Monday, July 21, 2014

သောက်တလွဲ မြဝတီသတင်းစာ


တပ်မတော်သားတွေ ချွေးနည်းစာတွေနဲ့ ရထားတဲ့လစာငွေထဲက တစ်လကို ကျပ် ၂၆၀၀ ပေးပြီး ဖတ်ခြင်မှန်းမသိ၊ မဖတ်ချင်မှန်းမသိ အတင်းဖြတ်တောက်ပြီး ယူရတဲ့ မြဝတီ သတင်းစာသည် စစ်တပ်ရဲ့ ဖော်လံဖား သတင်းစာ၊ သတင်းအချက်အလက် အခြေခံလေးတောင် မှန်ကန်မှုမရှိ ဘယ်လိုလုပ် သတင်းဆိုတာဖြစ်လာလဲဆိုတာ အခု ဖြစ်ရပ်လေးက သက်သေပါ။

လှိုင်းဘွဲ့မြို့နယ် ချောင်းရေကြီးမှုဖြစ်၊ ဒေသခံပြည်သူများအား ရွှေ့ပြောင်းပေးဆိုပြီး တပ်မတော်သားတွေက အသက်ကြီးသူ တွေကို ဖောင်ပေါ်တင်ပြီး ကယ်တဲ့ ဖောရှောပုံလေးတွေပြတယ်။ ရေက ဒူးဆစ်လောက်ဘဲရှိတယ်။

ရေးတဲ့သူက မွန်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တဲ့ လွှတ်တော်မှာ ဘယ်အချိန် မဲခွဲဆုံးဖြတ်လိုက်သလဲတော့ မသိဘူး။

တပ်မတော်သားတွေမှာတော့ တစ်လကို ၂၆၀၀ ပေးလိုက်ရတာ။ နှမြောလိုက်တာ။ ပိုက်ဆံ ၂၆၀၀ ဆိုတာ ကလေးတွေ ကျောင်းသုံးစရိတ်ရတယ်။

ရွှေမန်းတင်မောင်သား

No comments:

Post a Comment