Monday, August 25, 2014

အစ္စရေးကာကွယ်ရေးတပ်မတော်၏ အမျိုးသမီးစစ်မှုထမ်းအခန်းကဏ္ဍ

အစ္စရေးကာကွယ်ရေးတပ်မတော်ရဲ့ ပထမဆုံးသော အမျိုးသမီးအရာရှိကတော့ အီသီယိုးပီးယား-ဂျူးနွယ်ဖွား တစ်ဦးဖြစ်ပါတယ်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ထဲမှာရှိတဲ့ အမျိုးသမီးတွေဟာ အမျိုးသမီးစစ်မှုထမ်းအဖြစ် မဖြစ်မနေ တာဝန်ထမ်းဆောင်ကြရသူများ ဖြစ်ပါတယ်။

အစ္စရေးနိုင်ငံဟာ (နော်ဝေး၊ အီရစ်ထရီးယားနိုင်ငံများနည်းတူ) ကမ္ဘာမှာရှိတဲ့ အမျိုးသမီး တွေ မဖြစ်မနေစစ်မှုထမ်းရတဲ့ နိုင်ငံအနည်းငယ်ထဲက နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။

နိုင်ငံမတည်ထောင်မီနဲ့ ၁၉၄၈ခုနှစ် နိုင်ငံတည်ထောင်ပြီးနောက်ပိုင်း အမျိုးသမီးတွေဟာ အစ္စရေးတပ်မတော်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့ပါတယ်။ ၂၀၁၁ခုနှစ် စစ်တမ်းအရ အစ္စရေးကာကွယ်ရေးအင်အားရဲ့ ၃၃ % ဟာ အမျိုးသမီးစစ်မှုထမ်းတွေဖြစ်ပြီး အရာရှိ အားလုံးရဲ့ ၅၁ % ဟာ အမျိုးသမီးတွေဖြစ်ကြပါတယ်။ အမျိုးသမီးတွေဟာ အစ္စရေး စစ်တပ်ရဲ့ (ကြည်း၊ ရေ၊ လေ)တပ်ဖွဲ့တွေထဲက မိမိနှစ်သက်ရာ မည်သည့်တပ်ဖွဲ့တွင်မဆို တာဝန်ထမ်းဆောင်နိုင်ပါတယ်။ ယောင်္ကျားများနှင့်ရင်ဘောင်တန်းကာ ကျရာအခန်း ကဏ္ဍမှာ တာဝန်ထမ်းဆောင်ခြင်းဟာ အမျိုးသမီးများရဲ့ အခွင့်အရေးအဖြစ် ၂၀၀၀ ပြည့်နှစ်မှာ နိုင်ငံတော်ရဲ့ စစ်မှုထမ်းဥပဒေမှာ ပြင်ဆင်ပေးရတဲ့အထိ ဖြစ်ခဲ့ဘူးပါတယ်။

အခုချိန်မှာဆိုရင် အစ္စရေးကာကွယ်ရေးတပ်မတော်ရဲ့ နယ်ပယ်အသီးသီးမှာ ၈၈ % ကနေ ၉၂ % အထိ အရွေးချယ်ခံပြီး တာဝန်ထမ်းဆောင်နိုင်ဖို့အတွက် လမ်းဖွင့်ပေးထားတာကို တွေ့ကြရမှာဖြစ်ပါတယ်။ တစ်နိုင်ငံလုံးရဲ့ နယ်ပယ်ကဏ္ဍစုံ အသီးသီးမှာ ၆၉ % အထိ အမျိုးသမီးများဟာ တာဝန်ထမ်းဆောင်နေကြတာကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။

ယခင်က အမျိုးသမီးတပ်ဖွဲ့အတွင်းရှိ အမျိုးသမီးတွေဟာ စစ်မှုမထမ်းမနေရ ဥပဒေအရ တာဝန်ထမ်းဆောင်ခဲ့ကြရသူများဖြစ်ပါတယ်။

(၅)ပတ်ကြာ အခြေခံစစ်သင်တန်းပြီးဆုံးပြီးတဲ့နောက်မှာတော့ တပ်မတော်တွင်းက ရုံးစာရေး၊ ထောက်ပံ့နှင့်ပို့ဆောင်ရေး၊ ရေဒီယိုအော်ပရေတာ၊ လေယာဉ်ပျံသန်းမှု ထိန်းချုပ်ရေး၊ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးနဲ့ သင်တန်းနည်းပြ စတဲ့နေရာတွေမှာ တာဝန်ထမ်းဆောင်ခဲ့ကြရပါတယ်။





No comments:

Post a Comment