CNN, July 26, 2014.
ဘီလူးကျွန်းသား
ယူကရိန်းနိုင်ငံ
အရှေ့ပိုင်းတွင် မလေးရှားလေကြောင်းလိုင်းပိုင် MH-17 လေယာဉ် ပျက် ကျခဲ့သည်မှာ
ရက်သတ္တပတ် တစ်ပတ်ကျော်လာခဲ့ပြီဖြစ်သော်လည်း မလေးရှားစုံစမ်း
စစ်ဆေးရေးသမားများအနေဖြင့် ၄င်းလေယာဉ်ပျက်ကျခဲ့သည့်နေရာတစ်ခုလုံးဆီသို့
ဝင်ရောက်စုံစမ်းခွင့် ကောင်းစွာမရရှိသေးကြောင်းဖြင့် မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇတ်က
ဇူလိုင်လ ၂၆ ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။
စုံစမ်းစစ်ဆေးရေးသမားများအနေဖြင့်
လေယာဉ်ပျက်ကျရာနေရာသို့ အပြည့်အ၀ ၀င်ရောက် စုံစမ်းခွင့်ရရှိရန်အတွက်
ပူးပေါင်းဆောင်ရွက်ပေးကြပါရန် ရုရှားလိုလားသည့် ယူကရိန်း ခွဲထွက်ရေးသူပုန်များနှင့်
ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့ နှစ်ဖက်စလုံးသို့ မလေးရှားဝန်ကြီး ချုပ် နာဂျစ်က
တိုက်တွန်းပြောကြားခဲ့ပါသည်။
ဇူလိုင်လ
၁၇ ရက်နေ့က မလေးရှားလေကြောင်းလိုင်းပိုင် MH-17 လေယာဉ်သည် ယူကရိန်းနိုင်ငံ
အရှေ့ပိုင်းတွင် ဒုံးကျည်ဖြင့် ပစ်ချခြင်းခံခဲ့ရပြီး လေယာဉ်ပေါ်ရှိ ခရီးသည် ၂၉၈
ဦးစလုံး သေဆုံးသွားခဲ့ရပါသည်။ ယင်းလေယာဉ်သည် အမ်စတာဒန်မြို့မှ
ကွာလာလမ်ပူမြို့သို့ အပြန်ခရီးစဉ်တွင် ပုံမှန်လေကြောင်းခရီးစဉ်အတိုင်း စစ်ပွဲ နယ်မြေ ဖြစ်နေသည့် ယူကရိန်းနိုင်ငံ အရှေ့ပိုင်းဝေဟင်ပေါ်တွင် အမြင့်ပေ ၃၃၀၀၀ မှ
ဖြတ်ပျံခဲ့ခြင်းဖြစ်သည်။ မလေးရှားလေကြောင်းလိုင်း၏ အဆို အရ လေယာဉ်ပေါ်တွင် လေယာဉ်အမှုထမ်း
၁၅ ဦးနှင့် ကလေးငယ် ၂ ဦးအပါအ၀င် မလေးရှားလူမျိုး ၄၃ ဦးတို့ လိုက်ပါသွားခဲ့သည်ဟု
သိရသည်။
No comments:
Post a Comment