CNN, July 15, 2014(24း21)
ဘီလူးကျွန်းသား
အီဂျစ်ကအဆိုပြုထားတဲ့ ဟားမတ်စ်စစ်သွေးကြွအဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေးအစီအစဉ် ကို အစ္စရေးက လက်ခံခဲ့ပါတယ်။ ဒါပေမဲ့ ဟားမတ်စ်စစ်သွေးကြွအဖွဲ့ကတော့ အဲဒီ အစီ အစဉ်ကို လုံးလုံးလျားလျား ပယ်ချခဲ့ပါတယ်။ သိပ်မကြာသေးခင်က ဂါဇာကမ်းမြှောင် ဒေသမှာရှိတဲ့ ပါလက်စတိုင်း ၁၉၀ ဦးကျော် သေဆုံးခဲ့ရတဲ့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေ အဆုံးသတ်ဖို့အတွက် မျှော်လင့်ချက်နည်းနည်း ရှိနိုင်ပါတယ်။
အစ္စရေးလုံခြုံရေးအစည်းအဝေးကို ဇူလိုင်လ ၁၅ ရက်နေ့အစောပိုင်းမှာ ကျင်းပပြုလုပ် ခဲ့ပြီး နံနက် ၉ နာရီမှာ အစပြုမဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ရပ်ဆိုင်းထားဖို့အတွက် ဆုံးဖြတ်ခဲ့ကြပါတယ်။
မိမိတို့အနေနဲ့ သတိပေးမှုနဲ့ ခုခံမှုနဲ့တိုက်ခိုက်မှု နှစ်မျိုးစလုံးမှာ မြင့်မားတဲ့ ကြိုတင်ပြင်ဆင်မှု အဆင့်တွေကိုတော့ ဆက်လက်ထိန်းသိမ်းထားဦးမှာပါ။ တကယ်လို့ ဟားမတ်စ်အကြမ်းဖက်အဖွဲ့က အစ္စရေးကို ပစခတ်တိုက်ခိုက်ခဲ့မယ်ဆိုရင် မိမိတို့အနေနဲ့ လက်တုံ့ပြန်သွားမှာပါလို့ အစ္စရေး စစ်ဘက်ပြောခွင့်ရ ပီတာလာနာက ပြောကြားခဲ့ ပါတယ်။
အပစ်အခတ်ရပ်စဲရေးအစီအစဉ်ဟာ ဂါဇာကမ်းမြှောင်ဒေသမှာရှိတဲ့ အဖွဲ့အစည်းအားလုံး ကို အပစ်အခတ်ရပ်စဲဖို့အတွက် မေတ္တာရပ်ခံတောင်းဆိုထားတဲ့ အစီအစဉ်ဖြစ်ပါတယ်။ ဒါ့အပြင် နယ်စပ်ဂိတ်တွေကိုလည်း ပြန်ဖွင့်ပေးဖို့ တောင်းဆိုထားပါတယ်။ လုံခြုံရေး အခြေအနေတွေ တည်ငြိမ်လာတာနဲ့ အစ္စရေးနဲ့ ဟားမတ်စ်စစ်သွေးကြွ အဖွဲ့အစည်းတွေ အကြား တွေ့ဆုံဆွေးနွေးမှုတွေ ချက်ချင်းလုပ်ဖို့လည်း တောင်းဆိုထားပါတယ်။
ဒါပေမဲ့လည်း ဟားမတ်စ်ရဲ့ တိုက်ခိုက်ရေးအဖွဲ့ဖြစ်တဲ့ Qassam တပ်ဖွဲ့တွေကတော့ ပြင်းထန်တဲ့တိုက်ခိုက်မှုတွေကို အရှိန်မြှင့်သွားမယ်လို့ ပြောကြားခဲ့ပြီး အစ္စရေးနဲ့ အပစ် အခတ်ရပ်စဲဖို့ကိစ္စကို ပယ်ချထားပါတယ်။

No comments:
Post a Comment