူဆောင်ထား တာတွေ့ရတယ်။
ကိုယ့်ပိုင်ဘလော့မှာလည်း အစွမ်းထက် စစ်လက်နက်တွေအကြောင်း တင်ထားပါတယ်။ ကူးချထားတာမဟုတ် သူငယ်ချင်းတွေ စုပေါင်းရေးသားထားသော ကိုယ့်ပိုင် post များသာဖြစ်ပါတယ်။ ဘလော့လိပ်စာကတော့ shwemantinmgson.blogspot.com ဖြစ်ပါတယ်။ ကိုယ့်နိုင်ငံ သားတွေ တိုးတက်နေသော နိုင်ငံများကို နမူနာယူကာ မိမိနိုင်ငံကို ချစ်မြတ်နိုးတတ်အောင်၊ ကာကွယ်တတ်အောင် ရည်ရွယ် တင်ပြခြင်းသာဖြစ်ပါကြောင်း။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment