Wednesday, August 27, 2014
သင်တန်းသူ မိန်းကလေးငယ်ရဲ့ အစ္စရေးလုပ် အူဇီစက်သေနတ်အစွမ်းကြောင့် ဆရာဖြစ်သူသေဆုံး
August 27, 2014
ရွှေမန်းတင်မောင်သား
အမေရိကန်မှာ (၉)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးဟာ စွမ်းအားမြင့် အူဇီစက် သေနတ် ပစ်ခတ်မှုလေ့ကျင့်နေစဉ်အတွင်း သင်ကြားပြပေးသည့်ဆရာအား မတော် တဆ ပစ်သတ်မိခဲ့ပါတယ်။
ဆရာက ပစ်ခတ်မှုသင်ခန်းစာအမျိုးမျိုးကို သင်ကြားပြသပေးနေစဉ် မိန်းကလေးငယ် ဟာ ပထမဦးဆုံး (၁)ချက်ပစ်ခတ်မှုအပြီး သေနတ်မှဖြစ်ပေါ်လာသည့် နောက်ကန်အား ကြောင့် အူဇီသေနတ်အား ထိန်းချုပ်နိုင်ခြင်းမရှိဘဲ ဆရာအား ပစ်သတ်မိခဲ့ခြင်းဖြစ်ပါ တယ်။
အသက်(၃၉)နှစ်ရှိ သင်တန်းဆရာ ချားဗာကာ ဟာ ဦးခေါင်းကို သေနတ်ထိမှန်ခဲ့ခြင်း ဖြစ်ပြီး အဲဒီနောက်မှာတော့ လတ်ဗီးဂတ်မြို့ရှိ ဆေးရုံတစ်ရုံသို့ လေယာဉ်ဖြင့် သယ်ပို့ ပေးပြီးနောက် သေဆုံးသွားခဲ့ခြင်းဖြစ်တယ်။
မိန်းကလေးငယ်ဟာ မိဘများနဲ့အတူ စက်ပစ်ကွင်းတွင် ရှိနေခဲ့တယ်လို့ ရဲအရာရှိများက ပြောကြားခဲ့ပါတယ်။
အဲဒီဖြစ်စဉ်ဟာ သြဂုတ်လ ၂၅ ရက်နေ့မှာ အရီဇိုးနားပြည်နယ် White Hills မှာရှိတဲ့ Last Stop စက်ပစ်ကွင်းမှာ ဖြစ်ပွားခဲ့တာပါ။
သေနတ်ကို ကလေးတွေ ဘယ်လိုကိုင်တွယ် အသုံးပြုရမလဲဆိုတာကို အမေရိကန်နိုင်ငံ နေရာအတော်များများမှာ ပုံမှန်အားဖြင့် သင်ကြားပေးလေ့ရှိတယ်လို့ သတင်းထောက် များက ပြောကြားခဲ့ပါတယ်။
စက်ပစ်ကွင်းအများစုမှာ ကလေးတွေကို သင်ကြားရေးဆိုင်ရာ တင်းကြပ်တဲ့ ဘေးကင်း လုံခြုံမှု စည်းကမ်းချက်တွေ ရှိပါတယ်။ ဒါပေမဲ့လို့ စက်ပစ်ကွင်းတွေမှာ ဘယ်လောက် အသက်အရွယ်ရှိတဲ့ ကလေးတွေကို ကန့်သတ်ထားရှိတယ်ဆိုတဲ့ အချက်ကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment