CNN, July 9, 2014
ဘီလူးကျွန်းသား
မြောက်ကိုးရီးယားဟာ ဇူလိုင်လ ၉ ရက်နေ့အစောပိုင်းမှာ ကိုးရီးယားကျွန်းဆွယ် ကမ်းခြေအပြင်ဘက်ကို တာတိုးပစ်ဒုံးကျည်နှစ်စင်း ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုးရီးယား ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောကြားလိုက်ပါ တယ်။
မြောက်ကိုးရီးယားဟာ အဲဒီဒုံးကျည်နှစ်စင်း မပစ်လွှတ်ခင်မှာ လေယာဉ်မပျံသန်းရ ဇုန်တစ်ခုကို ထုတ်ပြန်ကြေညာခြင်း မပြုခဲ့ပါဘူး။ ဒါပေမဲ့ တောင်ကိုးရီးယား ကာကွယ်ရေးဝန်ကြီးဌာနက အရာရှိကြီးကတော့ ထိခိုက်ပျက်စီးမှုတွေ၊ ဒဏ်ရာ ရရှိမှုတွေနဲ့ပတ်သက်လို့ သတင်းပေးပို့ အစီရင်ခံထားတာမရှိဘူးလို့ ပြောကြားခဲ့ ပါတယ်။
" အဲဒီဒုံးကျည်နှစ်စင်းဟာ တာတိုပစ်ဒုံးကျည်တွေဖြစ်တာ သေချာပါတယ်။ အကွာ အဝေး ၃၁၀ မိုင်(၅၀၀ ကီလိုမီတာနီးပါး) ရောက်နိုင်တဲ့ ဒုံးကျည်တွေပါ။ အဲဒီ ဒုံးကျည်တွေကို မြောက်ကိုးရီးယားရဲ့ Hwanghae ပြည်နယ် အနောက်ပိုင်းကနေပြီး အရှေ့မြောက်ဘက် ပင်လယ်ထဲကို ပစ်လွှတ်ခဲ့တာပါ" လို့ တောင်ကိုးရီးယား အရာရှိကြီးက ဇူလိုင်လ ၉ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကတော့ အဲဒီဒုံးကျည်ပစ်လွှတ်မှုကို စုံစမ်းဖို့အတွက် သူ့ရဲ့ အစိုးရအဖွဲ့ကို အမိန့်ပေးထားပါတယ်။ နောက်ပြီး ဂျပန်အစိုးရအနေနဲ့ အဲဒီဒုံးကျည် ပစ်လွှတ်မှုနဲ့ပတ်သက်ပြီး မြောက်ကိုးရီးယားအစိုးရအဖွဲ့ထံ တရားဝင် ကန့်ကွက်စာပို့ဖို့ ရည်ရွယ်ထားတယ်လို့လည်း သိရပါတယ်။
မြောက်ကိုးရီးယားဟာ ပြီးခဲ့တဲ့လများအတွင်းက ပင်လယ်ပြင်ထဲကို ဒုံးကျည် ပစ်ခတ်မှုတွေ ဆက်ပြီးလုပ်ဆောင်နေခဲ့တာမို့လို့ တောင်ကိုးရီးယား၊ အမေရိကန်နဲ့ ကုလသမဂ္ဂတို့ရဲ့ ဝေဖန်ပြစ်တင်မှုတွေကို ခံနေရပါတယ်။

No comments:
Post a Comment