Bangkok Post, July 26, 2014.
ဘီလူးကျွန်းသား
ထိုင်းနိုင်ငံတောင်ပိုင်း၊ ယာ့လာပြည်နယ် ဘီတွန်မြို့ကားဗုံးကွဲမှုအား
စုံစမ်းစစ်ဆေးနေ သည့် ရဲကားတစ်စီးကို တောင်ပိုင်းခွဲထွက်သူပုန်များက
ဇူလိုင်လ ၂၅ ရက်တွင် M79 ဗုံးပစ်လောင်ချာဖြင့်
ပစ်ခတ်တိုက်ခိုက်ခဲ့ရာ
အရပ်သား(၁)ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ ပါသည်။
ဇူလိုင်လ ၂၅ ရက်နေ့က
ယာ့လာပြည်နယ် ဘီတွန်မြို့ရှိ ဟောလီးဒေးဟိုတယ်ရှေ့တွင်
ကားဗုံးဖောက်ခွဲခဲ့ပြီးနောက်
ခရီးသည်တင်ဗင်ကားတစ်စီးအား
တောင်ပိုင်းခွဲထွက်သူပုန်
များက လုယူမောင်းနှင်ထွက်ပြေးသွားခဲ့ပါသည်။
ယင်းဗင်ကားပိုင်ရှင် Asming Salae အား လမ်မိုင်းရဲစခန်းမှ စုံစမ်းစစ်ဆေးရေးအဖွဲ့က
ခေါ်ဆောင်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေစဉ် ယခုကဲ့သို့ M79 ဗုံးပစ်လောင်ချာဖြင့်
ပစ်ခတ်တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်
သည်။
သို့သော် တောင်ပိုင်းခွဲထွက်သူပုန်များပစ်ခတ်လိုက်သည့် M79 ဗုံးသီးသည် ရဲကားအား လွဲချော်သွားခဲ့ပြီး အနီးရှိ လျှပ်စစ်မီးတိုင်အား ထိမှန်သွားခဲ့ပါသည်။ ရဲကားပေါ်တွင် လိုက်ပါလာသူ တစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိသော်လည်း အနီးရှိ ဗလီတစ်ခုအတွင်းမှ ထွက်လာသူ Samri Saki (၂၆)နှစ်မှာမူ တင်ပါးတွင် ဗုံးသီးစ များထိမှန်ဒဏ်ရာရရှိခဲ့ပါသည်။
ဇူလိုင်လ ၂၅ ရက် ကားဗုံးပေါက်ကွဲခဲ့မှုတွင် ထိုင်းတောင်ပိုင်းခွဲထွက်သူပုန်များ အသုံးပြု ခဲ့သည့် ထရပ်ကားနှင့် ဗင်ကားတို့မှာ ခိုးယူခြင်းခံခဲ့ရသည့်ကားများဖြစ်ကြောင်းကို ထိုင်းတောင်ပိုင်းပြည်တွင်းလုံခြုံမှုစစ်ဆင်ရေးဌာနချုပ်က ဇူလိုင်လ ၂၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။
ယင်းကားဗုံးပေါက်ကွဲခဲ့မှုကြောင့် လူ(၂)ဦးသေဆုံးခဲ့ပြီး (၄၂)ဦးဒဏ်ရာရရှိခဲ့ပါသည်။
ဇူလိုင်လ ၂၅ ရက်
နံနက် သတင်းစာရှင်းလင်းပွဲတွင်
ထိုင်းတောင်ပိုင်း ပြည်တွင်းလုံခြုံမှု စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ
ပြောရေးဆိုခွင့်ရှိသူ
ဗိုလ်မှူးကြီး ပရာမို့တ် ဖရုန်အင်၏ ပြောကြားချက်အရ ပေါက်ကွဲအားပြင်းထန်သည့်ဗုံးအား
ငွေရောင်မာဇဒါပစ်ကပ်ထရပ်
ကားပေါ်တွင် တပ်ဆင်ထားခြင်းဖြစ်ကြောင်း၊
ယင်းထရပ်ကားမှာ ပတ္တာနီပြည်နယ် နောင်ချစ်ခရိုင်၊ ဘန်ခေါက်မြို့နယ်အတွင်းတွင်
ဇွန်လ ၁ ရက်ကတည်းက ခိုးယူခြင်းခံခဲ့ ရသည့်ကားဖြစ်ကြောင်း၊
ဗုံးတင်ဆောင်ထားသည့် ပစ်ကပ်ထရပ်ကားအား ဘီတွန်မြို့ ဘာ့ဂ်ဒီဒမ်ရွန်လမ်းရှိ
ဟောလီးဒေးဟိုတယ်ရှေ့တွင်
ရပ်ထားခဲ့ပြီး အဝေးထိန်းခလုတ်ဖြင့် ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း၊
စောင့်ကြည့်ရေးကင်မရာများမှရရှိသည့်
သက်သေ အထောက်အထားများအရ ဗုံးပေါက်ကွဲမှုမဖြစ်ပွားမီ
ညနေ ၄ နာရီ မိနစ် ၄၀ ခန့်အချိန် တွင် လူ(၃)ဦးတို့က ခရီးသည်တင်ဗင်ကားအား မောင်းနှင်သွားခဲ့ကြောင်း၊
ယင်းခရီး သည်တင်ဗင်ကားမှာလည်း ခိုးယူခြင်းခံထားရသည့်ကားတစ်စီးဖြစ်ပြီး
ဗုံးပေါက်ကွဲမှုဖြစ် ပွားပြီးနောက် ယာ့လာပြည်နယ် သန်းတူခရိုင်အနီးတွင်
ပစ်ထားခြင်းခံခဲ့ရသည့်ကားဖြစ်
ကြောင်းဖြင့် ဗိုလ်မှူးကြီး ပရာမို့တ်က ပြောကြားခဲ့သည်။

No comments:
Post a Comment