From Internet
ဘီလူးကျွန်းသား
BM-21 မြေပြင်မှမြေပြင်ပစ် ယာဉ်တင် အတွဲလိုက်ပစ် ဒုံးပစ်လောင်ချာစနစ်အား ၁၉၆၅ ခုနှစ် အစောပိုင်းကာလများတွင် ဆိုဗီယက်ပြည်ထောင်စုမှ စတင်တီထွင်ထုတ်လုပ်ခဲ့ သည်။ BM ဟူသည့်ဝေါဟာရမှာ ရုရှားဘာသာစကားဖြင့် Boyevaya Mashina ဖြစ်ပြီး အင်္ဂလိပ်လို တိုက်ပွဲဝင်ယာဉ် (Combat Vehicle) ဟုအဓိပါယ်ရပါသည်။ Grad ဟု ရုရှားဘာသာစကားဖြင့် တင်စားထားသည့်အမည်မှာ အင်္ဂလိပ်လို Hail (မိုးသီး)ဟု အဓိပါယ်ရပါသည်။ M-21 စစ်မြေပြင်သုံး ဒုံးကျည်စနစ်ကဲ့သို့ပင် BM-21 ယာဉ်တင် ဒုံးပစ်လောင်ချာနှင့် M-21OF ဒုံးကျည်တို့အား ဒီဇိုင်းပုံဖော်ထုတ်လုပ်ထားခြင်းဖြစ်သည်။ ယင်း BM-21 စနစ်အား Grad အတွဲလိုက်ပစ် ဒုံးပစ်လောင်ချာစနစ်ဟု ယေဘုယျအား ဖြင့် အပြည့်အစုံ ခေါ်ဝေါ်သုံးစွဲကြပါသည်။ နေတိုးနိုင်ငံများ၌ ယင်း BM-21 ယာဉ်တင် အတွဲလိုက်ပစ်ဒုံးပစ်လောင်ချာစနစ်အား ကနဦးတွင် M1964 ဟု လူသိများပါသည်။ ယင်း BM-21 စနစ်နှင့် ပုံစံတူစနစ်များအား နိုင်ငံပေါင်းများစွာတို့က ပုံတူကူးချ တီထွင် ထုတ်လုပ်ခဲ့ကြပါသည်။
၁၄၀ မီလီမီတာဒုံးကျည်သုံး BM-21 ဒုံးပစ်လောင်ချာစနစ်၏နေရာတွင် အစားထိုးအသုံး ပြုရန်အတွက် BM-21 ယာဉ်တင် အတွဲလိုက်ပစ် ဒုံးပစ်လောင်ချာစနစ် (၁၂၂ မီလီမီတာ အတွဲလိုက်ပစ် ဒုံးပစ်လောင်ချာစနစ် MRL )နှင့်အတူ M-21 စစ်မြေပြင်သုံးဒုံးကျည်စနစ် များကို ၁၉၆၃ ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စုကြည်းတပ်တွင် စတင်အသုံးပြုခဲ့ကြပါ သည်။ လောင်ချာပစ်ယာဉ်အား ဒုံးပစ်ပြွန်အလုံး ၄၀ တပ်ဆင်ထားသော Ural-375D ခြောက်ဘီးယက်ထရပ်ယာဉ်ကို အသုံးပြုထားပါသည်။ ၄င်းဒုံးပစ်ပြွန်အလုံး ၄၀ အား ထောင့်မှန်စတုဂံပုံ ဒုံးပစ်လောင်ချာထဲတွင် အစီအစဉ်တကျ ထည့်သွင်းထားခြင်းဖြစ်ပြီး ၄င်းဒုံးပစ်ပြွန်ပါဝင်သည့် ထောင့်မှန်စတုဂံပုံ ဒုံးပစ်လောင်ချာအား ထရပ်ယာဉ်ပေါ်မှ ဖြုတ်ချပစ်နိုင်ပါသည်။
၎င်းထရပ်ယာဉ်၏ စွမ်းအင်စနစ်အား ရေအေးစနစ်သုံး မြင်းကောင်ရေအား V-8 180 ရှိသည့် ဂတ်စ်ဆိုလင်းအင်ဂျင်ကို အသုံးပြုထားပြီး အမြင့်ဆုံးအမြန်နှုန်းမှာ တစ်နာရီလျင် ၇၅ ကီလိုမီတာ ဖြစ်သည်။ အကွာအဝေး ၇၅၀ ကီလိုမီတာအထိ မောင်းနှင်နိုင်ပြီး ၁.၅ မီတာနက်သော ရေပြင်ကို ဖြတ်ကူးမောင်းနှင်နိုင်ပါသည်။ ၁၉၇၆ ခုနှစ်တွင် BM-21 အတွဲလိုက်ပစ် ဒုံးပစ်လောင်ချာစနစ်အား Ural-4320 ခြောက်ဘီး ယက် စစ်သုံးထရပ်ယာဉ်ပေါ်တွင် ပြောင်းလဲတပ်ဆင်ခဲ့ပါသည်။
တပ်ဖွဲ့ဝင်(၃)ဦးဖြင့် ယင်းအတွဲလိုက် ဒုံးပစ်လောင်ချာစနစ်အား တပ်ဆင်နိုင်ပြီး (၃)မိနစ် အတွင်း ပစ်ခတ်ရန် အသင့်ဖြစ်မည်ဖြစ်သည်။ BM-21 အတွဲလိုက်ပစ်ဒုံးပစ်လောင်ချာ အား ထရပ်ကားယာဉ်မောင်းနေရာမှသော်လည်းကောင်း၊ ၆၄ မီတာအရှည်ရှိသည့် ကေဘယ်လ်ကြိုးအဆုံးတွင် တပ်ဆင်ထားသည့် မောင်းခလုတ်မှသော်လည်းကောင်း စက္ကန့်(၂၀)အတွင်း ဒုံးကျည်အလုံး(၄၀)စလုံးကို ပစ်ခတ်နိုင်ပါသည်။ ထို့ပြင် (၂)မိနစ် အတွင်း ပြန်လည်ထုပ်ပိုး သိမ်းဆည်း၍ အခြားတစ်နေရာသို့ ရွှေ့ပြောင်းနိုင်ပြီး ပြန်လည် ကျည်ထိုးရန် ကြာမြင့်ချိန်မှာ (၁၀)မိနစ်ဖြစ်သည်။
BM-21 အတွဲလိုက်ပစ် ဒုံးပစ်လောင်ချာစနစ်တွင် အသုံးပြုသည့် ဒုံးကျည်၏အရှည်မှာ (၂.၈၇)မီတာ (၉ ပေ ၅လက်မ)ရှိပြီး ပေါက်ကွဲအား ပြင်းထန်ပါသည်။ မီးလောင်ဗုံး ထိပ်ဖူး(သို့မဟုတ်) ဓာတုကျည်ထိပ်ဖူးများတပ်ဆင်၍ (၂၀)ကီလိုမီတာ (၁၂ မိုင်) ခန့်အထိ ပစ်ခတ်နိုင်ပါသည်။ နောက်ထပ်ထုတ်လုပ်လိုက်သည့် ဒုံးကျည်ပုံစံ အသစ် ဆိုလျင် (၃၀)ကီလိုမီတာ (၁၉မိုင်)ကျော်အထိ ပစ်ခတ်နိုင်ပြီး ပေါက်ကွဲအား အလွန်ပြင်း ထန်ပါသည်။ သမားရိုးကျ ဒုံးကျည်ထိပ်ဖူး၏ အလေးချိန်မှာ (၂၀)ကီလိုဂရမ် (၄၄ ပေါင်) ခန့်ရှိသော်လည်း အခြားဒုံးကျည်ထိပ်ဖူး အမျိုးအစားများအပေါ် မူတည်၍ အလေး ချိန်ကွဲပြားမှုရှိပါသည်။ ယနေ့အချိန်ထိ BM-21 အတွဲလိုက်ပစ် ဒုံးပစ်လောင်ချာစနစ်အား ကြောက်မက်ဖွယ်ရာ လက်နက်တစ်ခုအဖြစ် ထည့်သွင်းစဉ်းစား ဆုံးဖြတ်ထားကြပါ သည်။
ဒုံးပစ်လောင်ချာမျိုးကွဲများ
ဆိုဗီယက်ပြည်ထောင်စု။ BM-21-1, 2B17 or also BM-21-1, 9P138 "Grad-1", BM-21V "Grad-V", 9A51 "Prima", "Grad-P Light portable rocket system", BM-21PD "Damba", A-215 "Grad-M".
ဘီလားရုစ်။ BM-21A "BelGrad"
ယူကရိန်း။ BM-21M "Grad-U"
ဂျော်ဂျီယာ။ ZCRS-122 Magaria
တရုတ်။ Type 81 SPRL, Type 83 SPRL, Type 89 TSPRL, Type 90 SPRL, Type 90A, Type 90B, PR50 SPMRL, WS-6 SPMRL, WS-22 SPMRL.
ချက်ကိုဆလိုဗက်ကီးယားနိုင်ငံဟောင်း။ RM-70 launch vehicle, RM-70/85 launch vehicle, RM-70 (122mm RAKETOMET vz. 70), RM-70/85.
ပိုလန်။ WR-40 Langusta, WR-40 "Langusta"
အီဂျစ်။ Sakr-18 and Sakr-36 ဒုံးကျည်များမှာ အကွာအဝေး (၁၈)ကီလိုမီတာ (၁၁မိုင်)နှင့် (၃၆)ကီလိုမီတာ (၂၂ မိုင်)အထိ အသီးသီးပစ်ခတ်နိုင်သည်။ နောက်ဆုံးပေါ် Sakr-45 ဒုံးကျည်ဆိုလျင် (၄၅)ကီလိုမီတာ (၂၈ မိုင်)အထိ ပစ်ခတ်နိုင် သည်။
မြောက်ကိုးရီးယား။ BM-11, MRL 122 mm M1977, MRL 122 mm M1985.
အီရန်။ HM20, HM23, HMxx, BM-11 နှင့် BM-21 တို့အား ပုံတူကူးချထုတ်လုပ်ထား သည့် Arash ဆိုလျင် အကွာအဝေး (၂၀.၅)ကီလိုမီတာ (၁၂.၇ မိုင်)ပစ်ခတ်နိုင်သည်။
ပါကစ္စတန်။ KRL 122
ရိုမေးနီးယား။ APRA-40, APR-21, APR-40, LAROM or LAROM 160
ဆားဗီးယား။ LRSVM Morava, G-2000
တောင်အာဖရိက။ Valkiri, Bateleur
ထိုင်း။ DTI-2
BM-21 အတွဲလိုက်ပစ် ဒုံးပစ်လောင်ချာစနစ် အသုံးပြုသည့်နိုင်ငံများမှာ အာဖဂန်နစ္စတန်၊ အယ်လ်ဂျီးရီးယား၊ သီရိလင်္ကာ၊ အန်ဂိုလာ၊ အာမေးနီးယား၊ အဇာဘိုင်ဂျန်၊ ဘင်္ဂလားဒေ့ရှ်၊ ဘီလာရုစ်၊ ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနား၊ ဘူဂေးရီးယား၊ ဘာကီနာဖါဆို၊ ဘူရွန်ဒီ၊ ကမ္ဘောဒီးယား၊ ကင်မရွန်း၊ ချတ်၊ ကုတ်ဒီဗိုရီ၊ ခရိုအေးရှား၊ ကျူးဘား၊ ဆိုက်ပရပ်စ်၊ ကွန်ဂိုသမ္မတနိုင်ငံ၊ ကွန်ဂိုဒီမိုကရက်တစ် ပြည်သူ့ သမ္မတနိုင်ငံ၊ ဒီဂျီဘိုတီ၊ အီကွေဒေါ၊ အီဂျစ်၊ အီရစ်ထရီယား၊ အီသီယိုးပီးယား၊ ဖင်လန်၊ ပါလက်စတိုင်း၊ ဂျော်ဂျီယာ၊ ဂရိ၊ ဟန်ဂေရီ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အီရန်၊ အီရတ်၊ အစ္စရေး၊ ကာဇက်စတန်၊ ကာဂျစ်စတန်၊ လက်ဘနွန်၊ လိုင်ဘေးရီးယား၊ လစ်ဗျား၊ မာလီ၊ မွန်ဂိုလီးယား၊ မော်ရိုကို၊ မက်ဆီဒိုးနီးယား၊ မိုဇန်းဘစ်၊ မြန်မာ၊ နမီးဘီးယား၊ နီကာရာဂွါ၊ နိုက်ဂျီးရီးယား၊ မြောက်ကိုးရီးယား၊ ပါကစ္စတန်၊ ပီရူး၊ ပိုလန်၊ ရိုမေးနီးယား၊ ရုရှား၊ ရှာရဝီအာရပ်ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ၊ ဆားဗီးယား၊ ဆိုမာလီယာ၊ ဆိုမာလီလန်၊ ဆီးရီးယား၊ တာဂျစ်ကစ္စတန်၊ တန်ဇန်းနီးယား၊ ထိုင်း၊ တာ့ခ်မင်နစ္စတန်၊ ဥဇဘက်ကစ္စတန်၊ ယူကရိန်း၊ အမေရိကန်၊ ဗင်နီဇွဲလား၊ ဗီယက်နမ်၊ ယီမင်၊ ဇမ်ဘီးယား၊ ဇင်ဘာဘွေနိုင်ငံတို့ဖြစ်ကြသည်။




No comments:
Post a Comment