Thursday, July 3, 2014
သတိတရားနဲ့ ဆင်ခြင်နိုင်ပါစေ
မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော လူမျိုးရေး မုန်းတီးမှုများ၏ ဖြစ်စဉ်များ သည် အသွင်သဏ္ဍာန်နှင့် ဖြစ်စဉ်များ မှာ ဆင်တူလျက်ရှိပြီး ယင်း၏နောက်ကွယ် မှ မတည်မငြိမ်မှုကို အခွင့်အကောင်းယူ ရန် ချောင်းနေတာကို ဆင်ခြင်သုံးသပ်ဖို့ လိုနေပြီဖြစ် ကြောင်း။
ရခိုင်တွင် ကျောက်နီမှော် ကျေးရွာမှာ မသီတာထွေးကို ဘဂါင်္လီ အုပ်စုဖွဲ့ မုဒိန်းကျင့် သတ်ဖြတ်ပြီး ပြသနာ စဖြစ်ခဲ့တာပါ။
လှည်းကူးဖြစ်စဉ်မှာလည်း လက်ဖက် ရည်ဆိုင်ကနေစဖြစ်တာပါ။ အခုမန္တလေး မှာ ဖြစ်ပြန်ပြီ။ လက်ဖက်ရည်ဆိုင်ကဘဲ စဖြစ်တာပါ။
ရှစ်လေးလုံး အရေးအခင်းတုန်းကလည်း လက်ဖက်ရည်ဆိုင်မှာ သီချင်းဖွင့်ရာက စကားများ ရန်ဖြစ်ပြီး တစတစ ကြီးထွား လာရာကနေ တစ်နိုင်ငံလုံး ထိန်းမနိုင် သိမ်းမရနဲ့ နောက်ဆုံး စစ်တပ်က အာဏာသိမ်းပြီး နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာပြီးမှ အခု တိုင်းပြည်က ဝလုံး ကနေ ပြန်စနေရတာပါ။
ပြည်တွင်းစစ်ကဖြစ်၊ စစ်တပ်က အာဏာသိမ်း၊ နိုင်ငံတကာက ပိတ်ဆို့၊ စီးပွားရေးချွတ်ခြုံကျ၊ ဆင်းရဲမွဲတေ၊ ကမ္ဘာနဲ့ယှဉ်လိုက်ရင် ဟိုးနောက်ဆုံးမှာ။
အလားတူဖြစ်စဉ်တွေ ၂၀၁၅ နီးလာလေ ဖြစ်တာ စိတ်လာလေဖြစ်နေအုံးမှာပါ။ ဘာကြောင့်လဲဆိုတော့ အာဏာလေ။ သူနိုင်၊ ကိုယ်နိုင် အပြိုင်ကြဲတော့မှာ သူတို့မျက်နှာမှာ ပြည်သူတွေရဲ့ပုံရိပ် မရှိတော့ဘူး။ အောက်လမ်းနည်းတွေ သုံးမှာဘဲ။
အခုမှ စလုံးရေးစနေရတာပါ။ နှစ်ပေါင်း ၆၀ ကျော်နေပါပြီ။ ယခင်ဘဝကို ပြန်သွားချင်လို့လား။ အချင်းချင်း မညီညွတ်၊ အာဏာကိုဘဲ မက်မော ဖက်တွယ်နေပါက နွားကွဲရင်၊ ကျားဆွဲ ပါလိမ့်မယ်။
သတိတရားနဲ့ ဆင်ခြင်နိုင်ကြပါစေ။
ရွှေမန်းတင်မောင်သား
Subscribe to:
Post Comments (Atom)

No comments:
Post a Comment