Saturday, July 26, 2014

ဆွီဒင်လုပ် RBS-70 ပခုံးထမ်းဒုံးပစ်လောင်ချာစနစ်



From Internet
ဘီလူးကျွန်းသား

Robotsystem-70 (RBS-70) သည် ဆွီဒင်နိုင်ငံလုပ် မြေပြင်မှဝေဟင်ပစ် ပခုံးထမ်း လေကြောင်းရန်ကာကွယ်ရေးစနစ် (MANPADS) ဖြစ်ပြီး ရာသီဥတုဇုန်နယ်မြေအားလုံး တို့တွင် မိမိဘက်မှ အခြားတပ်ဖွဲ့များ၏ အကူအညီအနည်းငယ်မျှဖြင့် လေယာဉ်ပစ် စစ်ဆင်ရေးကို ဆင်နွှဲနိုင်ရန်အတွက် ဒီဇိုင်းပုံဖော်ထုတ်လုပ်ထားခြင်းဖြစ်သည်။ Robot ဟူသည့်ဝေါဟာရမှာ ဆွီဒင်ဘာသာစကားဖြင့် ဒုံးကျည် (Missile) ဟုအဓိပါယ်ရပါ သည်။ ကနဦးဒီဇိုင်းပုံဖော်ထုတ်လုပ်ခဲ့သည့်ကုမဏီမှာ ဆွီဒင်ကာကွယ်ရေးပစ္စည်းထုတ် လုပ်သည့် Bofors ဖြစ်ပြီး ၂၀၀၀ ခုနှစ်မှစ၍ ၄င်းကုမဏီအား Saab Bofors Dynamics ဟု အမည်ပြောင်းလဲခေါ်ဝေါ်ခဲ့ပါသည်။

နောက်ခံသမိုင်း

ကုန်ကျစရိတ်နည်းပါးပြီး အလွယ်တကူအသုံးပြုနိုင်သော ထိရောက်မှုရှိသည့် တာတို ပစ် မြေပြင်မှဝေဟင်ပစ် ဒုံးကျည်စနစ် (RBS-70) ကို ဆွီဒင်လေကြောင်းရန်ကာကွယ် ရေးအတွက် အထောက်အကူပြုနိုင်စေရန် စတင်တီထွင်ထုတ်လုပ်ခဲ့ပါသည်။ RBS-70 အား အသုံးမပြုမီက ဆွီဒင်လေကြောင်းရန်ကာကွယ်ရေးစနစ်တွင် အမေရိကန်လုပ် Hawk (RBS-77) ၊ RBS-97 ဆွီဒင် Hawk ၊ အမေရိကန်လုပ် Redeye (RBS-69) နှင့် ဆွီဒင်လုပ် m/48 AAA တို့ကို အသုံးပြုခဲ့ကြပါသည်။ လေကြောင်းရန်ကာကွယ်ရေး အတွက် တာတိုပစ် ပခုံးထမ်းလေကြောင်းရန်ကာကွယ်ရေးစနစ်ကို ရွေးချယ်ရခြင်း၏ အကြောင်းရင်းမှာ ကုန်ကျစရိတ်နည်းပါးမှုပင်ဖြစ်သည့်အပြင် ထိုစဉ်က ဆွီဒင် ကြည်းတပ်၏ စစ်အခြေခံသဘောတရားမှာ လှုပ်ရှားစစ်ကစားနိုင်စွမ်းနှင့် ပြုပြင်ထိန်း သိမ်းရေးစနစ်အနည်းဆုံးဖြင့် စစ်ပွဲတစ်ပွဲအား ဆင်နွှဲနိုင်ခြင်းသည်သာ အဓိကအရေးကြီး သောအချက်ဟု ယူဆခဲ့ကြသောကြောင့်ပင်ဖြစ်သည်။ ထို့ကြောင့် မြေပြင်မှပစ်ခတ်ရ သည့် IRIS-T ဒုံးကျည်များ၏နေရာတွင် RBS-70 ကို အစားထိုးအသုံးပြုရန် ဆွီဒင် ကြည်းတပ်မှ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဒုံးကျည်ဒီဇိုင်း

RBS-70 သည် တာတိုပစ်လေကြောင်းရန်ကာကွယ်ရေး လေဆာရောင်ခြည်သုံးပဲ့ထိန်း စနစ်ဖြစ်သည်။ ဒုံးကျည်ပစ်ခတ်မည့်သူသည် ဒေသခံတိုက်ပွဲဝင်ကြီးကြပ်ကွပ်ကဲရေး စက်မှ ပစ်မှတ်အနေအထားဆိုင်ရာ ညွှန်ကြားချက်များကို လက်ခံရယူပါသည်။ တိုက်ပွဲ ၀င်ကြီးကြပ်ကွပ်ကဲရေးစက်မှာ ကွန်ပျူတာလက်ပ်တော့ပ်အရွယ်အစားမျှသာ ရှိပါသည်။ တိုက်ပွဲဝင်ကြီးကြပ်ကွပ်ကဲရေးစက်မှာလည်း ရေဒါစနစ်တစ်ခု၊ သို့မဟုတ် အခြားသတင်း အချက်အလက်စုဆောင်းပေးသည့်အရင်းအမြစ်အချို့ထံမှ ရေဒီယိုအသံလှိုင်းထုတ်လွှင့် ချက်သင်္ကေတတစ်ခုကို လက်ခံရရှိပါသည်။ ဒုံးကျည်ပစ်လွှတ်မည့်သူအနေဖြင့် ပစ်မှတ် တစ်ခုအား လက်ခံရရှိသည့်အချိန်တွင် လုံခြုံရေးမောင်းခလုတ်ဖွင့်ခြင်း၊ လေဆာရောင် ခြည်ခလုတ်ဖွင့်ခြင်း၊ ရန်သူ/မိတ်ဆွေခွဲခြားပေးနိုင်သည့်အချက်ပြသင်္ကေတ (Indentification of Friend or Foe – IFF signal) အား ပို့လွှတ်ခြင်းတို့ကို ဆောင်ရွက်ပါသည်။ အကယ်၍ မိတ်ဆွေဖြစ်ပါက ပစ်ခတ်ရန် မဖြစ်နိုင်တော့ပေ။ ဒုံးကျည်ပစ်လွှတ်မည့်သူအနေဖြင့် ပစ်ခတ်ရန်ကောင်းမွန်သည့် လမ်းကြောင်းတစ်ခုဟု ယုံကြည်ယူဆပါက ဒုံးကျည်အား ပစ်လွှတ်ပါသည်။ ပစ်လွှတ်လိုက်သောဒုံးကျည်သည် လည်း ပစ်မှတ်ပေါ်တွင် ချိန်ရွယ်ထားသည့်လေဆာရောင်ခြည်တန်းအတွင်း အနေ အထား တစ်ပြေးညီမှန်ကန်မှုရှိနေစေရေးအတွက် ၄င်းဘာသာ ထိန်းကျောင်းပျံသန်းပါ သည်။ ပစ်မှတ်ပေါ်တွင် လေဆာရောင်ခြည်ဖြင့် ချိန်ရွယ်ထားမှုမှာ တည်ငြိမ်ရန် အလွန် လိုအပ်ပါသည်။ အကယ်၍ ပစ်မှတ်နှင့် အကွာအဝေး ၃၀ မီတာသို့ ဒုံးကျည်ရောက်ရှိခဲ့ လျှင် ယင်းပစ်မှတ်အား ထိမှန်ဖျက်ဆီးရန်အတွက် ၉၅ ရာခိုင်နှုန်း သေချာသွားပြီဖြစ် သည်။ ဒုံးကျည်၏အလယ်ပိုင်းတွင် အိပ်ဇောအခိုးများထွက်ရှိပြီး ဒုံးကျည်အမြီးပိုင်းတွင် လေဆာရောင်ခြည်တန်းစီးနင်းခြင်းစနစ်ကို တပ်ဆင်ထားသောကြောင့် တန်ပြန်ရေဒီယို အသံလှိုင်းနှောင့်ယှက်ရန် (Jamming) အတွက် အလွန်ခက်ခဲပါသည်။

RBS-70 ပခုံးထမ်းဒုံးပစ်လောင်ချာစနစ်အား အဆင့်မြှင့်တင်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်စေ ခြင်းတို့ကို ဆွီဒင်ကုမဏီအနေဖြင့် ပုံမှန်ဆောင်ရွက်ခဲ့ပါသည်။ ပထမပုံစံ Mk 0 သည် တာတိုပစ်နှင့် ပစ်မှတ်ထိမှန်မှုကန့်သတ်ချက်များရှိခဲ့သော်လည်း နောက်ထပ်ထုတ်လုပ် လိုက်သည့်ပုံစံများမှာ များစွာတိုးတက်မှုရှိခဲ့ပြီး Mk 0 နောက်တွင် Mk 1 နှင့် Mk 2 တို့မှာ အချိန်တိုခဏအတွင်း ထွက်ပေါ်လာခဲ့သည်။ RBS-70 ၏စံချိန်မှာ အကွာအဝေး ၅၀၀၀ မီတာမှ ၆၀၀၀ မီတာနှင့် အမြင့်ဆုံးပစ်လွှတ်နိုင်သည့်အမြင့်မှာ ၃၀၀၀ မီတာဖြစ် သည်။

၂၀၀၃ ခုနှစ်တွင် RBS-70 Mk 2 အား အဆင့်မြှင့်တင်ထားသည့် BOLIDE ဒုံးကျည်ပေါ် ထွက်လာခဲ့ပြီး အသံထက် ၂ ဆမြန်ကာ အကွာအဝေး ၈ ကီလိုမီတာနှင့် အမြင့် ၅ ကီလိုမီတာအထိ ပစ်ခတ်နိုင်ပါသည်။ ကျယ်ပြန့်စွာတည်ရှိနေသည့် ပစ်မှတ်အမျိုးမျိုးတို့ အား ထိထိရောက်ရောက် ထိမှန်နိုင်စေရေးအတွက် BOLIDE ဒုံးကျည်ထိပ်ဖူးအသစ်ကို ပစ်မှတ်အား မထိမှန်မီ ကြိုတင်၍ အစိတ်စိတ်အမြွှာမြွှာကွဲထွက်သွားစေရေးအတွက် ၄င်း၏စနက်တံအား လိုက်လျောညီထွေမှုရှိအောင် ပြုပြင်ဖန်တီးထားပါသည်။ ၂၀၁၁ ခု နှစ်တွင် နောက်ဆုံးပုံစံ RBS-70 New Generation (RBS-70 NG) ပခုံးထမ်းလောင်ချာ စနစ်အား Saab Bofors Dynamics ကုမဏီက စတင်မိတ်ဆက်ခဲ့ပါသည်။ ၄င်း RBS-70 NG ၏ဆိုဒ်တွင် ညကြည့်မှန်ပြောင်းတပ်ဆင်ထားမှုအပါအ၀င် အခြားအဆင့်မြှင့်တင် မှုများကို ပြုလုပ်ထားပါသည်။

ျRBS-70 ပခုံးထမ်းလောင်ချာစနစ်ကို အသုံးပြုလျက်ရှိသည့်နိုင်ငံများမှာ အာဂျင်တီးနား၊ သြစတြေးလျ၊ ဘာရိန်း၊ ဘင်္ဂလားဒေ့ရှ်၊ ဘရာဇီးလ်၊ ချက်ပြည်သူ့သမ္မတနိုင်ငံ၊ ဖင်လန်၊ ဂျာမနီ၊ အင်ဒိုနီးရှား၊ အီရန်၊ အိုင်ယာလန်၊ လတ်ဗီးယား၊ လစ်သူယေးနီးယား၊ မက္ကဆီ ကို၊ နော်ဝေး၊ ပါကစ္စတန်၊ စင်ကာပူ၊ ဆွီဒင်၊ ထိုင်း၊ တူနီးရှား၊ အာရပ်စော်ဘွားများပြည် ထောင်စုနှင့် ဗင်နီဇွဲလားနိုင်ငံတို့ဖြစ်သည်။






No comments:

Post a Comment