Tuesday, July 15, 2014

ဂါဇာငြိမ်းချမ်းရေး အလှမ်းဝေးနေဆဲ

CNN, July 16, 2014(24း21)
ဘီလူးကျွန်းသား

ဟားမတ်စ်စစ်သွေးကြွအဖွဲ့က ဂါဇာကမ်းမြှောင်ဒေသထဲကနေ ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အစ္စရေးကလည်း လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်ခဲ့တာ ကြောင့် အစ္စရေးနဲ့ ဟားမတ်စ်အကြား အီဂျစ်ထောက်ခံတဲ့ အပစ်အခတ်ရပ်စဲရေး အစီအစဉ်ဟာ ဇူလိုင်လ ၁၅ ရက်နေ့မှာပဲ ပျက်ပြယ်သွားခဲ့ရပါတယ်။

အစ္စရေးအစိုးရအရာရှိများရဲ့အဆိုအရ ဂါဇာကမ်းမြှောင်ဒေသမှာရှိတဲ့ ဟားမတ်စ် စစ်သွေးကြွတွေရဲ့ ဒုံးကျည်နဲ့ပစ်ခတ်တိုက်ခိုက်မှုဟာ ဘယ်တော့မှ ရပ်စဲမှာမဟုတ်ဘူး လို့ သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေ ပြန်လည်စတင်ပြီလို့ ကြောညာခြင်းမပြုမီ ၆ နာရီလောက် အထိ အစ္စရေးဘက်က လေကြောင်းတိုက်ခိုက်မှုတွေကို မပြုလုပ်ခဲ့ပါဘူး။ ဟားမတ်စ် စစ်သွေးကြွတွေရဲ့ ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့အပြီးမှာတော့ အစ္စရေးက သူ့ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ပြန်လည်စတင်ခဲ့တာပါ။ CNN သတင်းဌာနက သတင်း ထောက်တစ်ဦးရဲ့ မျက်မြင်သက်သေပြောကြားချက်အရတော့ အစ္စရေးက အနည်းဆုံး လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အပစ်အခတ်ရပ်စဲရေးကာလအတွင်းမှာ ဟားမတ်စ်အဖွဲ့က အစ္စရေးပိုင်နက် နယ်မြေထဲ ကို ဒုံးကျည်အစင်းပေါင်း ၄၇ စင်းအထိ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။ အီဂျစ်ထောက်ခံတဲ့ အပစ်အခတ်ရပ်စဲရေး အစီအစဉ်ကို ဟားမတ်စ်စစ်သွေးကြွအဖွဲ့က ဘယ်တုံးကမှ လက်မခံခဲ့ပါဘူး။

အဲဒီအပစ်အခတ်ရပ်စဲရေးအစီအစဉ် ပျက်သုန်းသွားခဲ့ရလို့ ဂါဇာကမ်းမြှောင်ဒေသမှာ အစ္စရေးနဲ့ ဟားမတ်စ်အဖွဲ့ရဲ့ အပြန်အလှန်တိုက်ခိုက်မှုတွေ အဆုံးသတ်ဖို့ မျှော်လင့်ချက် ဟာ နည်းနည်းပဲရှိနိုင်တော့ပါတယ်။ သိပ်မကြာခင်ကတော့ ဂါဇာကမ်းမြှောင်ဒေသမှာ အပြန်အလှန်တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်း ၁၉၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ပါ တယ်။

ဇူလိုင်လ ၁၅ ရက်နေ့အစောပိုင်းကပြီး ဒီကနေ့အထိ ဟားမတ်စ်စစ်သွေးကြွအဖွဲ့က ဒုံးကျည်အစင်းပေါင်း ၁၄၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့တာနဲ့အတူ ဂါဇာကမ်းမြှောင် ဒေသမှာ အပြန်အလှန်ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်ပွားနေဆဲပါပဲ။ အဲဒီလို ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်မှုဟာ ၆ မိနစ်ကို ဒုံးကျည်တစ်စင်းနှုန်းရှိတယ်လို့လည်း အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ရဲ့အဆိုအရ သိရပါတယ်။

No comments:

Post a Comment