Thursday, August 21, 2014

အဟီး..အချစ်လေးဘဲ သွားလိုက်တော

August 21, 2014
ရွှေမန်းတင်မောင်သား


ကိုတင်ခိုင်နဲ့ မငြိမ်းအေးခိုင်တို့ ချစ်သူသက်တမ်း ၂ နှစ် ပြည့်သော်လည်း တစ်ဦးအပေါ် တစ်ဦး ချစ်ခင်မြတ်နိုးဆဲ။ နှစ်စလုံးကလည်း ရုံးဝန်ထမ်းတွေမို့ ညနေရုံးဆင်းချိန်ဆို တင်ခိုင် က ငြိမ်းအေးခိုင်ကို ကားဂိတ်မှာ သွားကြိုမြဲ။ ပြီးလျင် အအေးဆိုင်တစ်ခုခုမှာ အအေးသောက် ရင်း ရှေးဟောင်းနှောင်းဖြစ်တွေပြောကြ ဆိုကြ၊ တိုင်ပင်ကြပေါ့။ ရုံးဖွင့်ရက်တိုင်း တင်ခိုင်က အေးငြိမ်းခိုင်ကို အကြိုမပျက်ခဲ့။

တနေ့...
အေးငြိမ်းခိုင်က ရုံးကအပြန် ဘတ်စ်စကားပေါ်က ဆင်းဆင်းခြင်း
အကို..ညီမတို့ ရှေးရေး တိုင်ပင်စရာရှိလို့ တနေရာရာ သွားရအောင်။
သွားလေ..အဝေးကြီးမသွားနဲ့တော့။
ဒီနားက..လက်ဖက်ရည်ဆိုင်မှာဘဲ ပြောကြရအောင် ဆိုပြီး နှစ်ဦးသား လက်ဖက်ရည်ဆိုင်ထိုင်ရင်း ရှေးရေးကို တိုင်ပင်ကြတာပေါ့။
၁နာရီခွဲ ၂နာရီလောက်ပြောဆိုကြပြီး ငြိမ်းအေးခိုင်က အကိုရေ..ပြန်ကြရအောင်။ အအေးဖိုး ရှင်းလိုက်လေ။
ဟိုက်..အဲဒါမှ ပြသနာဘဲ။ ညီမမှာ မပါဘူးလား။ အကိုက ဒီအတိုင်းဘဲ ထွက်လာတော့ ပိုက်ဆံမပါဘူး။
ညီမမှာလဲ မပါဘူးလေ။

အဲဒါမှဒုက္ခဘဲ..

တင်ခိုင် ငြီးတွားရင်း ဇောချွေးများပြန်လာပါတယ်။ ကောင်တာမှ ဆိုင်ရှင်ကလဲ တင်ခိုင်တို့ အတွဲကို ကွက်ကြည့်ကွက်ကြည့် လုပ်နေတယ်။

နောက်ဆုံး တင်ခိုင် ဆုံးဖြတ်ချက် ချလိုက်ရင်း ချစ်သူ ငြိမ်းအေးခိုင် ကို အောက်ပါအတိုင်း ပြောလိုက်ပါတယ်။

မျက်နှာက စပ်ဖြီးဖြီးလုပ်ရင်း

အကို့ကို..အပေါင်ထားပြီး..အချစ်ကလေးဘဲ အိမ်မှာပိုက်ဆံ သွားပြန်ယူလိုက်တော့။

No comments:

Post a Comment