July
24, 2014.
ဘီလူးကျွန်းသား
တစ်ခါက ကျွန်တော် မော်လမြိုင်မှာ နေတုန်းကပေါ့.....
မိတ်ဆွေတစ်ယောက်နဲ့ သိကျွမ်းခဲ့ရပါတယ်....တစ်နေ့ သူနဲ့ ကျွန်တော် မော်လမြိုင်မြို့၊ ရခိုင်ကုန်းဈေး နားက ချောင်ကျကျ အရက်ဆိုင်လေးတစ်ဆိုင်မှာ
အရက် အတူတူ သောက်ဖြစ်ကြတယ်ဆိုပါတော့...
ကျွန်တော့်မိတ်ဆွေ နာမည်က လမင်းလို့ခေါ်တယ်ဗျ....သူက နည်းနည်းပျော်တတ်တယ်.... အရက် သောက်ရင်း တစ်ယောက်အကြောင်း တစ်ယောက်ပြောဖြစ်ကြတယ်ဆိုပါတော့ဗျာ.....
အဲဒါနဲ့ သူက သူ့မိန်းမအကြောင်းကို ကျွန်တော့်ကို ရီစရာအဖြစ် ပြောပြတယ်ဗျ....
သူ့မိန်းမက ရှမ်းမဗျ....နာမည်ကတော့
မပြောတော့ပါဘူး....ရိုးသားတဲ့ရှမ်းတိုင်းရင်းသူလေးတစ်ဦးလို့ပဲ
မှတ်ထားကြပေါ့ဗျာ....
တစ်နေ့ ကျွန်တော့်မိတ်ဆွေ ကိုလမင်းက မျက်စိနာတယ်ဗျာ....အလုပ်ကအပြန်မှာ မျက်စိနာတာကို သူ့မိန်းမကို ဆေးထည့်ခိုင်းမယ်ဆိုတဲ့
ရည်ရွယ်ချက်နဲ့ အိမ်စောစောပြန်သွားပါတယ်.....အိမ်ရောက် တဲ့အခါမှာ သူ့မိန်းမကို ခေါ်ပြီး “မိန်းမရေ...ငါ့မျက်စိအရမ်းနာနေတယ်...အဲဒါ...ရေထဲ ဆားနည်းနည်း ခပ်ပြီး ငါ့ကို မျက်စဉ်း ခပ်ပေးအုံးကွာ”လို့ ပြောလိုက်ပါလေရော.....
အဲဒီအခါ သူ့မိန်းမ ရှမ်းမက ဘာလုပ်သလဲဆိုတော့.....ရေဖလားထဲကို ရေအပြည့်ထည့်ပြီး ဆားလက် တစ်ဆုပ်လောက် ခပ်ထည့်လိုက်တယ်...
အဲဒီအချိန်မှာ ကျွန်တော့် မိတ်ဆွေက ”မိန်းမရေ...မရသေးဘူးလား...မျက်စိက အရမ်းနာနေတယ်ကွ.. မြန်မြန်လုပ်”ဆိုပြီး ပြောတော့
သူ့မိန်းမ
ရှမ်းမက ”ရပြီ အကိုရေ...ရပြီ”လို့ပြောရင်း ဆားခပ်ထား တဲ့ ရေဖလားကို ယူလာတယ်။ အဲဒီနောက် မျက်စိမှိတ်ပြီး အိပ်ယာထဲလှဲနေတဲ့ သူ့ယောင်္ကျား ကိုလမင်း အနားကပ်လာပါလေရော....ပြီးတော့ သူ့ယောင်္ကျားကို မျက်စိဖွင့်ခိုင်းပြီး
ဖလားထဲက ဆားခပ်ထား တဲ့ ရေကို ဖန်ခွက်နဲ့ခပ်ပြီး လောင်းချလိုက်ပါလေရော.....
အဲဒါနဲ့ ကိုလမင်းလည်း အိပ်ယာထဲက လန့်ပြီး “ဟ...မင်းဘယ်လိုလုပ်လိုက်တာလဲကွာ”ဆိုပြီး စိတ်ဆိုးဆိုးနဲ့ အိမ်ကနေ အရက်ဆိုင်ဘက် ထွက်သွားပါလေရောဗျာ......
အဲဒါ ကျွန်တော့်မိတ်ဆွေ ကိုလမင်းရဲ့မိန်းမ...... ရှမ်းမလုပ်လိုက်တဲ့ပုံပေါ့ဗျာ.....
No comments:
Post a Comment