Wednesday, July 9, 2014
ဂါဇာကမ်းမြှောင်ထိုးစစ်ကို အစ္စရေး တိုးချဲ့
CNN, July 9, 2014
ဘီလူးကျွန်းသား
အစ္စရေးနိုင်ငံထဲကို စစ်သွေးကြွတွေက ဒုံးကျည်ဒါဇင်ပေါင်းများစွာနဲ့ ပစ်ခတ်တိုက်ခိုက် တဲ့အတွက် အစ္စရေးလေတပ်က ဇူလိုင်လ ၉ ရက်နေ့မှာ ဂါဇာကမ်းမြှောင်ဒေသထဲက ပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန် ပြုလုပ်ခဲ့ပါတယ်။ အဲဒီ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး လူ ၁၉ ဦး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ဟားမတ်စ်စစ်သွေးကြွအဖွဲ့က ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်တွေကို ဆက်လက် လုပ်ဆောင်နေတဲ့အတွက် အစ္စရေးဝန်ကြီးချုပ်က အဲဒီစစ်သွေးကြွအုပ်စု ဆန့်ကျင်ရေး ထိုးစစ်တွေကို အရှိန်မြှင့် လုပ်ဆောင်သွားနိုင်ဖွယ်ရှိတယ်လို့ ဇူလိုင်လ ၉ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
" စစ်ဆင်ရေးကို တိုးချဲ့သွားမှာဖြစ်ပြီး မိမိတို့ရဲ့ လူနေရပ်ကွက်တွေထဲကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ မရပ်မချင်း စစ်သွေးကြွအုပ်စုတွေအပေါ် ထိုးစစ်ဆင်နေတာကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ တည်ငြိမ်အေးချမ်းရေးကိုလည်း ပြန်လည် ထိန်းသိမ်းသွားမှာဖြစ်ပါတယ်"လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမန်နက်တန်ယာဟုက ဇူလိုင်လ ၉ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
အစ္စရေးဝန်ကြီးချုပ်အနေနဲ့ စစ်ဆင်ရေးကို ဘယ်လိုတိုးချဲ့ လုပ်ဆောင်သွားမည်ဆိုတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပါဘူး။
ဒါပေမဲ့ ဇူလိုင်လ ၉ ရက်နေ့မှာ CNN သတင်းဌာနနဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ အစ္စရေး သမ္မတ ရှီမွန်ပဲရက်စ်က "ဟားမတ်စ် စစ်သွေးကြွတွေက အစ္စရေးနိုင်ငံထဲကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတာတွေ မရပ်ပေမဲ့လည်း အဲဒီနေရာဒေသတွေမှာ တည်ငြိမ်အေးချမ်းမှုတွေ မကြာခင် ရရှိလာမှာဖြစ်တယ်"လို့ ပြောကြားခဲ့ကြောင်း သိရှိရ ပါတယ်။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment