Saturday, May 31, 2014
ဆန္ဒပြသူများအား နှိမ်နင်းဖြိုခွဲရန်အတွက် ထိုင်းစစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များက အောင်ပွဲအထိမ်းအမှတ်ကျောက်တိုင်အား ဝင်ရောက်သိမ်းပိုက်
Bangkok Post, May 30, 2014
အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြသူများ၏ နိုင်ငံရေးစုရုံးမှုများ မပြုလုပ်နိုင်ရေးအတွက် ထိုင်းစစ်သားနှင့်ရဲတပ်ဖွဲ့ဝင်များပါဝင်သော အင်အား ၁၃၀၀ ခန့်ရှိ အဖွဲ့သည် ဘန်ကောက်မြို့ရှိ အောင်ပွဲအထိမ်းအမှတ်ကျောက်တိုင်နှင့် အနီးပတ်ဝန်းကျင် လမ်းများအား မေလ ၂၉ ရက်နေ့ ၁၅၃၀ နာရီချိန်တွင် ဝင်ရောက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
အောင်ပွဲအထိမ်းအမှတ်ကျောက်တိုင် အနီးဝန်းကျင်တွင် တရားဥပဒေစိုးမိုးရေး ရရှိရန် အတွက် ပြင်းထန်သော လှုပ်ရှားမှုတစ်ရပ်ဖြစ်သည်ဟုလည်း ဒုတိယရဲတပ်ဖွဲ့ အကြီးအကဲ ရဲဗိုလ်ချုပ်ကြီး ဘွန်ယို့စ် ဖွန်ဖန်မူအန်က မေလ ၂၉ ရက်နေ့တွင် ထုတ်ဖော် ပြောကြားခဲ့သည်။
ဘီလူးကျွန်းသား
Friday, May 30, 2014
အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွင် မည်သူ့ကိုမျှ လွတ်ငြိမ်း ချမ်းသာခွင့် မပေးနိုင်ဟု အာဏာသိမ်း အဖွဲ့ပြောကြား
Bangkok Post, May 30, 2014
ထိုင်းနိုင်ငံ နိုင်ငံတော်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကောင်စီ NCPO သည် နိုင်ငံရေးပဋိပက္ခအတွင်း ဥပဒေ ချိုးဖောက်သူများကို လွတ်ငြိမ်းချမ်းသာ ခွင့်မပေးသည့် အမျိုးသားပြန်လည် သင့်ုမြတ်ရေး အစီအစဉ်များကို စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်း လုံခြုံမှုစစ်ဆင်ရေးဌာနချုပ် ISOC မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဘန်ဖွတ် ဖွန်ဖိရန်က မေလ ၃၀ ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ပြီးခဲ့သည့် နိုင်ငံရေးပဋိပက္ခအတွင်း ဥပဒေ ချိုးဖောက်ခဲ့သူများအနေဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ရရှိရန်၊ သို့မဟုတ် တစ်စုံတစ်ရာ ခုခံချေပခွင့်ရရှိရန် မျှော်လင့်မထားသင့်ကြောင်း၊ ယင်းသို့ မျှော်လင့်ချက်မရရှိသူအများစုမှာ မေလ ၂၂ ရက်နေ့ အာဏာမသိမ်းခင်အချိန်၌ ဥပဒေချိုးဖောက်ခဲ့သူများဖြစ်ပြီး ပုံမှန် တရားဥပဒေစီရင်ရေး စနစ်အတိုင်း အမှု ရင်ဆိုင်ခွင့်ရရှိရန် မျှော်လင့်ထားသူများ ဖြစ်ကြောင်းဖြင့် ဗိုလ်မှူးကြီး ထန်ဖွတ်က ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ နိုင်ငံရေး အကျပ်အတည်း ကာလအတွင်း ပဋိပက္ခဖြစ်ပွားခဲ့သည့် နိုင်ငံရေးပါတီများ၏ ပါတီဝင်များအနေဖြင့် လွတ်ငြိမ်းချမ်းသာ ခွင့် ရရှိနိုင်ဖွယ်ရှိသည်ဟု ကောလဟာလသတင်းများ ထွက်ပေါ် လာခဲ့ပြီးနောက် ISOC ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဘန်ဖွတ်က ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဘီလူးကျွန်းသား
ဒီမိုကရေစီစနစ်သို့ ဦးတည်နိုင်ရေး အဆင့်သုံးဆင့်ပါ လမ်းပြမြေပုံတစ်ရပ်အား ထိုင်း အာဏာသိမ်းအဖွဲ့ ထုတ်ပြန်ကြေညာ
The Nation, May 30, 2014
ထိုင်းနိုင်ငံ၊ နိုင်ငံတော်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကောင်စီ (NCPO) သည်နိုင်ငံတော်ကို ဒီမိုကရေစီစနစ်သို့ သင့်တင့် လျောက်ပတ်စွာ ဦးတည်သွားနိုင်ရေး အတွက် အဆင့်(၃)ဆင့်ပါ လမ်းပြမြေပုံတစ်ရပ်အား မေလ ၂၉ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်
(NCPO)သည် ဗဟိုနှင့်ပြည်နယ်အဆင့် အစိုးရအရာရှိကြီးများနှင့်အတူ မေလ ၂၉ ရက် တွင် ဗီဒီယိုကွန်ဖရင့်တစ်ခုကျင်းပပြုလုပ်၍ ယင်းလမ်းပြမြေပုံအား ချပြခဲ့သည်ဟု (NCPO) ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်ထိုင်း စူဝါရီက ထုတ်ဖော်ပြောကြားခဲ့သည်။
ယင်းလမ်းပြမြေပုံ ပထမအဆင့်တွင် နိုင်ငံတော်အား အထူးဥပဒေပြဌာန်း၍ အုပ်ချုပ်သွားမည်၊ ဒုတိယအဆင့်တွင် အခြေခံဥပဒေသစ်၊ ပြုပြင်ပြောင်းလဲရေးကောင်စီ နှင့် ဥပဒေပြုကောင်စီတို့ကို ဖွဲ့စည်းသွားမည်၊ တတိယအဆင့်တွင်မူ ရွေးကောက်ပွဲနှင့်အတူ ပြည့်ဝသော ဒီမိုကရေစီစနစ်သို့ ဦးတည်လျှောက်လှမ်းသွားမည့် နိုင်ငံတော်အား တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ဗဟိုနှင့်ပြည်နယ်အဆင့် အစိုးရအရာရှိကြီး များအား ယင်းလမ်းပြမြေပုံအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အကြောင်းကို အသိပေးထားပြီးဖြစ်ကြောင်း၊ အစိုးရအရာရှိကြီးများအနေဖြင့် လူထု အကျိုးပြု စီမံကိန်းများအတွက် ဘတ်ဂျက်ငွေ စီမံခန့်ခွဲမှုတွင် ပူးပေါင်းပါဝင်ခွင့် ရရှိမည် ဖြစ်ကြောင်း၊ သို့သော် ဥပဒေအကန့်အသတ်များထက် ကျော်လွန်၍ ကြွေးမြီများပြား လာအောင် လုပ်ဆောင်ခွင့် မပြုကြောင်း၊ လူထု နားလည်မှု လွဲမှားစေမည့် ကိစ္စရပ်မျိုး မဖြစ်ပေါ်စေရန်အတွက် (NCPO)က လူမှုရေးသတင်းမီဒီယာများကိုလည်း အနီးကပ် ဆက်လက် စောင့်ကြည့်သွားဦးမည်ဖြစ်ကြောင်းဖြင့် ဗိုလ်မှူးကြီး ဝင်းထိုင်း က ပြောကြားခဲ့သည်ဟူ၏။
ဘီလူးကျွန်းသား
Thursday, May 29, 2014
ဒီမိုက​ရေစီလမ်း​ကြောင်းဆီသို့ ပြန်​မသွားပါက အ​ထောက်​အပံ့များ ဖြတ်​​တောက်​မည်​ဟု EU ​ပြောကြား
The Nation, May 29, 2014
ထိုင်း​အာဏာသိမ်းအစိုးရအ​နေဖြင့်​ ဖွဲ့စည်းအုပ်​ချုပ်​ပုံ အ​ခြေခံဥပ​ဒေနှင့်​ ​ရွေး​ကောက်​ပွဲများ ပြန်​လည်​ကျင်းပ ပြုလုပ်​​ပေးမည်​ဆိုလျင်​ ထိုင်းနိုင်​ငံသို့  ​ထောက်​ပံ့​ပေး​နေမှုများကို ဆက်​လက်​ ​ပေးအပ်​သွားမည်​ဖြစ်​​ကြောင်း၊ ထိုသို့ မဟုတ်​ပါက အ​ထောက်​အပံ့များကို ဆုံးရှူံးသွားရလိမ့်​မည်​ဟု EU က ​မေ ၂၈ ရက်​​နေ့တွင်​ ​ကြေညာချက်​ တစ်​​စောင်​ထုတ်​ပြန်​ခဲ့သည်​။
ဘီလူးကျွန်းသား
ဒေသတွင်း မူးယစ်ဆေးဝါး ခြိမ်းခြောက် မှုများ မြင့်တက်လာသဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် မဲခေါင်ဒေသနိုင်ငံများနှင့် UNODC တို့ တွေ့ဆုံဆွေးနွေး
The Nation, May 29, 2014
မဲခေါင်ဒေသ ၆ နိုင်ငံနှင့် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုတိုင်ရာရုံး UNODC တို့အကြား၌ နားလည်မှု စာချွန်လွှာတစ်ရပ်အား မေလ ၂၉ ရက်နေ့တွင် အစည်းအဝေးနးတစ်ရပ် ပြုလုပ်၍ သဘောတူ လက်မှတ်ရေးထိုး ခဲ့ကြောင်း၊ ယင်းအစည်းအဝေးတွင် မဲခေါင်ဒေသ စိန်ခေါ်မှုများဆိုင်ရာ သတင်းအချက်အလက် မျှဝေရေးအတွက် အဆင့်မြင့်အရာရှိကြီး များအကြား နှစ်စဉ်ပုံမှန် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရေးကို ဆွေးနွေးခဲ့ကြပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေး မဟာဗျူဟာများနှင့် ပူးပေါင်းဆောင်ရွက် မှု လုပ်ငန်းစဉ်များ ခိုင်မာအားကောင်းစေ ရေးတို့အတွက် သဘောတူညီခဲ့ကြပါသည်။
၂၀၁၄ခုနှစ် အဆင့်မြင့်အရာရှိကြီးများ ပုံမှန်အစည်းအဝေးကို တရုတ်နိုင်ငံက ဥက္ကဌအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ဘီလူးကျွန်းသား
Wednesday, May 28, 2014
စစ်ဘက်၊ ရဲဘက်အကြီးအကဲများ ဝန်ကြီးချုပ်ဟောင်း သက်ဆင်နှင့် ဆက်နွယ်မှုရှိသောကြောင့် ရာထူးမှ ဖယ်ရှားခဲ့သည်ဆိုခြင်း
Bangkok Post, May 29, 2014
ထိုင်းစစ်တပ်မှ နိုင်ငံတော်အာဏာအား ရယူခဲ့ပြီး တစ်ပတ်အကြာတွင် စစ်ဘက်၊ ရဲဘက်မှ အဆငိ့မြင့်အရာရှိကြီးအချို့ သည် ဝန်ကြီးချုပ်ဟောင်း သက်ဆင်နှင့် ဆက်နွယ်မှုရှိသည်ဟူသော အကြောင်း ပြချက်ဖြင့် ရာထူးမှ ဖယ်ရှားခြင်း ခံခဲ့ရလေသည်။ ထို့ပြင် အထူးစုံစမ်း စစ်ဆေးရေး ဌာနအကြီးအကဲနှင့် ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်တို့ အပါအဝင် ထိပ်တန်း အရာရှိကြီး ၁၀ ဦးကျော်တို့မှာလည်း အရေးမပါ အရာမရောက်သည့် ရာထူး နေရာများသို့ ပြောင်းရွှေ့ခံခဲ့ကြရလေ သည်။
ယင်းနောက် ဗိုလ်ချုပ်ကြီး ပရာယုဒ် ဦးဆောင်သည့် NCPO သည် ကာကွယ် ရေးဝန်ကြီးဟောင်း ဗိုလ်ချုပ်ကြီး ပရာစစ် အပါအဝင် အရပ်ဘက်၊ စစ်ဘက် အကြီး အကဲဟောင်းများအား NCPO ၏ အကြံ ပေးပုဂ္ဂိုလ်များအဖြစ် ခန့်အပ်ခဲ့လေသည်။
ဘန်ကောက်မြို့တော် ရဲတပ်ဖွဲ့အကြီးအကဲ ကမ်ရွန်ဝစ် ထုကရာချန်၏ နေရာတွင်လည်း လက်ထောက်ရဲတပ်ဖွဲ့အကြီးအကဲ ရဲဒုတိယဗိုလ်ချုပ်ကြီး ချက်ထစ်ချိုင်ကျင်ဒါ အား အစားထိုးခန့် အပ်ခဲ့သည်။ ရဲဒုတိယဗိုလ်ချုပ်ကြီး ချက်ထစ်သည် ပြီးခဲ့သည့် ၂၀၁၀ခုနှစ် ရှပ်နီဆန္ဒပြသမားများအား နှိမ်နင်းဖြိုခွဲခဲ့ ရာ ဗိုလ်ချုပ်ကြီး ပရာယုဒ်နှင့်အတူ လက်တွဲလုပ်ကိုင် ဆောင်ရွက်ခဲ့ဘူးသည်။ ထို့ကြောင့် ရဲဒုတိယဗိုလ်ချုပ်ကြီး ချက်ထစ်အပေါ် ဗိုလ်ချုပ်ကြီး ပရာယုဒ်က ယုံကြည်မှုရှိ သည်ဟု ယူဆရလေသည်။
ဘီလူးကျွန်းသား
Tuesday, May 27, 2014
ထိုင်းစစ်တပ်က ထုတ်ပြန်ထားသည့် မာရှယ်လောအမိန့်အား အချိန်ပြောင်းလဲလိုက်ခြင်း
Bangkok Post, May 27, 3014
ထိုင်းနိုင်ငံ၊ နိုင်ငံတော်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကောင်စီ NCPO က တစ်နိုင်ငံလုံးတွင် ထုတ်ပြန်ထားခဲ့သည့် ၆ ရက်သား မာရှယ်လောအမိန့်အား မေလ ၂၇ ရက်နေ့တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
မူလက ည ၁၀ နာရီမှ မနက် ၅ နာရီထိ အပြင်မထွက်ရဟု ထုတ်ပြန်ထားသည့် အမိန့်အား ၃ နာရီလျော့၍ ည ၁၂ နာရီမှ မနက် ၄ နာရီထိ အပြင်မထွက်ရဟု ပြန်လည် ပြင်ဆင်ခဲ့ခြင်းပင်ဖြစ်သည်။
စီးပွားရေးလုပ်ငန်းရှင်များ၊ သာမန်လက်လုပ်လက်စားများနှင့် ခရီးသွားဧည့်သည်များအတွက် အခက်အခဲများစွာ ရှိခဲ့ပြီး မကျေနပ်မှုများ ပြန့်နှံ့လာခဲ့ပြီးနောက် ယင်းကဲ့သို့ မာရှယ်လောအမိန့်အား ပြောင်းလဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဘီလူးကျွန်းသား
အာဏာသိမ်းဆန့်ကျင့်ရေး လက်နက်ကိုင်အဖွဲ့များအပေါ် ဖြိုခွဲနှိမ်နင်းရေးအား ထိုင်းကြည်းတပ် တိုးမြှင့်
Bangkok Post, May 28, 2014
ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ပြည်နယ် နှင့် လန်ပန်ပြည်နယ်တို့တွင် ရဲတပ်ဖွဲ့ဝင် များနှင့် စစ်သားများပါဝင်သော ပူးပေါင်း အဖွဲ့ဝင်များက ရှပ်နီအဖွဲ့ဝင်များ၏ နေရာများအား မေလ ၂၇ ရက်နေ့တွင် ဝင်ရောက်စီးနင်းရှာဖွေခဲ့ရာ အိပ်ဆောင် ကွန်ပျူတာများ၊ သေနတ်ကျည်ဆန်များ၊ ကျည်ကာအင်္ကျီ၊ မီးရှူးမီးပန်းများ၊ လက်နက်များအား သိမ်းဆည်းရမိခဲ့သဖြင့် အာဏာသိမ်း ဆန့်ကျင်ရေး လက်နက်ကိုင်အုပ်စုများ နှင့် ဆန့်ကျင်ရေးသမားများအား နှိမ်နင်း ဖြိုခွဲရေး လုပ်ငန်းစဉ်များကို ထိုင်းကြည်း တပ်က အရှိန်မြှင့် ဆောင်ရွက်လာကြောင်း သိရသည်။
ဘန်ကောက်အခြေစိုက် အမှတ်( ၁ ) စစ်တိုင်းမှူး ဒုတိယဗိုလ်ချုပ်ကြီး သီရာချိုင်း နကွာနစ်ခ်ျကလည်း ထိုင်းကြည်းတပ်မှ တပ်ရင်း/တပ်ဖွဲ့မှူးများ၊ ရဲတပ်ဖွဲ့မှူးများ၊ ပြည်တွင်း လုံခြုံရေး စစ်ဆင်မှုဌာနချုပ်မှ အရာရှိများနှင့် လုံခြုံရေး လုပ်ငန်းစဉ်များ ဆိုင်ရာ အစည်းအဝေးတစ်ရပ်ကို မေလ ၂၇ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။
ထိုင်းဘုရင်ထံမှ NCPO ဥက္ကဌအဖြစ် ခန့်အပ်သည့် အမိန့်စာအားလက်ခံရရှိခဲ့ ပြီး ဗိုလ်ချုပ်ကြီး ပရာယုဒ်က မူဝါဒများ ချမှတ်ပေးပြီးနောက် ယင်းအစည်းအဝေး ပြုလုပ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ဘီလူးကျွန်းသား
Monday, May 26, 2014
အာဏာချုပ်ကိုင်ထားလိုခြင်းမရှိဟု ဗိုလ်ချုပ်ကြီး ပရာယုဒ် ပြောကြား
Bangkok Post, May 27, 2014
NCPO အနေဖြင့် အာဏာချုပ်ကိုင်ထားလိုခြင်းမရှိကြောင်း၊ သို့သော် နိုင်ငံတော် ရှေ့ဆက်သွားနိုင်ရေးအတွက် နိုင်ငံတော်အုပ်ချုပ်ရေးကို ထိန်းသိမ်းထားခဲ့ခြင်းဖြစ် ကြောင်းဖြင့် ဗိုလ်ချုပ်ကြီး ပရာယုဒ် ဦးဆောင်သည့် NCPO က မေလ ၂၆ ရက်နေ့တွင် အခိုင်အမာ ပြောကြားခဲ့သည်။
မေလ ၂၆ ရက်နေ့ နံနက်ပိုင်းက ဘန်ကောက်မြို့၊ ရတ်ချာဒန်နွန်ရိပ်သာလမ်းရှိ ထိုင်းကြည်းတပ်ဌာနချုပ်ရုံးတွင် NCPO ဥက္ကဌအဖြစ် ထိုင်းဘုရင်မှ အတည်ပြုခန့်အပ်မိန့် အား လက်ခံရယူခဲ့ပြီးနောက် ဗိုလ်ချုပ်ကြီး ပရာယုဒ်က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
ယင်းကြေညာချက်ထဲတွင် ဗိုလ်ချုပ်ကြီး ပရာယုဒ်က “ မိမိတို့အနေဖြင့် အာဏာအား ဆုပ်ကိုင်ထားလိုခြင်းမရှိကြောင်း၊ သို့သော် နိုင်ငံတော် ရှေ့ဆက်သွားနိုင်ရေးအတွက် ပြဿနာရပ်များအား ဖြေရှင်းပေးလိုကြောင်း၊ ထိုသို့လုပ်ဆောင်ရန် မိမိထံတွင် စွမ်းဆောင်ရည် ရှိ/မရှိ အချို့က မေးခွန်းထုတ်နိုင်ဖွယ်ရှိကြောင်း၊ သို့သော် သန္နိဌာန်စိတ်၊ ရည်မှန်းချက်ကောင်းတို့ဖြင့် အရာရာကို မိမိလုပ်ဆောင်နိုင်ကြောင်း၊ ထိုင်းနိုင်ငံသည် ပြဿနာရပ်များ၊ ပဋိပက္ခများအကြားတွင် ပိတ်မိနေခဲ့သည်မှာ ၉ နှစ် ရှိခဲ့ပြီဖြစ်ကြောင်း၊ ယခုအချိန်သည် တိုင်းပြည်အတွက် ပျော်ရွှင်မှုများကို ဘက်ပေါင်းစုံ တို့မှ ဆောင်ကြဉ်းပေးရမည့်အချိန်ပင် ဖြစ်ကြောင်း၊ NCPO သည် ထိုင်းတပ်မတော်၏ ကောင်းကျိုးအတွက်သာမဟုတ်ဘဲ ထိုင်းလူမျိုးအားလုံးတို့၏ ကောင်းကျိုးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အား နောက်ပြန်လှည့်မည်မဟုတ်ဘဲ အမျိုးသားသွေးစည်းညီညွတ်ရေးအတွက် ရှေ့ဆက်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံရေး အကြပ်အတည်းကို ဘက်ပေါင်းစုံတို့က အတူတကွ ပူးပေါင်းတိုက်ဖျက်သွား ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဆို၏။
တချိန်တည်းမှာပင် ထိုင်းဘုရင့်ကြည်းတပ် ဒုတိယပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်ထိုင်းစူဝါရီက ဝန်ကြီးချုပ်ဟောင်း မစ္စ ယင်းလပ်ရှင်နာဝပ်ထရာအား ပြန်လွှတ်ပေး လိုက်ပြီဖြစ်ကြောင်း မေလ ၂၆ ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ဘီလူးကျွန်းသား
ဒုတိယဝန်ကြီးချုပ်ဟောင်း မစ္စတာ ဆူထစ်အား လူသတ်မှုဖြင့်တရားစွဲဆို
Bangkok Post, May 26, 2014
ပြီးခဲ့သည့် ၂၀၁၀ခုနှစ် ရှပ်ဆန္ဒပြပွဲအား စစ်တပ်မှ အင်အားသုံးနှိမ်နင်းဖြိုခွဲရာတွင် လူပေါင်း ၉၈ ဦးသေဆုံးခဲ့ပြီး ရာပေါင်းများစွာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ယင်းကိစ္စရပ်တွင် စစ်တပ်အား အမိန့်ပေးစေခို၈်းခဲ့သူ ( ထိုစဉ်က ဒုတိယဝန်ကြီးချုပ် ) မစ္စတာဆူထစ်သောင်န်ဆူဘန်အား လူသတ်မှုဖြင့် ရာဇဝတ်တရားရုံးတွင် တရားစွဲဆိုထားခဲ့သည်။
အစောပိုင်းကလည်း ဝန်ကြီးချုပ်ဟောင်း အဘီဆစ်အပေါ် အလားတူ စွဲချက်မျိုး စွဲဆိုထားခဲ့ဘူးသည်။
NCPO မှ မေလ ၂၆ရက်နေ့ နံနက်ပိုင်းက မစ္စတာ ဆူထစ်အား ထိန်းသိမ်းထားရာမှ လွှတ်ပေးခဲ့ပြီးနောက် ရာဇဝတ်တရားရုံးသို့ အမှုစစ်ဆေးကြားနာရန်အတွက် လုံခြုံရေးစောင့်အရှောက်များဖြင့် ပို့ဆောင်ပေးခဲ့သည်။ မစ္စတာ ဆူထစ်ကမူ ယင်းစွပ်စွဲချက်အား ငြင်းဆို ထားခဲ့သည်။
နောက်ပိုင်းတွင် မစ္စတာ ဆူထစ်အနေဖြင့် ရာဇဝတ်တရားရုံးတွင် ပုံမှန်အားဖြင့် တရားရင်ဆိုင်ခဲ့ပေသည်။
မစ္စတာ ဆူထစ်၏ အကျိုးဆောင် ရှေ့နေကလည်း မစ္စတာ ဆူထစ် အာမခံရရှိရေး အာမခံကြေးဖြင့် ဘဏ်တစ်ခုတွင် ဘတ်ငွေ ၆ သိန်း အာမခံကြေး တင်သွင်းခဲ့သည်။ ရာဇဝတ်တရားရုံးကလည်း မစ္စတာ ဆူထစ်၏ အကျိုးဆောင်ရှေ့နေ တင်သွင်းသော အာမခံကြေးကို လက်ခံ အတည်ပြုခဲ့သည်။ လာမည့် ဇူလိုင်လ ၂၈ ရက်နေ့တွင် ပထမဆုံးကြားနာစစ်ဆေးမှုကို ပြုလုပ်မည်ဖြစ်သောကြောင့် မစ္စတာ ဆူထစ်အနေဖြင့် ရာဇဝတ်တရားရုံးသို့ ထိုနေ့တွင် သတင်းပို့ရန် လိုအပ်ပေသည်။
ဘီလူးကျွန်းသား
Sunday, May 25, 2014
ဒီမိုကရေစီစနစ်အား အကာအကွယ်ပေးရန် ပျက်ကွက်ခဲ့သဖြင့် လူထုအား အဘီဆစ် တောင်းပန်
Bangkok Post, May 25, 2014
ဒီမိုကရက်ပါတီခေါင်းဆောင် အဘီဆစ်က မေလ ၂၅ ရက်တွင် ၎င်း၏ ကိုယ်ပိုင် Facebook တွင် ဒီမိုကရေစီစနစ်အား အကာအကွယ်ပေးနိုင်ခဲ့ခြင်း မရှိသည့်အတွက် လူထုအား တောင်းပန်သည့် စာတိုတစ်စောင် ရေးသားခဲ့သည်။
ယင်းစာတိုတွင် အဘီဆစ်ရေးသားထားသည်မှာ “ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်တွင် နိုင်ငံတော်ပြုပြင်ပြောင်းရေး လုပ်ငန်းစဉ်အား တွန်းအားပေးဆောင်ရွက်နိုင်ခဲ့ခြင်း မရှိမှု၊ ဒီမိုကရေစီစနစ်အား အကာအကွယ်မပေးနိုင်ခဲ့မှုတို့အတွက် ဝမ်းနည်းပါကြောင်း” ဟု ဖော်ပြထားသည်ဟူ၏။
ဘီလူးကျွန်းသား
သတင်းမီဒီယာထုတ်လွှင့်မှု လွတ်လပ်ခွင့်ရရှိရန် သတင်းမီဒီယာများ တောင်းဆို
Bangkok Post, May 25, 2014
အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီါ် ပရာယုဒ် ဦးဆောင်သည့် (NPOMC)၏ သတင်းမီဒီယာလွတ်လပ်ခွင့် ထိန်းချုပ်ထားမှုအား ရုပ်သိမ်းပေးရန်နှင့် ကျန်သတင်း မီဒီယာများအနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်သွားကြရန် သတင်းမီဒီယာနှင့်ဆိုင် သော ဌာန(၄)ခုတို့မှ လက်မှတ်ရေးထိုးတောင်းဆိုထားသည့် စာတစ်စောင်အား မေလ ၂၄ ရက်နေ့တွင် (NPOMC)သို့ ပေးပို့ခဲ့လေသည်။
ယင်း သတင်းမီဒီယာနှင့်ဆိုင်သော ဌာန(၄)ခုတို့မှာ ထိုင်းသတင်းစာဆရာများအသင်း၊ ထိုင်းအမျိုးသား စာနယ်ဇင်းကောင်စီ၊ သတင်းစာနှင့် အသံလွှင့်ဌာနအစည်းအရုံးနှင့် ထိုင်းနိုင်ငံ သတင်းထုတ်လွှင့်ရေးကောင်စီတို့ပင် ဖြစ်သည်။
ဂြိုလ်တုနှင့် ဒစ်ဂျစ်တဲလ် တီဗွီအစီအစဉ် အများအပြားတို့မှာ ရွှေ့ဆိုင်းခြင်းခံထားရသလို ရပ်ကွက် ရေဒီယိုအသံလွှင့်ဌာနများစွာတို့မှာလည်း အသံလွှင့်ခွင့် မရရှိကြောင်းနှင့် ယင်းသတင်းမီဒီယာနှင့်ဆိုင်သော ဌာန(၄)ခု၏ စာတွင် ဖော်ပြထားကြောင်း သိရသည်။
ဘီလူးကျွန်းသား
သီးခြားနေရာများတွင် ချုပ်နှောင်ထားပေးရန် အကျဉ်းသားများ တောင်းဆို
Bangkok Post, May 25, 2014
နိုင်ငံရေးပြိုင်ဘက်များအား တစ်ဦးနှင့်တစ်ဦး ချစ်ခင်မှုနှင့် ငြိမ်းချမ်းရေး ရရှိစေလိုသည့် အတွက် အဆောက်အအုံတစ်ခုတည်းအတွင်း နိုင်ငံရေးပြိုင်ဘက်များအား စုပေါင်းထား ရှိခဲ့သည့် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာယုဒ် ၏ အစီအစဉ်မှာ စီစဉ်ထား သလို ဖြစ်မလာခဲ့ပေ။
ထိုင်းနိုင်ငံအလယ်ပိုင်း အယုဒ္ဒယပြည်နယ်၊ ဝမ်ဒ္ဒိုင်ခရိုင်အတွင်းရှိ စစ်စခန်းတစ်ခုတွင် ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရသော ဖွှေ့ထိုင်းပါတီ၊ ရှပ်နီအဖွဲ့နှင့် ပြည်သူ့ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးကော်မတီ (ရှပ်ဝါအဖွဲ့)တို့မှ ဒါဇင်ပေါင်းများစွာသော ခေါင်းဆောင် တို့က အမိုးအကာတစ်ခုတည်းအောက်တွင် အတူတကွ အိပ်စက်လိုခြင်းမရှိဟု ငြင်းဆို ပြောကြားခဲ့ကြလေသည်။
နောက်ဆုံးတွင် ရှပ်ဝါအဖွဲ့အတွက် အဆောက်အအုံ(၁)လုံး၊ ရှပ်နီနှင့် ဖွှေ့ထိုင်းပါတီဝင် ခေါင်းဆောင်များအတွက် အဆောက်အအုံ(၂)လုံး ခွဲခြားထားရှိပေးရန် ထိုင်းကြည်းတပ် အာဏာပိုင်များက သဘောတူခဲ့ရသည်ဟူ၏။
ဘီလူးကျွန်းသား
ထိုင်းအထက်လွှတ်တော်အား ဖျက်သိမ်းပြီး ထိုင်းဘုရင့်ရဲတပ်ဖွဲ့အကြီးအကဲအား ရာထူးမှ ဖယ်ရှားခဲ့ခြင်း
Bangkok Post, May 24, 2014
အာဏာသိမ်းခေါင်းဆောင် ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာသည် ၎င်း၏ သြဇာအာဏာ ခိုင်မာတောင့်တင်းစေရေးအတွက် အထက်လွှတ်တော်အား မေလ ၂၄ ရက်နေ့ ညဦးပိုင်းတွင် ဖျက်သိမ်းခဲ့ပြီး ထိုင်းဘုရင့် ရဲတပ်ဖွဲ့အကြီးအကဲ ရဲဗိုလ်ချုပ်ကြီး အဒူလ်စိန်စင်ကဲယော့ အား ရာထူးမှဖြုတ်ချ၍ ဝန်ကြီးချုပ်ရုံး၏ မထင်မရှားနေရာတစ်ခုတွင် ချောင်ထိုးထားခဲ့လေသည်။
အထက်လွှတ်တော်အား ဖျက်သိမ်းလိုက်ခြင်းမှာ လွှတ်တော်၏လုပ်ပိုင်ခွင့် အားလုံးကို နိုင်ငံတော်ငြိမ်းချမ်းရေးနှင့် တရားဥပဒေထိန်းသိမ်းရေးကောင်စီ (NPOMC)က ဆက်လက် လုပ်ဆောင်သွားမည်ဟူသည့် သဘောပင်ဖြစ်သည်။
ယခုအချိန်တွင် အောက်လွှတ်တော်နှင့် အထက်လွှတ်တော်နှစ်ရပ်စလုံး၏ လုပ်ပိုင်ခွင့် များအား မိမိ လွှဲပြောင်းရယူခဲ့ပြီဖြစ်ကြောင်း၊ လွှတ်တော်၏ အတည်ပြုချက် လိုအပ်သည့် မည်သည့်ကိစ္စမျိုးကိုမဆို မိမိဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ပရာယုဒ်က ထုတ်ပြန်ကြေညာခဲ့လေသည်။
မထင်မရှားရာထူးနေရာများသို့ ချောင်ထိုးခြင်းခံခဲ့ရသူများထဲတွင် အထူးစုံစမ်းစစ်ဆေး ရေးဌာန အကြီးအကဲ ထာရစ်ပန်ဒစ်နှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်း ဝန် ဗိုလ်ချုပ်ကြီး နီပက်ထောင်န်လတ်တို့လည်း ပါဝင်ခဲ့လေသည်။
သို့ဖြစ်၍ လစ်လပ်သွားသောရာထူးနေရာတွင် ဗိုလ်ချုပ်ကြီး ပရာယုဒ် ယုံကြည်စိတ်ချရသူများကို အစားထိုးခန့်အပ်ခဲ့လေသည်။ လက်ရှိ ဒုတိယရဲတပ်ဖွဲ့ အကြီးအကဲ ရဲဗိုလ်ချုပ်ကြီး ဝပ်ချရာဗိုလ် ပရာစန်ရက်တစ် အား ခေတ္တ ရဲတပ်ဖွဲ့အကြီး အကဲအဖြစ်လည်းကောင်း၊ လက်၇ှိ ဒုတိယရဲတပ်ဖွဲ့ အကြီးအကဲတစ်ဦးဖြစ်သူ ရဲဗိုလ်ချုပ်ကြီး ချက်ချာဝေါ် စုစ္စမ်ကျစ်အား အထူးစုံစမ်းစစ်ဆေးရေးဌာန အကြီးအကဲ အဖြစ်လည်းကောင်း၊ ဗိုလ်ချုပ်ကြီး စူရာဘတ် ကန်ကျနုာရတ် အား ကာကွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်အဖြစ်လည်းကောင်း ခန့်အပ်ခဲ့လေသည်။
နိုင်ငံတွင်းရှိ ပဋိပက္ခများအား ဖြေရှင်းရန်နှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် တိုင်းကြည်းတပ်မှ အာဏာသိမ်းခြင်း၊ မာရှယ်လောအမိန့် ထုတ်ပြန်ခြင်းတို့နှင့် စပ်လျဉ်း သည့် အစီရင်ခံစာများကိုလည်း ထိုင်းဘုရင်က လက်ခံအသိအမှတ်ပြုခဲ့ပြီး ဖြစ်သည်ဟု ဗိုလ်ချုပ်ကြီး ပရာယုဒ်က ပြောကြားခဲ့သည်။
(NPOMC)ကလည်း ထိုင်းဘုရင်ထံသို့ ဘုရင့်အတွင်းဝန်ရုံးမှတစ်ဆင့် မေလ ၂၀ ရက်နေ့ နှင့် မေလ ၂၂ ရက်နေ့တို့တွင် အစီရင်ခံစာများအား တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း၊ ဘုရင့် အတွင်းဝန်ရုံးကလည်း အစီရင်ခံစာများအား လက်ခံသဘောတူကြောင်းဖြင့် မေလ ၂၄ ရက်နေ့ညတွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ဘီလူးကျွန်းသား
Saturday, May 24, 2014
အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုများ အစပြုခဲ့ပြီလား
Bangkokpost, May 25, 2014
ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း ခွမ်ခန်ပြည်နယ်တွင် မေလ ၂၃ ရက်နေ့ညက လက်နက် ကိုင်ရှပ်နီအဖွဲ့ဝင် ၂၁ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းလက်နက်ကိုင် ရှပ်နီအဖွဲ့ဝင်များအား အခြားတိုက်ခိုက်မှုများ ပြုလုပ်ရန်အတွက် ဘန်ကောက်မြို့မှ ရှပ်နီခေါင်းဆောင် တစ်ဦးက ညွှန်ကြားထားကြောင်း စစ်ဘက်သတင်းတစ်ရပ်က မေလ ၂၄ ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ဖမ်းဆီးခံ လက်နက်ကိုင်ရှပ်နီအဖွဲ့ဝင် ၂ ဦးဖြစ်သည့် မစ္စတာ မီချိုင်နှင့် မစ္စတာ ပရာထင် တို့မှာ ခွမ်ခန်ပြည်နယ်တွင်း ဆူပူအကြမ်းဖက်မှုပြုလုပ်ရန် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် ခွမ်ခန်ပြည်နယ်တွင်းရှိ တိုက်ခန်းတစ်ခု၏ လေးထပ်မြောက်တွင် အခန်းများ ငှားရမ်းထားကြောင်း၊ ယင်းဖမ်းဆီးခံ လက်နက်ကိုင် ရှပ်နီအဖွဲ့ဝင် ၂၁ ဦးတို့အား ခွမ်ခန် ပြည်နယ်တွင်းရှိ စီရိပက်ချရင် စစ်စခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။
အမှတ်(၂)စစ်တိုင်း ဒုတိယစစ်တိုင်းမှူး ထဝပ်စွတ်ပလန်၏ ပြောကြားချက်အရ ထိုင်းစစ်ဘက်အနေဖြင့် ခွမ်ခန်၊ ကာလာစင်၊ ဥဒုံဌာနီနှင့် နခွန်ရတ်ချာစီမာ ပြည်နယ် ၄ ခုတို့တွင် အနီးကပ်စောင့်ကြည့်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံရေးလောကမှ ဦးဆောင်ပါတီတစ်ခုဖြစ်သည့် ဖွှေ့ထိုင်းပါတီသတင်းတစ်ရပ် ကမူ အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုများ အရှိန်အဟုန်မြင့်တက်လာလိမ့်မည် ဖြစ်သည်ဟု ယုံကြည်ထားကြောင်း ပြောကြားခဲ့သည်ဆို၏။
ဘီလူးကျွန်းသား
ဖမ်းဆီးထိန်းသိမ်းခံ နိုင်ငံရေးခေါင်းဆောင်များအခြေအနေ
Bangkokpost, May 25, 2014
ထိုင်းနိုင်ငံရေးလောကမှ ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ၊ ယာယီအစိုးရအဖွဲ့မှ ကိုယ်စားလှယ်၊ ဝန်ကြီးချုပ်ဟောင်း မစ္စ ယင်းလပ်နှင့် ဝန်ကြီးများ၊ ရှပ်နီ၊ ရှပ်ဝါအဖွဲ့တို့မှ ခေါင်းဆောင်များအပါအဝင် လူပေါင်း ၁၁၄ ဦးတို့ကို မေလ ၂၃ ရက်နေ့တွင် ထိုင်းကြည်းတပ်မှ ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။
ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသူများအနေဖြင့် ၎င်းတို့၏အချိန်များကို နည်းလမ်းမျိုးစုံဖြင့် ကုန်ဆုံးစေလျက်ရှိသည်။ ထိုင်းကျောင်းသားများ ကွန်ရက်နှင့် ထိုင်းနိုင်ငံ ပြုပြင်ပြောင်းလဲရေးလူထုအဖွဲ့မှ အကြံပေးပုဂ္ဂိုလ် နီထိထုန် လန်လူဝါဆိုလျင် မေလ ၂၄ ရက်နေ့က ထိုင်းကြည်းတပ်ဝန်းအတွင်း ဖြည်းဖြည်းမှန်မှန် အပြေးလေ့ကျင့် လျက်ရှိသည်။ သို့သော် လုံခြုံရေးအစောင့်များက နီထိထုန်နှင့် အခြားဖမ်းဆီးထိန်းသိမ်း ခံပုဂ္ဂိုလ်များအား ဝေးဝေးလံလံသို့ သွားခွင့်မပြုပေ။ အနီးဝန်းကျင်တွင် မြွေဟောက်များ ရှိသည်ဟုလည်း လုံခြုံရေးအစောင့်များက ဖမ်းဆီးထိန်းသိမ်းခံ ပုဂ္ဂိုလ်များအား သတိပေး ပြောကြားထားပါသည်။
ပြည်သူ့ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး ကော်မတီ ဒုတိယခေါင်းဆောင် အန်ချလီ ပိုင်ရီရတ်ဆိုလျင် သူမ၏အချိန်များကို သတင်းစာဖတ်ခြင်း၊ နံနက်ခင်း အထူးသတင်းများ နားထောင်ခြင်းတို့ဖြင့် ကုန်ဆုံးစေလျက်ရှိသည်။ သို့သော် သတင်းများအရ ဦးဆောင်ပါတီတစ်ခုဖြစ်သည့် ဖွှေ့ထိုင်းပါတီနှင့် အာဏာရှင်ဆန့်ကျင် ရေး ဒီမိုကရေစီသွေးစည်းညီညွတ်ရေးတပ်ဦး (ရှပ်နီအဖွဲ့)ဝင်များအနေဖြင့်မူ ဖဲရိုက်၍ ၎င်းတို့၏ အချိန်များကို ကုန်ဆုံးစေလျက်ရှိကြောင်း သိရှိရသည်။
ဖွှေ့ထိုင်းပါတီမှ သဘာဝပတ်ဝန်းကျင်ရေးရာဝန်ကြီးဟောင်း ပရီချာ ရန်ဆွန်ဘွန်ဆပ် ကမူ ဆန့်ကျင်ဘက်အဖွဲ့အစည်းဖြစ်သည့် ပြည်သူ့ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး ကော်မတီခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရန် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ပေ။
ထိုင်းကြည်းတပ်မှ ဖမ်းဆီးထိန်းသိမ်းထားသူများအားလုံးတို့က ၎င်းတို့အနေဖြင့် ယခု ဖမ်းဆီးထိန်းသိမ်းခံထားရသောနေရာတွင် ၇ ရက်သာ နေထိုင်ရမည်ဟု ပြောကြားလျက် ရှိပေသည်။ သို့သော် အချို့ ပုဂ္ဂိုလ်များကမူ မေလ ၂၅ ရက်နေ့တွင် လွတ်မြောက်လိမ့်မည်ဟု မျှော်လင့်ထားကြသည်။ အကြောင်းကား အချို့သူများတွင် ကျန်းမာရေးပြဿနာများ ရှိသောကြောင့်ပင်ဖြစ်သည်။
ရှပ်နီခေါင်းဆောင်တစ်ဦးဖြစ်သူ ကွမ်ချိုင်း ပိုင်ပနာဆိုလျင် လွန်ခဲ့သည့် လပေါင်းများစွာ က ရရှိထားသော သေနတ်ဒဏ်ရာကို အပြည့်အဝ ကုသရခြင်းမရှိသေးပေ။ ပြည်သူ့ ဒီမို ကရက်တစ် ပြုပြင်ပြောင်းလဲရေး ကော်မတီအဇွဲ့ဝင်များဖြစ်သည့် စီရိဝုန်မွန်ထာနှင့် ဗိုလ်ချုပ်ကြီး ပရိချာ လန်စူဟန်တို့တွင် ဆီးချိုသွေးချိုရောဂါများရှိကြသည်။ ထို့ကြောင့် ဆေးအကာအကွယ်ပေးရေး ပိုမိုရရှိစေရန် သင့်တော်သည့်နေရာတစ်ခုသို့ ၎င်းတို့အား ပြောင်းရွှေ့ပေးရန် တောင်းဆိုထားသည်။
သတင်းတစ်ရပ်၏ အဆိုအရမူ ဖမ်းဆီးထိန်းသိမ်းခံ ပုဂ္ဂိုလ်များအား အဝတ်အစားလဲရန် နှင့် သွားတိုက်ဆေး သွားပွတ်တံများအပါအဝင် အခြေခံ လူသုံးကုန်ပစ္စည်းများအား သုံးစွဲခွင့်ပြုထားကြောင်း သိရသည်။ နိုင်ငံတော် ငြိမ်းချမ်းရေးနှင့် တရားဥပဒေထိန်းသိမ်း ရေးကောင်စီ(NPOMC)မှ အာဏာသိမ်းပြီးနောက် ၎င်းပုဂ္ဂိုလ်များအား လာရောက် သတင်းပို့ရန် အကြောင်းကြားခဲ့သည့်အချိန်အထိ ၎င်းပုဂ္ဂိုလ်များအနေဖြင့် ဖမ်းဆီးထိန်းသိမ်းခံရလိမ့် မည်ဟု သိရှိထားခြင်းမရှိကြပေ။ ၎င်းနိုင်ငံရေးခေါင်းဆောင် များအား ဖမ်းဆီးထိန်းသိမ်းထားရခြင်းမှာ အာဏာသိမ်းမှု ဆန့်ကျင်ရေး အထောက်အကူပြု စုရုံးဆန္ဒပြပွဲများတွင် ပူးပေါင်းဆောင်ရွက်သွားမည်ကို (NPOMC)က စိုးရိမ်သောကြောင့်ပင်ဖြစ်သည်။
(NPOMC) ဒုတိယ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်ထိုင်းစူဝါရီ၏ ပြောကြားချက်အရ ဝန်ကြီးချုပ်ဟောင်း မစ္စ ယင်းလပ်နှင့် နိုင်ငံရေးပဋိပက္ခအတွင်း ပါဝင်ခဲ့ကြသည့် နှစ်ဖက် အဖွဲ့အစည်းမှ ခေါင်းဆောင်များအား သင့်လျော်သည့်နေရာများတွင် ထိန်းသိမ်းထား ကြောင်း၊ နောက်ထပ် ၃ ရက်မှ ၅ ရက်အထိ ဆက်လက်ဖမ်းဆီးထားနိုင်ဖွယ်ရှိကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံရေးလောကတွင် ဦးဆောင်ပါတီတစ်ခုဖြစ်သည့် ဖွှေ့ထိုင်းပါတီမှ ဖမ်းဆီးထိန်း သိမ်းခံ ပါတီဝင်များအား အခြားသောနေရာများတွင် ကောင်းစွာ ဖမ်းဆီးထိန်းသိမ်းထား ကြောင်း၊ ၎င်းပါတီဝင်များအနေဖြင့် တယ်လီဖုန်းပြောဆိုခွင့် ပြုထားသော်လည်း သက်ဆိုင်ရာသို့ ခွင့်ပြုမိန့်တောင်းခံရကြောင်း သတင်းတစ်ရပ်၏ အဆိုအရ သိရှိရသည်။
ဘီလူးကျွန်းသား
ဝန်ကြီးချုပ်ဟောင်း မစ္စ ယင်းလပ် အား ကောင်းမွန်စွာ ထိန်းသိမ်းထားရှိပြီး မကြာမီ ပြန်လွှတ်ပေးနိုင်ဖွယ်ရှိ
BKK, May 24, 2014
ဝန်ကြီးချုပ်ဟောင်း မစ္စ ယင်းလပ်နှင့် နိုင်ငံရေးခေါင်းဆောင်များအား ကောင်းစွာ ထိန်းသိမ်းထားရှိသည်ဟု အာဏာသိမ်းခေါင်းဆောင်၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်ထိုင်းဆူဝါရီ က မေလ ၂၄ ရက်နေ့တွင်ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခု တွင် ထုတ်ဖော်ပြောကြားကြောင်း သိရှိရသည်။
မာရှယ်လောဥပဒေအရ လူပုဂ္ဂိုလ်တစ်ဦးကို ပြစ်ဒဏ်မချမှတ်ဘဲ (၇)ရက်တိုင် ချုပ်နှောင် ထားနိုင်ကြောင်း၊ ဝန်ကြီးချုပ်ဟောင်း အဘီဆစ်နှင့် ဒီမိုကရက်ပါတီ ခေါင်းဆောင်တို့ကို မူ အာဏာသိမ်း ကြေညာချက်ထွက်ပေါ်လာပြီးနောက် မကြာခင် ပြန်လည်လွှတ်ပေး ခဲ့ကြောင်း၊ နိုင်ငံရေး အဓိကရုဏ်းများတွင် အဘီဆစ်ပါဝင်ခဲ့သည့် အခန်းကဏ္ဍအပေါ် အခြေခံ၍ (NPOMC)က ဆုံးဖြတ်ခဲ့သည့်ဟု ဗိုလ်မှူးကြီး ဝင်ထိုင်းဆူဝါရီ က ပြောကြား ခဲ့ကြောင်းသိရှိသည်။
ဘီလူးကျွန်းသား
ဘန်ကောက်မြို့တွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး အုပ်စုငယ်များ စုရုံးဆန္ဒပြ
BKK, May 24, 2014
ဒီမိုကရေစီအဖွဲ့ တမ္မဆတ် အုပ်စုဟု အမည်တပ်ထားသော လူထု ၅၀ ကျော်ခန့်နှင့် ကျောင်းသားများသည် ဘန်ကောက်မြို့ ရတ်ချာဒန်နွန် ရိပ်သာလမ်းရှိ ထမ္မဆတ် တက္ကသိုလ်မှ ဒီမိုကရေစီကျောက်တိုင်တစ်လျောက် စုရုံးချီတက်ခဲ့ကြပြီး နိုင်ငံရေးတွင် စစ်တပ်မှ ဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်သည့်အကြောင်း ဖော်ထုတ် ပြသခဲ့ကြသည်။
တချိန်တည်းမှာပင် အခြားဒီမိုကရေစီရေး လှုပ်ရှားသူ ၁၀၀ ခန့်ကလည်း ဘန်ကောက်မြို့ အနုပညာနှင့် ယဉ်ကျေးမှုဌာနရှေ့တွင် စုံရုံးခဲ့ကြသည်။ ၎င်းတို့သည် မာရှယ်လောအမိန့်ထုတ်ပြန်ခဲ့သည့် မေလ ၂၀ ရက်နေ့နောက်ပိုင်းတွင် စုရုံးခဲ့ကြသူများ ဖြစ်ပြီး အာဏာသိမ်းမှုကို ပြစ်တင်ရှုတ်ချလျက်ရှိကြောင်း သိရသည်။
ယင်းဒီမိုကရေစီရေး လှုပ်ရှားသူများထဲမှ သီးခြားလွတ်လပ်သည့် သတင်းသမားများနှင့် လူမှုရေးလှုပ်ရှားသူများပါဝင်ပြီး ၎င်းတို့က နိုင်ငံရေး ပဋိပက္ခအား ဖြေရှင်းရန်အတွက် ရွေးကောက်ပွဲ ကျင်းပပေးရန် တောင်းဆိုကြောင်း သိရှိရသည်။
ဘီလူးကျွန်းသား
Friday, May 23, 2014
ဝန်ကြီးချုပ်ဟောင်း မစ္စ ယင်းလပ် (NPOMC)သို့ သွားရောက်သတင်းပို့ခဲ့သည်ဆိုခြင်း
The Nation, May 23, 2014
ဝန်ကြီးချုပ်ဟောင်း မစ္စ ယင်းလပ် ရှင်နာဝပ်ထရာ သည် မေလ ၂၃ ရက်နေ့ မွန်းတည့် ချိန်ခန့်တွင် ဘန်ကောက်မြို့ THEWES ဧရိယာတွင်းရှိ ထိုင်းကြည်းတပ် ကဇာတ်ရုံသို့ သွားရောက်သတင်းပို့ခဲ့ကြောင်း သိရသည်။
သူမသည် (NPOMC)မှ ဆင့်ခေါ်ထားသည့် ထိုင်းနိုင်ငံရေးလောကမှ အဓိကပုဂ္ဂိုလ်ကြီး များစာရင်းတွင် တစ်ဦးအပါအဝင်ဖြစ်သည်။
ဘီလူးကျွန်းသား
ထိုင်းနိုင်ငံရေးလောကမှ အဓိကပုဂ္ဂိုလ်ကြီး ၁၁၄ ဦးအား ထိုင်းကြည်းတပ်ဦးစီးချုပ် ဆင့်ခေါ်
Bangkok Post, May 23, 2014
ထိုင်းကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ဦးဆောင်သည့် (NPOMC)သည် ထိုင်းနိုင်ငံရေးလောကမှ အဓိကပုဂ္ဂိုလ်ကြီး ၁၁၄ ဦးတို့အား မေလ ၂၃ ရက်နေ့တွင် လာရောက်သတင်းပို့ကြရန် ဆင့်ခေါ်ခဲ့သည်။
ယင်းအဓိကပုဂ္ဂိုလ်ကြီးများထဲတွင် ထိုင်းတပ်မတော်နှင့် ရဲတပ်ဖွဲ့တို့မှ အဆင့်မြင့်အရာရှိကြီးဟောင်းများ၊ အဓိကနိုင်ငံရေးသမားများ၊ ထိုင်းနိုင်ငံရေး ပဋိပက္ခတွင် ပါဝင်ခဲ့ကြသည့် အဓိကဆန္ဒပြခေါင်းဆောင်များ ပါဝင်ပါသည်။
ယင်းအဓိကပုဂ္ဂိုလ်ကြီး ၁၁၄ ဦးတို့သည် ဘန်ကောက်မြို့၊ THEWES ဧရိယာအတွင်းရှိ ထိုင်းကြည်းတပ် ကဇာတ်ရုံသို့ မေလ ၂၃ ရက်နေ့ ၁၀၀၀ နာရီချိန်တွင် သွားရောက် သတင်းပို့ကြရမည်ဖြစ်ကြောင်း သိရသည်။
ဘီလူးကျွန်းသား
ထိုင်းနိုင်ငံတွင်းရှိ နိုင်ငံခြားသံတမန်များအား ထိုင်းကြည်းတပ်ဦးစီးချုပ်ဖိတ်ကြား
Bangkok Post, May 23, 2014
ထိုင်းနိုင်ငံ နိုင်ငံတော်အေးချမ်းရေးနှင့် တရားဥပဒေထိန်းသိမ်းရေးကောင်စီ (NPOMC) ၏အကြီးအကဲအဖြစ် ထိုင်းကြည်းတပ်ဦးစီးချုပ်မှ တာဝန်ယူဆောင်ရွက်သွားမည်ဟူသော ကြေညာချက်ကို မေလ ၂၃ ရက်နေ့ ၁၁၂၀ နာရီချိန်တွင် ထုတ်ပြန်ကြေညာခဲ့လေသည်။
ယင်းနောက် (NPOMC)သည် ထိုင်းနိုင်ငံတွင်းရှိ ပြည်ပတိုင်းပြည်များမှ သံအမတ်များ၊ စစ်သံမှူးများ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအား ထိုင်းနိုင်ငံရေး အခြေအနေများကို ရှင်းလင်းပြောကြားရန်အတွက် ဘန်ကောက်မြို့၊ ဝီဘဝတီ ရန်ကစစ် လမ်းရှိ ထိုင်းကြည်းတပ်ရိပ်သာသို့ မေလ ၂၃ ရက် ၁၆၀၀ နာရီအချိန်တွင် လာရောက် ကြရန် ဖိတ်ကြားခဲ့သည်။
ဖိတ်ကြားရခြင်း၏ ရည်ရွယ်ချက်မှာ ထိုင်းနိုင်ငံရေးအခြေအနေအပေါ် နားလည်သဘော ပေါက်စေရန်နှင့် ပြည်ပတိုင်းပြည်များနှင့် ကောင်းမွန်သည့် ဆက်ဆံရေးများကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန်တို့အတွက် ဖြစ်ကြောင်း သိရှိရသည်။
ဘီလူးကျွန်းသား
Thursday, May 22, 2014
ထိုင်းတပ်မတော်မှ အာဏာသိမ်းပြီးနောက် နိုင်ငံရေးတင်းမာမှုအခြေအနေ လျော့ကျ သွားမည်လော
23 May 2014
ကမ္ဘာပေါ်ရှိ နိုင်ငံများထဲတွင် ဟေတီနိုင်ငံသည် အာဏာသိမ်းမှုအများဆုံး ဖြစ်ပွားခဲ့သည့် နိုင်ငံတစ်ခုဖြစ်ပြီး ၁၈၀၆ ခုနှစ်မှ ၁၉၉၁ခုနှစ်ထိ (၂၅)ကြိမ် ဖြစ်ပွားခဲ့သည်။ အလားတူ ဘိုလီးဗီးယားနိုင်ငံတွင် (၁၄)ကြိမ်၊ အာဖဂန်နစ္စတန်နိုင်ငံ တွင် (၁၂)ကြိမ်၊ စပိန်နိုင်ငံတွင် (၉)ကြိမ်၊ ပြင်သစ်၊ ဂျပန်နှင့် ဆီးရီးယားနိုင်ငံတို့တွင် (၈)ကြိမ်စီ အသီးသီး အာဏာသိမ်းမှု ဖြစ်ပွားခဲ့သည်ဆို၏။
အရှေ့တောင်အာရှနိုင်ငံများထဲရှိ ထိုင်းနိုင်ငံတွင်လည်း ၁၉၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း မအောင်မြင်သည့် အာဏာသိမ်းမှု (၈)ကြိမ်၊ အောင်မြင်သည့် အာဏာသိမ်းမှု (၁၃)ကြိမ်၊ စုစုပေါင်း အာဏာသိမ်းမှု (၂၁)ကြိမ် ဖြစ်ပွားခဲ့လေသည်။ မအောင်မြင်သည့်အာဏာသိမ်းမှုများမှာ ၁၉၁၂၊ ၁၉၁၇၊ ၁၉၄၈၊ ၁၉၄၉၊ ၂၉-၆-၁၉၅၁၊ ၂၆-၃-၁၉၇၇၊ ၁၉၈၁နှင့် ၁၉၈၅ တို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အောင်မြင်သည့် အာဏာ သိမ်းမှုများမှာ ၁၉၃၂၊ ၁၉၃၃၊ ၁၉၃၉၊ ၁၉၄၇၊ ၂၉-၁၁-၁၉၅၁၊ ၁၉၅၇၊ ၁၉၅၈၊ ၁၉၇၁၊ ၁၉၇၆၊ ၂၀-၁၀-၁၉၇၇၊ ၁၉၉၁ နှင့် ၂၀၀၆ ခုနှစ်တို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယခုလည်း (၂၁)ကြိမ်မြောက် အာဏာသိမ်းမှုကို ထိုင်းဘုရင့်တပ်မတော်က ၂၂-၅-၂၀၁၄ ရက်နေ့တွင် အကောင်အထည်ဖော်ခဲ့ချေပြီ။
ထိုင်းတပ်မတော်တွင် သြဇာအာဏာ အကြီးမားဆုံးဖြစ်သည့် ထိုင်းဘုရင့် ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ သည် နိုင်ငံရေးတင်းမာမှု အခြေအနေအား ထိန်းသိမ်းနိုင်ရေးအတွက် အစိုးရထောက်ခံသည့်အဖွဲ့အစည်းများ၊ အစိုးရဆန့်ကျင် သည့် အဖွဲ့အစည်းများနှင့် ယာယီအစိုးရအဖွဲ့မှ ကိုယ်စားလှယ်များအား ဖိတ်ခေါ်၍ မေလ ၂၂ ရက်နေ့ မွန်းတည့်ချိန်တွင် အစည်းအဝေးတစ်ရပ် ကျင်းပပြုလုပ်ခဲ့သည်။
ယင်းအစည်းအဝေးတွင် ဗိုလ်ချုပ်ကြီး ပရာယုဒ် က ယာယီအစိုးရအဖွဲ့မှ ကိုယ်စားလှယ် ခေါင်းဆောင် တရားရေးဝန်ကြီး မစ္စတာ ချိုင်ကာစစ် နီထိစီရိ အား ယာယီအစိုးရအဖွဲ့ နှုတ်ထွက်ပေးနိုင်ခြင်း ရှိ/မရှိ မေးမြန်းခဲ့သည်။
ယာယီအစိုးရအဖွဲ့အနေဖြင့် ယခုမိနစ်ပိုင်းအတွင်း နှုတ်ထွက်ပေးနိုင်ခြင်းမရှိကြောင်း မစ္စတာ ချိုင်ကာစစ် က ပြန်လည်ဖြေကြားအပြီးတွင်မူ ဗိုလ်ချုပ်ကြီး ပရာယုဒ် က နိုင်ငံတော်အာဏာအား ရယူထိန်းသိမ်းရန် ယခုမိနစ်ပိုင်းအတွင်း မိမိဆုံးဖြတ်ခဲ့ပြီဟု ပြန်လည်ပြောကြားခဲ့လေသည်။
အစည်းအဝေးအပြီးတွင် ယာယီအစိုးရအဖွဲ့ မစ္စတာ ဆူထစ် ဦးဆောင်သည့် ပြည်သူ့ ဒီမိုကရက်တစ်ပြုပြင်ပြောင်းလဲရေးကော်မတီ၊ မစ္စတာ ကျတုဖုန် ဖရုန်ဖန် ဦးဆောင်သည့် အာဏာရှင်ဆန့်ကျင်ရေး ဒီမိုကရေစီ သွေးစည်းညီညွတ်ရေးတပ်ဦးအဖွဲ့၊ မစ္စတာ ချိုင်ကာစစ် နီထိစီရိ ဦးဆောင်သည့် ဖွှေ့ထိုင်းပါတီနှင့် မစ္စတာ အဘီဆစ် ဦးဆောင်သည့် ဒီမိုကရက်ပါတီတို့မှ ကိုယ်စားလှယ်များအား ဖမ်းဆီးထိန်းသိမ်းခဲ့ လေသည်။
ထိုနောက် ဗိုလ်ချုပ်ကြီး ပရာယုဒ် ဦးဆောင်သည့် နိုင်ငံတော်အေးချမ်းရေးနှင့် တရားဥပဒေထိန်းသိမ်းရေးကောင်စီအား ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ထိုင်းဘုရင့်ရေတပ်ဦးစီးချုပ်၊ ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်၊ အမျိုးသားရဲတပ်ဖွဲ့အကြီးအကဲတို့ဖြင့် ဖွဲ့စည်းခဲ့ပြီး ယာယီအစိုးရအဖွဲ့၏ အခန်းကဏ္ဍ ပြီးဆုံးသွားခဲ့ပြီဖြစ်ကြောင်း၊ သို့သော် အထက်လွှတ်တော်၊ တရားရုံးများနှင့် သီးခြား လွတ်လပ်သည့် အဖွဲ့အစည်းများအနေဖြင့် ၎င်းတို့၏ လုပ်ငန်းတာဝန်များကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့လေသည်။
အာဏာသိမ်းလိုက်ပြီဟု ထိုင်းတပ်မတော်မှ ထုတ်ပြန်ကြေညာအပြီးတွင် နုခွန်ရတ်ချာစီမာ ပြည်နယ်ရှိ ထိုင်းဘုရင့်အတိုင်ပင်ခံကောင်စီ ဥက္ကဌ ဗိုလ်ချုပ်ကြီး ပရင်တင်စူလာနွန်ဒါ နေထိုင်သည့်နေအိမ်၌ ထိုင်းဘုရင့်ရဲတပ်ဖွဲ့က လုံခြုံရေးများကို ၂၄ နာရီပတ်လုံး တိုးမြှင့်ချထားပေခဲ့သည်။ ထို့အပြင် နေအိမ်ဝန်းကျင်တွင်လည်း သတ္တု အတားအဆီးများအား ချထားပေးခဲ့လေသည်။
ဘန်ကောက်မြို့တွင်း ပြေးဆွဲပေးနေသည့် မိုးပျံရထားများသည်လည်း ပုံမှန် ည (၁၂)နာရီမှ ရပ်ဆိုင်းပေးနေကျဖြစ်သော်လည်း မေလ ၂၂ ရက်နေ့တွင်မူ ည(၉)နာရီ တွင် ရထားပြေးဆွဲမှု ရပ်ဆိုင်းမည်ဖြစ်ကြောင်း၊ မေလ ၂၃ ရက်နေ့ နံနက် (၆)နာရီတွင် ရထားများအား ပုံမှန် ပြေးဆွဲပေးမည်ဖြစ်ကြောင်းကို ဘန်ကောက်မြို့ သယ်ယူပို့ဆောင် ရေးလုပ်ငန်းမှ ကြေညာခဲ့လေသည်။ သို့သော် မည်သည့်အချိန်တွင် ပြန်လည် ရပ်ဆိုင်း မည်ဆိုသည်ကိုမူ တိတိကျကျ မသိရှိရပေ။
နိုင်ငံတော်အေးချမ်းရေးနှင့် တရားဥပဒေထိန်းသိမ်းရေးကောင်စီသည် ည (၁၀)နာရီမှ မနက်(၅)နာရီထိ အပြင်မထွက်ရအမိန့်အား နိုင်ငံတစ်ဝန်းလုံးတွင် ထုတ်ပြန်ခဲ့သည်။
သို့သော် ယင်းအမိန့်ထုတ်ပြန်ထားသည့်အချိန်၌ ထိုင်းနိုင်ငံတွင်း ဝင်/ထွက်သွား လာရမည့် ခရီးသွားဧည့်သည်များကိုမူ ၎င်းတို့လိုရာခရီးသို့ သွားခွင့်ပြု ကြောင်း၊ စက်ရုံ/အလုပ်ရုံများ၊ ဆေးရုံများ၊ လေကြောင်းလုပ်ငန်းများ၊ ပုပ်သိုးလွယ်သော အစားအစာများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကဲ့သို့ ကဏ္ဍအသီးသီးမှ ပုဂ္ဂလိက အလုပ်သမားများနှင့် အစိုးရရုံးများမှ ညဘက်တာဝန်ကျသူများ၊ ဆေးရုံပြရမည့် လူနာများနှင့် ကယ်ဆယ်ရေးလုပ်သားများကိုလည်း ယင်းအမိန့်ထုတ်ပြန်ထားသည့် အချိန်အတွင်း ခြွင်းချက်အဖြစ် သွားလာခွင့်ပြုကြောင်း၊ ထို့ပြင် အရေးကြီး၊ အရေးပေါ်၊ အထူးကိစ္စရပ်ရှိသူများလည်း ၎င်းတို့၏ နေအိမ်အနီးတွင် တာဝန်ကျနေသည့် စစ်ဘက်အရာရှိများထံ ခွင့်ပြုချက်တောင်းခံ၍ သွားလာနိုင်ကြောင်းကို ထိုင်းကြည်းတပ် ဒုတိယပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်ထိုင်း စူဝါရီ က မေလ ၂၂ ရက်နေ့ ညနေပိုင်း ရုပ်မြင်သံကြားအစီအစဉ်တစ်ခုတွင် ပြောကြားခဲ့သည်။
ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက မေလ ၂၂ ရက်တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါသည်။ ယင်းကြေညာချက်တွင် ထိုင်းနိုင်ငံတွင်း၌ ထိုင်းစစ်တပ်မှ အာဏာသိမ်းမှုအပေါ် အလွန်အမင်း စိုးရိမ်ပူပန်မိ ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အရပ်သားအစိုးရ၊ ဒီမိုကရေစီစနစ် အုပ်ချုပ်ရေးဆီသို့ အမြန်ဆုံး ပြန်လည်ရောက်ရှိရေး၊ ထိုင်းနိုင်ငံတွင်း ရေရှည် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းကြောင်းဖွင့်ပေးမည့် ဘက်ပေါင်းစုံပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲတစ်ခု ပြုလုပ်သွားရန်တို့အတွက် မေတ္တာရပ်ခံထားကြောင်း သိရပါသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကလည်း မေလ ၂၂ ရက်နေ့တွင် ထိုင်းစစ်တပ်မှ အာဏာသိမ်းခဲ့မှုနှင့်ပတ်သက်၍ ဝေဖန်ပြောကြားခဲ့ပါသည်။ ဂျွန်ကယ်ရီက ထိုင်းစစ်တပ်မှ အာဏာသိမ်းခဲ့မှုသည် တရားမျှတမှု မရှိကြောင်း၊ ယင်းသို့ အာဏာသိမ်းခဲ့မှုကြောင့် ထိုင်း-အမေရိကန်ဆက်ဆံရေးတွင် အနုတ်လက္ခဏာ ပြလာမည်ဖြစ်ကြောင်း၊ အထူးသဖြင့် ထိုင်း-အမေရိကန်နှစ်နိုင်ငံ စစ်ဘက်ဆက်ဆံရေး ပင်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ထိုင်းတပ်မတော်နှင့် ထိတွေ့ဆက်ဆံမှု၊ ထောက်ပံ့ပေး နေမှုများအပေါ် ပြန်လည်သုံးသပ်လျက်ရှိကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
အာဏာသိမ်းပြီးနောက်တွင် နိုင်ငံတော်အေးချမ်းရေးနှင့် တရားဥပဒေထိန်းသိမ်းရေး ကောင်စီက မေလ ၂၂ ရက်နေ့တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့လေသည်။ ယင်းကြေညာချက်မှာ “ ထိုင်းကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ အနေဖြင့် နိုင်ငံတော်အုပ်ချုပ်ရေးတွင် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း” ဖော်ပြထားသည်။
နိုင်ငံတော်အေးချမ်းရေးနှင့် တရားဥပဒေထိန်းသိမ်းရေးကောင်စီသည် မေလ ၂၂ ရက်နေ့ ညနေပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားဌာနများအား ၎င်းတို့ ထုတ်လွှင့်နေကြ အစီအစဉ်များကို ရွှေ့ဆိုင်းထားစေခဲ့ပြီး ထိုင်းကြည်းတပ်၏ ရေဒီယိုနှင့်ရုပ်မြင်သံကြား ဌာနမှ ထုတ်လွှင့်မှုများကိုသာ အကြိမ်ကြိမ် ထုတ်လွှင့်ရန် အမိန့်ပေးခဲ့လေသည်။
မေလ ၂၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ဘန်ကောက်မြို့ ထဝီတတ္ထနလမ်းပေါ်တွင် စုရုံး ဆန္ဒပြနေကြသည့် အာဏာရှင်ဆန့်ကျင်ရေး ဒီမိုကရေစီသွေးစည်းညီညွတ်ရေးတပ်ဦး (ရှပ်နီအဖွဲ့)အား ထိုင်းကြည်းတပ် တပ်ဖွဲ့ဝင်များက ရှင်းလင်းခဲ့သည်။ နိုင်ငံတော် အေးချမ်းရေးနှင့် တရားဥပဒေထိန်းသိမ်းရေးအဖွဲ့(NPOMC)ကလည်း နိုင်ငံရေး ပဋိပက္ခများ အဆုံးသတ်စေရေးအတွက် ဘက်ပေါင်းစုံတို့မှ ဆန္ဒပြသမားများ အနေဖြင့် အိမ်ပြန်ကြရန် အမိန့်ထုတ်ပြန်ခဲ့လေသည်။ ထို့ပြင် နိုင်ငံတစ်ဝန်းလုံးရှိ စာသင်ကျောင်းများအားလုံး မေလ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့ထိ ပိတ်ထားရန်၊ မည်သည့် ပညာရေးလှုပ်ရှားမှုမျိုးကိုမျှ မပြုလုပ်ရန် မေလ ၂၂ ရက်နေ့ ည(၉)နာရီတွင် အမိန့်ထုတ်ပြန်ခဲ့သည်။
အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာယုဒ် အနေဖြင့် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့လေပြီ။ ထိုင်းတပ်မတော် အကြိုဗိုလ်လောင်းသင်တန်း အမှတ်စဉ်တူ ဗိုလ်ချုပ်ကြီး ပရာယုဒ်နှင့် ထိုင်းတပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့သည် ၂၀၁၄ခုနှစ်၊ စက်တင်ဘာလကုန်တွင် အငြိမ်းစားယူကြရမည့်သူများဖြစ်သည်။ ထိုင်းနိုင်ငံတွင် နိုင်ငံရေးခံယူချက် မတူကွဲပြားလျက်ရှိသည်။ ရှပ်နီနှင့် ရှပ်ဝါအဖွဲ့တို့အကြားမှ နိုင်ငံရေး အာဏာလုပွဲကြီးမှာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလာချိန်တွင် ထိုင်းတပ်မတော်မှ နိုင်ငံရေးတင်းမာမှုအခြေအနေ အဆုံးသတ်ရေးဟူသည့် အကြောင်းပြချက်ဖြင့် အာဏာ သိမ်းခဲ့လေပြီ။ ယင်းအာဏာသိမ်းမှုအပြီးတွင် ထိုင်းနိုင်ငံရေး တင်းမာနေမှုအခြေအနေ လျော့ကျသွားမည်၊ သို့မဟုတ် ပိုမိုဆိုးရွားလာမည်ဆိုသည်ကိုမူ ဆက်လက် စောင့်ကြည့် လေ့လာသွားရမည်သာဖြစ်ပေသည်။
ဘီလူးကျွန်းသား
ထိုင်းတပ်မတော်မှ အာဏာသိမ်းလိုက်ခြင်း
BKK, May 22, 2014
ထိုင်းနိုင်ငံတစ်ဝန်းလုံးတွင် မာရှယ်လောအမိန့်ထုတ်ပြန်ခဲ့ပြီးနောက် ၂ ရက်အကြာတွင် ထိုင်းစစ်တပ်မှ အာဏာသိမ်းလိုက်ပြီဟု ထိုင်းကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာက မေလ ၂၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ငြိမ်ဝပ်ပိပြားမှုရရှိစေရေးအတွက် နိုင်ငံတစ်ဝန်းလုံးကို ထိန်းချုပ်ရန် ထိုင်းတပ်မတော်မှ ယင်းကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ပရာယုဒ်က ပြောကြားခဲ့သည်။
ဘန်ကောက်မြို့ အမှတ်(၁)ခြေလျင်တပ်မ(ဘုရင့်ကိုယ်ရံတော်တပ်)အနီးရှိ ထိုင်းကြည်းတပ်ရိပ်သာတွင် မေလ ၂၂ ရက်နေ့က ပါတီ ၇ ခုတို့ပါဝင်သော အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပြီး ယင်းပါတီများမှ အဓိကပုဂ္ဂိုလ်များအား ထိုင်းကြည်းတပ်မှ ခေါ်ယူ ထိန်းသိမ်းခဲ့ပြီးနောက် ယင်းဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ထိုင်းကြည်းတပ်သည် အထက်လွှတ်တော်နှင့် ရွေးကောက်ပွဲကော်မရှင်မှ ကိုယ်စားလှယ်များမှလွဲ၍ ကျန်ပုဂ္ဂိုလ်များအားလုံးကို ထိုင်းကြည်းတပ် တပ်ဖွဲ့ဝင် အစောင့်အရှောက်များပါသော ဟန်းဗီးယာဉ်များဖြင့် တင်ဆောင်၍ စစ်တန်းလျားသို့ ခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။
ယင်းဖမ်းဆီးခေါ်ဆောင်ခြင်း ခံရသူများထဲတွင် ယာယီအစိုးရအဖွဲ့၊ မစ္စတာ ဆူထစ်သောင်န်ဆူဘန် ဦးဆောင်သည့် ပြည်သူ့ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး ကော်မတီ၊ မစ္စတာ ကျတုဖုန် ဖရုန်ဖန် ဦးဆောင်သည့် အာဏာရှင် ဆန့်ကျင်ရေး ဒီမိုကရေစီသွေးစည်းညီညွတ်ရေးတပ်ဦး၊ မစ္စတာ ချိုင်ကာဆမ် နီထိစီရိ ဦးဆောင်သည့် ဖွှေ့ထိုင်းပါတီနှင့် အဘီဆစ်ဦးဆောင်သည့် ဒီမိုကရက်ပါတီတို့မှ ကိုယ်စားလှယ်များ ပါဝင်ကြောင်း သိရှိရသည်။
ထိုင်းကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ်၏ ပထမဆုံးအကြိမ် ထုတ်ပြန်ကြေညာ ချက်တွင် ဆူပူအုံကြွမှုများအား ကာကွယ်တားဆီးရန်အတွက် နိုင်ငံတော်အား ထိန်းချုပ် ရန် ထိုင်းကြည်းတပ် ဦးစီးချုပ်၊ ထိုင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ထိုင်းဘုရင့် လေတပ်နှင့် ထိုင်းဘုရင့် ရေတပ်ဦးစီးချုပ်များ၊ အမျိုးသားရဲတပ်ဖွဲ့အကြီးအကဲတို့မှ အာဏာသိမ်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားကြောင်း သိရှိရသည်။
နိုင်ငံတော်အတွင်း ငြိမ်းချမ်းရေး ပြန်လည်ထိန်းသိမ်းရန်အတွက် မေလ ၂၂ ရက်နေ့တွင် ထိုင်းကြည်းတပ်ဦးစီးချုပ်၊ ထိုင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ထိုင်းဘုရင့် ရေတပ်နှင့် လေတပ်ဦးစီးချုပ်များ အမျိုးသားရဲတပ်ဖွဲ့အကြီးအကဲတို့မှ နိုင်ငံတော်အာဏာအား သိမ်းယူခဲ့ခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်ကြီး ပရာယုဒ်က ယင်းထုတ်ပြန်ကြေညာချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။
ယခုအချိန်မှစ၍ ထိုင်းနိုင်ငံသည် အမျိုးသားငြိမ်းချမ်းမှုထိန်းသိမ်းရေးကောင်စီ (National Peace-Keeping Council)၏ အောက်သို့ ကျရောက်သွားပြီဖြစ်ကြောင်းကို လည်း ဗိုလ်ချုပ်ကြီး ပရာယုဒ်က ဖြည့်စွက်ပြောကြားခဲ့သည်။
ဘီလူးကျွန်းသား
ဝန်ကြီးချုပ်ဟောင်း မစ္စယင်းလပ် နိုင်ငံတွင်းမှ ထွက်ပြေးသွားပြီဟူဟော ကောလဟာလ သတင်းအား ခဲအိုဖြစ်သူ ဝန်ကြီးချုပ်ဟောင်း ဆွန်ချိုင်းက ငြင်းဆို
Bangkok Post, May 22, 2014
ဖွှေ့ထိုင်းပါတီဝင် ဝန်ကြီးချုပ်ဟောင်း ဆွန်ချိုင်းဝေါင်စဝပ်၊ ဇနီးဖြစ်သူ ယောင်ဝဖာနဲ့ ဝန်ကြီးချုပ်ဟောင်း ယင်းလပ်ရှင်နာဝပ်ထရာတို့(၃)ဦး ထိုင်းနိုင်ငံတွင်းမှ ထွက်ပြေးသွား ပြီဟူဟော ကောလဟာလသတင်းများမှာ လူမှုရေးမီဒီယာများတွင် ပျံ့နှံ့လျက်ရှိသဖြင့် ယင်းသတင်းများအား မှန်ကန်မှုမရှိကြောင်းကို ဝန်ကြီးချုပ်ဟောင်း ဆွန်ချိုင်းက ဘန်ကောက်ပို့စ် သတင်းထောက်များအား ပြောကြားခဲ့ကြောင်း သိရှိရသည်။
ရှင်နာဝပ်ထရာ မိသားစုဝင်များနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးအချို့တို့သည် ထိုင်းကြည်းတပ်မှ မာရှယ်လောအမိန့် ထုတ်ပြန်ခဲ့ပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံရမည် ကို စိုးရိမ်ထိတ်လန့်သည့်အတွက် ပြည်ပနိုင်ငံများသို့ ထွက်ပြေးသွားခဲ့ကြပြီး၊ သို့မဟုတ် ထိုင်းနိုင်ငံမြောက်ပိုင်း နယ်စပ်အနီးတွင် ပုန်းအောင်းနေထိုင်လျက်ရှိသည်ဟူဟော ကောလဟာလသတင်းများ ထွက်ပေါ်ခဲ့ပြီးနောက်ပိုင်း ဝန်ကြီးချုပ်ဟောင်း ဆွန်ချိုင်းက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဝန်ကြီးချုပ်ဟောင်း ဆွန်ချိုင်းက ၎င်းအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်ခြင်းမရှိပါကြောင်း၊ ဝန်ကြီးချုပ်ဟောင်း မစ္စယင်းလပ်အနေဖြင့်လည်း ထိုင်းနိုင်ငံအတွင်း၌ ရှိပါကြောင်းဖြင့် ပြောကြားခဲ့သော်လည်း မည်သည့်နေရာတွင် နေထိုင်လျက်ရှိသည်ကိုမူ ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပေ။
ဝန်ကြီးချုပ်ဟောင်း ဆွန်ချိုင်း၏ဇနီး မစ္စယောင်ဝဖာ သည် ဝန်ကြီးချုပ်ဟောင်း မစ္စ ယင်းလပ်၏ အစ်မကြီးဖြစ်ပြီး သက်ဆင်၏ ညီမတစ်ဦးဖြစ်သည်။
ဘီလူးကျွန်းသား
နိုက်ဂျီးရီးယား ကျောင်းသူတွေကို ရှာဖွေဘို့ အမေရိကန်က တပ်ဖွဲ့ဝင် ၈၀ စေလွှတ်
လူသားချင်းစာနာမှု ကူညီတဲ့အနေနဲ့ အမေရိကန်ဟာ သူ့ရဲ့တပ်ဖွဲ့ဝင် ၈၀ ကို ချတ်သမ္မတနိုင်ငံသို့ စေလွှတ်ကြောင်း မေလ ၂၁ ရက်က အိမ်ဖြူတော်က ပြောပါတယ်။
ဒီတပ်ဖွဲ့ဝင်တွေဟာ နိုက်ဂျီးရီးယားနိုင်ငံမြောက်ပိုင်းနဲ့ အနီးဝန်းကျင်ဒေသတွေမှာ ဆောင်ရွက်နေတဲ့ ထောက်လှမ်းရေးလုပ်ငန်းတွေကို အထောက်အကူပြုမှာ ဖြစ်တယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်တဲ့စာမှာ ဖော်ပြထားပါတယ်။
ဓားစားခံတွေလွှတ်မြောက်တဲ့အချိန်ထိ အဲဒီတပ်ဖွဲ့ဝင်တွေကို ချတ်နိုင်ငံမှာ ထားရှိသွား မှာဖြစ်တယ်။
တပ်ဖွဲ့ဝင်တွေစေလွှတ်မဲ့အကြောင်းကို သမ္မတအိုဘားမားက အောက်လွှတ်တော် ဥက္ကဌနဲ့ အထက်လွှတ်တော်ဥက္ကဌတို့ကို အသိပေးအကြောင်းကြားခဲ့ပါတယ်။
စေလွှတ်တဲ့တပ်ဖွဲ့ဝင်တွေမှာ လေယာဉ်ပြုပြင်ထိန်းသိမ်းရေးသမားတွေနဲ့ သတင်း အချက်အလက် စိစစ်သူတွေပါဝင်တယ်။ ဒါပေမဲ့ သူတို့ကို လက်နက်တွေ တပ်ဆင် ပေးထားတာကြောင့်မို့လို့ အောက်လွှတ်တော်ဥက္ကဌကို သမ္မတက ဥပဒေအရ လိုအပ် တယ်လို့ ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ် ဂျွန်ကာဘီ ကပြောပါတယ်။
ချတ်နိုင်ငံကို စေလွှတ်လိုက်တဲ့တပ်ဖွဲ့ဝင်တွေဟာ တိုက်ခိုက်ရေးတပ်ဖွဲ့ဝင်တွေ မဟုတ်ပါဘူး၊ ကင်းထောက်လုပ်ငန်းတာဝန်တွေကို အထောက်အကူပြုမဲ့တပ်ဖွဲ့ဝင်တွေ သာဖြစ်တယ်လို့ စီအင်န်အင်န်သတင်းဌာနရဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဗိုလ်ချုပ် ကာဘီက ပြောကြားခဲ့ပါတယ်။
နိုက်ဂျီးရီးယားမြောက်ပိုင်းမှာရှိတဲ့ စာသင်ကျောင်းတစ်ခုကနေ မိန်းကလေး ၂၀၀ ကျော်ကို ဘိုကိုဟာရမ်စစ်သွေးကြွအဖွဲ့က ပြီးခဲ့တဲ့လမှာ ပြန်ပေးဆွဲဖမ်းဆီးထားခဲ့ ပါတယ်။ အဲဒီမိန်းကလေးတွေကို အိမ်နီးချင်းဖြစ်တဲ့ ချတ် ဒါမှမဟုတ် ကမရွန်းနိုင်ငံထဲကို ပို့ဆောင်ပေးနိုင်ဖွယ်ရှိတယ်လို့ အစိုးရအရာရှိတွေက ထင်မြင်ယူဆထားခဲ့ကြပါတယ်။ ဒါပေမဲ့ မိန်းကလေးတွေ ဘယ်မှာရှိတယ်၊ နိုက်ဂျီးရီးယားထဲကနေ ထွက်သွားပြီးလား၊ မထွက်သွားသေးဘူးလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရှိရသေးပါဘူး။
ဒါဆိုရင် ဘာကြောင့် အမေရိကန်တပ်ဖွဲ့ဝင်တွေကို ချတ်ကိုစေလွှတ်ရတာလဲ။
ဒီလိုလွှတ်ဘို့အတွက် ချက်စ်နိုင်ငံဟာ ပထဝီအနေအထားအရ အရေးပါတဲ့နေရာမှာ ရှိနေလို့ဖြစ်တယ်။ နောက်ပြီး ချတ်အစိုးရနဲ့ အမေရိကန်ပြည်ထောင်စုတို့ရဲ့ ဆက်ဆံရေး ဟာ ကောင်းမွန်တဲ့အနေအထားမှာရှိနေလို့လည်းဖြစ်တယ်။
အနောက်ဘာဂျီးနီးယားပြည်နယ် အရွယ်အစားလောက်ရှိတဲ့ ခက်ခဲကြမ်းတမ်းတဲ့ နေရာမှာ ကင်းထောက်လေယာဉ်တွေ ပျံသန်းပြီး ပျောက်ဆုံးနေတဲ့သူတွေကို ရှာဖွေသွားမှာဖြစ်တယ်၊ အဲဒီရှာဖွေမဲ့နေရာထဲမှာ နိုက်ဂျီးရီးယားနိုင်ငံရဲ့ အချို့ အစိတ်အပိုင်းတွေနဲ့ အခြားနိုင်ငံတွေလည်း ပါဝင်တယ်လို့ ဗိုလ်ချုပ် ကာဘီက ပြောကြားခဲ့ပါတယ်။
Wednesday, May 21, 2014
ထိုင်းနိုင်ငံအတွင်းရှိ နိုင်ငံရေးဆူပူအုံကြွမှုများ အဆုံးသတ်ရေးအတွက် အပြုသဘော ဆောင်သည့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် တိုက်တွန်း
The Nation, Breaking News, May 21, 2014, 1:37 PM
ထိုင်းနိုင်ငံတွင် ထိုင်းကြည်းတပ်မှ မာရှယ်လေထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း ထိုင်းနိုင်ငံတွင်း ရှိ ကာလရှည်နိုင်ငံရေး တင်မာမှုအခြေအနေကို အဆုံးသတ်စေရန်အတွက် အပြု သဘောဆောင်သည့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရန်၊ ထိုင်းနိုင်ငံတွင်းရှိ နိုင်ငံရေးပါတီ အားလုံးတို့အနေဖြင့် အတတ်နိုင်ဆုံး သည်းခံကြပါရန်အတွက်လည်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက အကြိမ်ကြိမ် မေတ္တာရပ်ခံ တောင်းဆိုခဲ့ကြောင်း သိရှိရသည်။
ထိုင်းကြည်းတပ်၏ မာရှယ်လောအမိန့်ထုတ်ပြန်အပြီး ထိုင်းနိုင်ငံတွင်းရှိ နောက်ဆုံး တိုးတက်မှုအခြေအနေများအား မစ္စတာ ဘန်ကီမွန်းက မျက်ခြေမပြတ်စောင့်ကြည့် လျက်ရှိသည်ဟု မစ္စတာ ဘန်ကီမွန်း ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မေလ ၁၉ ရက်နေ့တွင် နယူးယောက်မြို့၌ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံတွင်း ဖြစ်ပေါ်လျက်ရှိသော ကာလရှည် နိုင်ငံရေးတင်းမာမှုများအား အပြုသဘောဆောင်သည့် တွေ့ဆုံဆွေးနွေးမှုဖြင့် အဖြေထုတ်နိုင်ရေး အတူတကွ လုပ်ဆောင်သွားကြရန် ထိုင်းနိုင်ငံတွင်းရှိ ဘက်ပေါင်းစုံတို့အား မစ္စတာ ဘန်ကီမွန်း က မေတ္တာရပ်ခံ တောင်းဆိုထားကြောင်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်ဆို၏။
ဘီလူးကျွန်းသား
ထိုင်းအစိုးရအတိုက်အခံခေါင်းဆောင် ဆူထစ်နှင့် အစိုးရထောက်ခံသူ ရှပ်နီ ခေါင်းဆောင် ကျတုဖုန်တို့အား တွေ့ဆုံဆွေးနွေးရန်အတွက် ထိုင်းကြည်းတပ် ဦးစီးချုပ် ဖိတ်ခေါ်
Bangkok Post, May 21, 2014
ထိုင်းနိုင်ငံ ငြိမ်းချမ်းရေးထိန်းသိမ်းမှုကွပ်ကဲရေးဌာန (Peace-Keeping Control Centre) အား ဦးဆောင်လျက်ရှိသည့် ထိုင်းကြည်းတ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာဒ်ချန်အိုချာသည် နိုင်ငံရေးခံယူချက်မတူညီသည့် ဘက်ပေါင်းစုံမှ အဆင့်မြင့် ခေါင်းဆောင်များအား မေလ ၂၁ ရက်နေ့ ၁၃၃၀ နာရီချိန်တွင် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရန် ဖိတ်ခေါ်ခဲ့ကြောင်း။
ယင်းဆွေးနွေးပွဲအား ဘန်ကောက်မြို့ ဝီဘဝတီ ရန်ကစစ် လမ်းပေါ်ရှိ ထိုင်းကြည်းတပ် ရိပ်သာတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ထိုင်းကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ဖိတ်ခေါ်ခဲ့သူများတွင် အစိုးရထောက်ခံသူ အာဏာရှင်ဆန့်ကျင်ရေး ဒီမိုကရေစီသွေးစည်းညီညွတ်ရေးတပ်ဦး (ရှပ်နီအဖွဲ့)ခေါင်းဆောင် ကျတုဖုန် ဖရုန်ဖန်၊ အစိုးရဆန့်ကျင်သူ ပြည်သူ့ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲကော်မတီ (ရှပ်ဝါအဖွဲ့) အတွင်းရေးမှူးချုပ် ဆူထစ်သောင်န်ဆူဘန်၊ ဖွှေ့ထိုင်းပါတီခေါင်းဆောင် ကျရုဖုန် ရူဝမ်စူဝမ်၊ ဒီမိုကရက်ပါတီခေါင်းဆောင် အဘီဆစ် ဝဲ့ချာချီဝ၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ စူပါချိုင်ဆွန်ချရုန်နှင့် ခေတ္တအထက်လွှတ်တော် ဥက္ကဌ စူရာချိုင်လီယန်ဘွန်လတ် တို့ပါဝင်ကြောင်း သိရှိရသည်။
ထိုင်းကြည်းတပ်သည် နိုင်ငံတွင်းဖြစ်ပေါ်လျက်ရှိသည့် သွေးလွှမ်းမှုများကို ကာကွယ် တားဆီးနိုင်ရန်၊ နိုင်ငံရေးပဋိပက္ခတွင်းရှိ ဘက်ပေါင်းစုံတို့အကြား တွေ့ဆုံဆွေးနွေးမှု အရှိန်မြှင့်တင်ရေးအတွက် ဥပဒေတစ်ရပ်အသုံးပြုရန်နှင့် လပေါင်းများစွာ ကြာမြင့်နေသည့် ရှေ့မတိုးသာ နောက်မဆုတ်သာ နိုင်ငံရေးအကြပ်အတည်းအား ဖြိုဖျက်ရန်တို့အတွက် မေလ ၂၀ ရက်နေ့ ၀၃၀၀ နာရီချိန်မှစ၍ နိုင်ငံတစ်ဝန်းလုံးတွင် မာရှယ်လောအမိန့် ထုတ်ပြန်ထားခဲ့သည်။
ဘီလူးကျွန်းသား
Tuesday, May 20, 2014
နိုက်ဂျီးရီးယားနိုင်ငံအလယ်ပိုင်းတွင် ဗုံးပေါက်ကွဲသဖြင့် လူ ၁၁၈ ဦးသေဆုံး
မေလ ၂၀ ရက် အင်္ဂါနေ့က နိုက်ဂျီးရီးယားနိုင်ငံအလယ်ပိုင်းရှိ Jos မြို့မှာ ဗုံးနှစ်လုံး ဆက်တိုက်ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၁၁၈ ဦး သေဆုံးခဲ့ပါတယ်။ တာဝန်ရှိသူတစ်ဦးရဲ့ သတိပေးမှုအပြီးမှာ ဗုံးပေါက်ကွဲခဲ့တာဖြစ်ပါတယ်။
ပေါက်ကွဲမှုနှစ်ခုဟာ မိနစ် ၂၀ နှင့် ၃၀ ခန့်သာကွာခြားပြီး Terminus ဈေးကို ပစ်မှတ် ထားတိုက်ခိုက်တာ ဖြစ်တယ်။
အမျိုးသားအရေးပေါ် စီမံခန့်ခွဲမှုအေဂျင်စီရဲ့ ပူးပေါင်းဆောင်ရွက်သူ မိုဟာမက်အဗဒူဆလမ် ဆိုသူကတော့ ရုပ်အလောင်း ၁၁၈ ခုကိုတော့ တွေ့ရှိထားကြောင်း၊ ရှာဖွေမှုတွေ အပြီးမှာတော့ သေဆုံးသူအရေအတွက်ဟာ ဒီထက်ပိုလာလိမ့်မယ်လို့ ပြောဆိုပါတယ်။
သတင်းထောက်တစ်ဦးကတော့ လူတွေဟာ စိုးရိမ်ထိတ်လန့်မှုတွေနဲ့အတူ ဒဏ်ရာရပြီး သွေးတွေနဲ့ ပြေးလွှားနေကြတယ်လို့ပြောပါတယ်။
လူတစ်ဦးရဲ့မေးမြန်းချက်ကို အမည်မဖော်လိုတဲ့ လူနာတင်ယာဉ်မောင်းတစ်ဦးက သူ့ရဲ့တွေ့ရှိချက်ကို ပြောကြားရာမှာ ၁၅ ဦးသေပြီး၊ ၃၀ ဦး ဒဏ်ရာရတယ်လို့ ပြောပါတယ်။
Plateau ပြည်နယ်ရဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူး Chris Olakpe ကတော့ ဒီလုပ်ရပ်ဟာ အကြမ်းဖက်မှု လုပ်ရပ်လို့ပြောပါတယ်။ ဒါပေမဲ့ ဘယ်သူ့ရဲ့လက်ချက်လဲဆိုတာကိုတော့ ပြောဘို့ငြင်းဆိုပါတယ်။
သူ့ကဆက်ပြီး ပထမပေါက်ကွဲမှုဟာ အသေခံဖေါက်ခွဲမှုဖြစ်ပြီး ဒုတိယပေါက်ကွဲမှုကတော့ ကားပေါ်မှာ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတင်ဆောင်ပြီး ဖေါက်ခွဲခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
အဗဒူဆလမ်ရဲ့ပြောကြားချက်ကို ပြည်နယ်အုပ်ချုပ်ရေးမှူးက ငြင်းဆိုပြီး ၄၆ ဦးသေပြီး၊ ၄၅ ဦး ဒဏ်ရာ ရတယ်လို့ပြောကြားသွားပါတယ်။
(CNN) – 20 May 2014
ရွှေမန်းတင်မောင်သား
အစိုးရအဖွဲ့အကြီးအကဲများအားလုံး အစည်းအဝေးပြုလုပ်ရန် ထိုင်းကြည်းတပ် တောင်းဆို
Bangkok post 21 may 2014
ထိုင်းကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ ဦးဆောင်သည့် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု ကွပ်ကဲရေးဌာန (PKCC) သည် မေလ ၂၀ ရက်နေ့ ၁၄၀၀ နာရီချိန်တွင် အစိုးရအဖွဲ့ရုံးများ၊ နိုင်ငံတော်ပိုင် လုပ်ငန်း ကုမဏီများမှ အကြီးအကဲများအားလုံး၊ နိုင်ငံတစ်ဝန်းလုံးရှိ စီးပွားရေးနှင့် လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအားလုံးအား အစည်းအဝေးတစ်ရပ် ကျင်းပပြုလုပ်သွားရန် တောင်းဆိုခဲ့ပါသည်။
(PKCC)၏အမိန့်အရ အစိုးရအဖွဲ့ကဏ္ဍတွင် ညွှန်ကြားရေးမှူးချုပ်အဆင့်၊ ၎င်းအဆင့်နှင့်ညီမျှသောအဆင့်ရှိ အစိုးရအဖွဲ့ရုံးအကြီးအကဲများ၊ ပြည်နယ်အုပ်ချုပ်ရေးမှူးများ အကျုံးဝင်ကြောင်း သိရသည်။ အလယ်ပိုင်း လွင်ပြင်ဒေသရှိ အထက်ဖော်ပြပါအဆင့်ရှိသူများသည် ဘန်ကောက်မြို့၊ ဝီဘဝတီလမ်းရှိ ထိုင်းကြည်းတပ် ကလပ်တွင်လည်းကောင်း၊ အရှေ့မြောက်ပိုင်းဒေသပြည်နယ်များမှ အထက်ဖော်ပြပါအဆင့်ရှိသူများသည် နခွန်ရတ်ချာဝီမာပြည်နယ်၊ နခွန်ရတ်ချာဝီမာခရိုင်မြို့၊ အမှတ်(၂)စစ်တိုင်းရှိ စူရနရီစစ်စခန်းတွင်လည်းကောင်း၊ မြောက်ပိုင်းဒေသပြည်နယ်များမှ အထက်ဖော်ပြပါအဆင့်ရှိသူများသည် ဖိစနုလို့ပြည်နယ်၊ ဖိစနုလို့ခရိုင်မြို့၊ အမှတ်(၃)စစ်တိုင်းရှိ နရေစူဝမ်စစ်စခန်း၌လည်းကောင်း၊ တောင်ပိုင်းဒေသပြည်နယ်များမှ အထက်ဖော်ပြပါ အဆင့်ရှိသူများသည် နခွန်စီထမ္မရတ်ပြည်နယ်၊ နခွန်စီထမ္မရတ်ခရိုင်မြို့၊ အမှတ်(၄)စစ်တိုင်းရှိ ဝဇိရာဝုဒ် စစ်စခန်း၌လည်းကောင်း အသီးသီး စုဝေးကြရမည်ဖြစ်ကြောင်း သိရှိရသည်။
(PKCC) Keeping Command Centre
ဘီလူးကျွန်းသား
ဆီးရီးယားပြည်တွင်းစစ်ကြောင့် လူပေါင်း ၁၆၀၀၀၀ ကျော် သေဆုံးခဲ့
CNN 20-5-2014
၃နှစ်ကြာဖြစ်ပွားခဲ့သော ဆီးရီးယားပြည်တွင်းစစ်တွင် လူပေါင်း ၁၆၂၄၀၂ ဦးသေဆုံးခဲ့ကြောင်းနှင့် ယင်းပြည်တွင်းစစ်ပွဲတွင် နိုင်ငံခြားတပ်ဖွဲ့များ၊ ဆန့်ကျင်ဘက်အဖွဲ့များ၊ တပ်ဖွဲ့ဝင်များနှင့် အရပ်သားများအပါအဝင် ကလေးသူငယ်ပေါင်း ၈၆၀၇ ဦး သေဆုံးခဲ့ကြောင်း လူအခွင့်အရေးဆိုင်ရာ အရာရှိများ က မေလ ၂၀ ရက်နေ့က ပြောကြားခဲ့ပါသည်။
ထို့အပြင် ကုလသမဂ္ဂအရာရှိများကလည်း ယင်းလူများသေဆုံးမှုများအား သတင်းမရရှိမှုနှင့် ဆက်သွယ်ရေး ကိရိယာများ၏ ချို့ယွင်းချက်များကြောင့် ဇူလိုင်လအတွင်း စာရင်းအတိအကျ မကောက်ယူနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ သမ္မတ ဘာချာအယ်အာဆတ် အစိုးရအဖွဲနှုတ်ထွက်ရေး ကြိုးပမ်းခဲ့သော ဆန့်ကျင်ဘက် အဖွဲ့များနှင့် ဖြစ်ပွားခဲ့သော ယင်းစစ်ပွဲတွင် ပြည်သူလူထုပေါင်း ၁ သိန်းကျော် သေဆုံးခဲ့ကြောင်းလည်း ဆက်လက် ပြောကြားခဲ့ပါသည်။
အယ်အာဆတ် ဆန့်ကျင်ရေးအဖွဲ့များသည် ၂၀၁၁ခုနှစ်၊ မတ်လတွင် ဒါလာပြည်နယ်တွင် ငြိမ်းချမ်းစွာဖြင့် စတင် ဆန္ဒပြခဲ့ကြောင်း၊ ယင်းအစိုးရ ဆန့်ကျင်ဆန္ဒပြသူများအား ပစ်မှတ်ထား တိုက်ခိုက်ခဲ့သောကြောင့် အကြမ်းဖက် အုပ်စုများနှင့် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ အာဆတ်မိသားစုဝင်များသည် ဆီးရီးယား တွင် ၄ ရာစုကြာ အုပ်ချုပ်ခဲ့ပြီး အာဆတ်ဖခင်မှာ ၂၀၀၀ပြည့်နှစ်တွင် စတင်အုပ်ချုပ်ခဲ့ကာ ဒုတိယမျိုးဆက် အဖြစ် ၂၀၀၇ခုနှစ်တွင် စတင်အုပ်ချုပ်ခဲ့ပါသည်။
ဆီးရီးယားနိုင်ငံအနေဖြင့် လာမည့် ဇွန်လတွင် သမ္မတရွေးကောက်ပွဲ ကျင်းပပြုလုပ်မည်ဖြစ်ပြီး အယ်အာဆတ်မှာ နောက်ထပ် သမ္မတသက်တမ်း ရွေးကောက်ပွဲဝင်နိုင်ရေး လုပ်ဆောင်လျက်ရှိကြောင်း သိရှိ ရပါသည်။
ကိုသားငယ်လေး(ကျောက်ကြီး)
Monday, May 19, 2014
ထိုင်းကြည်းတပ်က မာရှယ်လောအမိန့်ထုတ်ပြန်ခဲ့အပြီး ဆက်တိုက်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များ
Bangkok post, 20-5-2014
ထိုင်းကြည်းတပ်သည် နိုင်ငံတစ်ဝန်းလုံးတွင် ၂၀-၅-၂၀၁၄ရက်နေ့ ၀၃၀၀ နာရီအချိန်မှစ၍ မာရှယ်လောအမိန့် စတင်အသက်ဝင်စေခဲ့ပြီး ယာယီအစိုးရအဖွဲ့ ၏ ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့အား ဖျက်သိမ်း၍ ငြိမ်းချမ်းမှု ထိန်းသိမ်း ရေး ကွပ်ကဲမှုဌာနချုပ် PKCC အား ဖွဲ့စည်းကာ PKCC ၏ လုပ်ငန်းများ အဆင့်ပြေ ချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ထိုင်းဘုရင့်ရေတပ်၊ ထိုင်းဘုရင့်လေတပ် ဦးစီးချုပ်များနှင့် ထိုင်းဘုရင့်ရဲတပ်ဖွဲ့အကြီးအကဲတို့ ၄ ဦးအား အကြံပေး ပုဂ္ဂိုလ်များအဖြစ် ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့သည်။
ထိုင်းတပ်မတော်တွင် သြဇာအာဏာအရှိဆုံး ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ်က ၂၀-၅-၂၀၁၄ရက်နေ့ ၁၂၀၀ အချိန်တွင် ထိုင်းဘုရင့် ကြည်းတပ်ခေါင်းဆောင်များနှင့်အတူ လုံခြုံရေးအခြေအနေများ ဆွေးနွေးရန် အစည်းအဝေးတစ်ရပ် ခေါ်ယူခဲ့သည်။ ယင်းအစည်းအဝေးအား အမှတ်(၁)ခြေလျင်တပ်မ(ဘုရင့်ကိုယ်ရံတော်တပ်)တွင် ကျင်းပပြုလုပ်မည် ဖြစ်သည်။
ထိုင်းဘုရင့်ရဲတပ်ဖွဲ့ အကြီးအကဲ ရဲဗိုလ်ချုပ်ကြီး အဒူလ်စိန်စင်ကဲယော့ကလည်း ၎င်း၏ရဲတပ်ဖွဲ့ အဆင့်မြင့်အရာရှိကြီးများနှင့်အတူ အရေးပေါ်အစည်းအဝေးတစ် ရပ်အား ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့အနေဖြင့် ဗိုလ်ချုပ်ကြီး ပရာယုဒ် ဦးဆောင်သည့် PKCC ၏ ညွှန်ကြားချက်များ ဆက်လက်ရရှိက ရဲတပ်ဖွဲ့၏ တာဝန် ဝတ္တရားများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မာရှယ်လောအား ထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ယာယီအစိုးရအဖွဲ့ကမူ ဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်းဖြင့် မေလ ၂၀ ရက်နေ့ အစောပိုင်းတွင် ဘန်ကောက်ပို့စ်သတင်းစာသို့ ပြောကြားခဲ့သည်။
ထိုင်းကြည်းတပ်မှ မာရှယ်လောထုတ်ပြန်အပြီးတွင် ယင်းမာရှယ်လောသည် ယာယီသာဖြစ်ရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်အောက်တွင်သာ ထားရှိရမည် ဖြစ်ကြောင်း၊ ထို့အပြင် ထိုင်းနိုင်ငံအတွင်းရှိ နိုင်ငံရေးဆူပူအုံကြွမှုများနှင့် စပ်လျဉ်း၍ စိုးရိမ်ပူပန်မိကြောင်း၊ နိုင်ငံရေးပါတီများအားလုံးအနေဖြင့် လွတ်လပ် စွာပြောဆိုပိုင်ခွင့်အပါအဝင် ဒီမိုကရေစီစနစ် လုပ်ထုံးလုပ်နည်းများအပေါ် လေးစားလိုက်နာသွားကြရန် တိုက်တွန်းလိုကြောင်း မာရှယ်လော ထုတ်ပြန်မှုသည် အာဏာသိမ်းခြင်းမဟုတ်ဟူသော ထိုင်းဘုရင့်ကြည်းတပ်၏ ကြေညာချက်ကို မိမိတို့ သဘောပေါက် နားလည်ပါကြောင်း၊ ဆူပူအုံကြွမှုများ အား ကာကွယ်တားဆီးရန်အတွက် ထုတ်ပြန်ခဲ့သည့် မာရှယ်လောအမိန့်သည် ယာယီသာဖြစ်သည်ဟူသည့် ထိုင်းဘုရင့်ကြည်းတပ်၏ မှတ်ချက်ပြု ပြောကြား ထားမှုအပေါ် ထိုင်းဘုရင့်ကြည်းတပ်မှ အလေးထား လိုက်နာသွားလိမ့်မည်ဟု မိမိတို့ ယုံကြည်မျှော်လင့်ထားပါကြောင်း၊ မတူကွဲပြားမှု များအား ဖြေရှင်းရန် အတွက် ထိုင်းနိုင်ငံရေးပါတီများအားလုံး တွေ့ဆုံဆွေးနွေးခြင်း၊ ရှေ့ဆက်လျှောက် ရမည့် နည်းလမ်းရှာဖွေခြင်းများဖြင့် အတူတကွ လက်တွဲဆောင်ရွက်သွားကြလိမ့် မည်ဟု မိမိတို့ လေးလေးနက်နက် ယုံကြည်ထားပါကြောင်းဖြင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ Mrs Jen Psaki က မေလ ၁၉ ရက်နေ့ နှောင်းပိုင်းတွင် ပြောကြားခဲ့သည်။
အစိုးရထောက်ခံသူ ရှပ်နီအဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သည့် မစ္စတာ ကျတုဖုန် ဖရုန်ဖန်က ထိုင်းဘုရင့်ကြည်းတပ် ဦးစီးချုပ်ဦးဆောင်သည့် ငြိမ်းချမ်းမှုထိန်းသိမ်း ရေးကွပ်ကဲမှုဌာနချုပ် PKCC နှင့်အတူ ပူးပေါင်းဆောင်ရွက် သွားကြရန် ၎င်း၏ ရှပ်နီအဖွဲ့ဝင်များအား တိုက်တွန်းပြောကြားထားသည်။
ဘီလူးကျွန်းသား
ထိုင်းကြည်းတပ်က မာရှယ်လောထုတ်ပြန်လိုက်ခြင်း
CNN, 20-5-2014
ထိုင်းကြည်းတပ်က ၂၀၁၄ခုနှစ်၊ မေလ ၂၀ ရက်နေ့တွင် နိုင်ငံတစ်ဝန်းလုံး၌ မာရှယ်လော ထုတ်ပြန်လိုက်သည့်အတွက် ထိုင်းကြည်းတပ်၏ လှုပ်ရှားမှုကို အံ့အားသင့်မိကြောင်း၊ ယင်းကိစ္စကိုလည်း မိမိတို့အစိုးရအဖွဲ့မှ ကြိုတင်သိရှိထားခြင်း မရှိကြောင်း၊ ယင်းလုပ်ရပ်သည် အရေးမကြီးပါကြောင်း၊ အစိုးရအဖွဲ့အနေဖြင့် ထိုင်းကြည်းတပ်၏ မာရှယ်လောထုတ်ပြန်ခဲ့မှုနှင့်စပ်လျဉ်း၍ အထူးအစည်းအဝေး တစ်ရပ် ကျင်းပလျက်ရှိပါကြောင်း၊ ထိုင်းကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာအနေဖြင့် ၎င်းထုတ်ပြန်ခဲ့သည့်အမိန့်အပေါ် ဘက်မလိုက်ဘဲ သမာသမတ် ကျစွာ လုပ်ဆောင်ခြင်းရှိ/မရှိကိုမူ မိမိတို့ စောင့်ကြည့်သွား ရမည်ဖြစ်ကြောင်း၊ ယခု ထိုင်းကြည်းတပ်၏ မာရှယ်လောထုတ်ပြန်ခဲ့မှုသည် တစ်ဝက်တစ်ပျက် အာဏာသိမ်း ခြင်းပင်ဖြစ်ကြောင်းဖြင့် ယာယီအစိုးရအဖွဲ့မှ ဝန်ကြီးချုပ်၏ စစ်ဘက်လက်ထောက် တစ်ဦးက ပြောကြားခဲ့ပါသည်။
သို့သော် ထိုင်းကြည်းတပ်မှ ဒုတိယဗိုလ်ချုပ်ကြီး နီပက်သောင်န်လတ်ကမူ ထိုင်းကြည်းတပ်၏ လှုပ်ရှားမှုသည် အာဏာသိမ်းခြင်းမဟုတ်ကြောင်းဖြင့် CNN သတင်း ဌာနသို့ ပြောကြားခဲ့ကြောင်း၊ ထိုင်းကြည်းတပ် ရုပ်မြင်သံကြားအစီအစဉ်မှ ဝန်ထမ်း တစ်ဦးကလည်း ထိုင်းကြည်းတပ်၏ ရည်ရွယ်ချက်မှာ ငြိမ်ဝပ်ပိပြားရေးအား ထိန်းသိမ်း ရန်နှင့် ဘက်ပေါင်းစုံ၊ ပါတီပေါင်းစုံတို့မှ ပြည်သူများ၏ ဘေးကင်းလုံခြုံရေးအတွက်သာ ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်မှု မဖြစ်ကြစေလိုကြောင်း၊ ၎င်းတို့၏ စီးပွားရေးကို ပုံမှန်ဆက်လက် လုပ်ဆောင်သွားနိုင်ကြောင်း၊ မာရှယ်လောထုတ်ပြန်ခြင်း သည် အာဏာသိမ်းခြင်းမဟုတ်ပါကြောင်း၊ မာရှယ်လောမှာ ၂၀-၅-၂၀၁၄ ရက်နေ့ ၀၃၀၀ နာရီအချိန်မှစ၍ အသက်ဝင်ခဲ့ပြီဖြစ်ကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
ထိုင်းပြည်သူ့ရုပ်မြင်သံကြားဌာနမှလည်း ထိုင်းရုပ်သံလွှင့်ဌာနများအားလုံးကို ထိုင်းကြည်းတပ်မှ စောင့်ကြပ်လျက်ရှိကြောင်းဖြင့် ပြောကြားကာ နိုင်ငံအတွင်းရှိ အဓိကမြို့ကြီးများမှ ရုပ်သံလွှင့်ဌာနများ၏ အဆောက်အအုံပြင်ပတွင် ထိုင်းစစ်သားများ နှင့် သံချပ်ကာယာဉ် များ နေရာယူထားသည့် ဓာတ်ပုံများကိုလည်း ထုတ်ဖော်ပြသခဲ့ ကြောင်း၊ လိုအပ်ပါက ထိုင်းရုပ်သံနှင့် ရေဒီယိုအသံလွှင့်ဌာနများအားလုံးသည် ၎င်းတို့ ပုံမှန်ထုတ်လွှင့်နေကျ အစီအစဉ်များအား ရွှေ့ဆိုင်းထားရမည်ဟုလည်း ထိုင်း ကြည်းတပ်မှ ထုတ်ပြန်ကြေညာ ထားကြောင်းဖြင့် သတင်းထုတ်ပြန်ခဲ့သည်။
ထိုင်းနိုင်ငံတွင် နိုင်ငံရေးတင်းမာနေမှုများက အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်ကြောင်း၊ အစိုးရထောက်ခံသူများနှင့် အစိုးရဆန့်ကျင်သူများကလည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အလုံးအရင်းဖြင့် ဆန္ဒပြမှုများကို အသီးသီး လုပ်ဆောင်ခဲ့ကြကြောင်း၊ ထိုင်းကြည်းတပ်၏ မာရှယ်လောထုတ်ပြန်မှုက နိုင်ငံရေး တင်းမာမှုများအား လျော့ကျသွားစေမည်လော၊ သို့မဟုတ် ပိုမိုမြင့်တက်လာစေ မည်လော ဆိုသည်ကို ပြောကြားရန်အတွက် အချိန်စောလွန်းနေသေးသည်ဟု နိုင်ငံရေး လေ့လာသူများက သုံးသပ်ပြောကြားထားကြောင်း သိရှိရပါသည်။
ဘီလူးကျွန်းသား
အင်းဝနဲ့ ဟံသာဝတီကြားက ပြည်ထောင်စုစိတ်ဓာတ်နဲ့သူရဲကောင်း
သမိုင်းရာဇဝင်မှာ ဟံသာဝတီပြည့်ရှင် ရာဇဓိရာဇ်နဲ့ အင်းဝပြည့်ရှင် ဘုရင်မင်းခေါင်တို့ရဲ့ စစ်ပွဲအကြောင်းကို သမိုင်းပညာရှင်တို့ ရေးသားခဲု့ကြတာ လေ့လာ၍ မကုန်အောင်
များပြားလှပါ တယ်။
စစ်ပွဲအတွင်း သူရဲကောင်းတွေ အမြောက်အများပေါ်ထွက်ခဲ့ပါတယ်။ သမိုင်းမှာ ကမ္ဘည်းတင်နိုင်အောင်လည်း ဆောင်ရွက်ခဲ့ကြတယ်။ အားကျစရာ၊ အတုယူစရာ၊ သူရဲကောင်းတွေ ပြောခဲ့တဲ့စကားတွေက ယနေ့ခေတ်ကာလအထိ အတုယူစရာတွေ ပြည့်လို့နေတယ်။
မွန်ဘုရင်ရာဇဓိရာဇ်၏ သမီးတော်နှင့် လက်ဆက်ကာ ဘုရင့်သားမက်တော် ဖြစ်ခဲ့သူ သမိန်ဗရမ်း။ အင်းဝနှင့် ဟံသာဝတီတို့၏ ကာလရှည်ကြာလှသော စစ်ပွဲများအတွင်း၌ အင်းဝသားတို့အား ရွပ်ရွပ်ချွံချွံတိုက်ခိုက်ခဲ့သူ။ မြန်မာမင်းသား မင်းရဲကျော်စွာ၏ ဥပါယ်တံမျဉ်ကြောင့် မွန်သူရဲကောင်း လဂွန်းအိမ်ကျဆုံးရသည်ကို မခံရပ်နိုင်၍ အင်းဝတပ်တည်ရာသို့ တစ်ဦးတည်းဆင်ကို ချွန်းဖွင့်ကာ အပြင်းတိုက်သောကြောင့် အင်းဝစစ်သည်တို့ အများအပြား ကျဆုံးခဲ့ရဖူးလေသည်။ သုရှင် ရာဇဓိရာဇ် စစ်ဆုတ်ရာ၌ နောက်ချန်တပ်အနေဖြင့် အင်းဝသားတို့၏ စစ်ကိုခံရင်း မင်းရဲကျော်စွာလက်တွင်းသို့ကျရောက်ရကာ အင်းဝ၌ အကျဉ်းချခံနေရသူဖြစ်သည်။
အကျဉ်းခံနေရစဉ်အတွင်း မလှုပ်နိုင်အောင် သံခြေချင်းခတ်၍ နှစ်ရှည်လများထားသဖြင့် ပုထုဇဉ် လူသားတစ်ဦးအနေနှင့် မိမိအား ညှင်းပန်းနှိပ်စက်သူတစ်ဦးကို လက်စား ချေထုတ်ပြန်လိုသည့် စိတ်ကဖြစ်ပေါ်တတ်တာ။ ထို့အတူ သမိန်ဗရမ်း ၏ စိတ်ထဲတွင် အင်းဝသားတို့အား လက်စားချေချင်တဲ့စိတ်က ဖြစ်ပေါ်မှာ မလွှဲဧကန်။
သို့သော် အင်းဝသို့ ပြည်ပစစ်ရောက်ချိန်တွင် အင်းဝပျက်ကာ ကစင့်ကလျားဖြစ်ပြီး မိမိလွတ်မြောက်နိုင်မည်၊ အင်းဝသားတို့အား လက်စားချေနိုင်တော့မည်ဟု မျက်တောင် မွှေးတစ်ဆုံးမတွေး၊ အင်းဝသည် ဟံသာဝတီ၏ တံခါးပေါက်ဖြစ်သည်၊ အင်းဝနှင့် မိမိတို့ဟံသာဝတီသည် စစ်ပြုမြဲဖြစ်ခဲ့သော်လည်း တိုင်းတပါးသားတို့ ဝင်ရောက်ကျူးကျော်ချိန်တွင် အင်းဝနှင့်ဟံသာဝတီတို့ပေါင်း၍ တိုက်မှတော်မည်ဟု အမျိုးသားရေးအတွေး တွေးသည်။ အင်းဝသားတို့အပေါ် မကျေနပ်မှုများရှိသော်လည်း၊ "အင်းဝနိုင်ငံကြီး တည်တံ့ခိုင်မြဲ၍ ကိတ္တိယဿကျော်စောခြင်းနှင့် ပြည့်စုံစေလိုသည်။ မြို့သူမြို့သား ရဟန်းပုဏ္ဏားများအား ချမ်းသာသုခတို့နှင့် ပြည့်စုံစေလို၍ ဖြစ်သည်" ဟု ရဲရဲတောက်ဆို၍ စီးချင်းတိုက်ရန် တာဝန်ယူသည်။ ပြုနိုင်ခဲလှစွာသော သီးခံခြင်း၊ အမြင်ကျယ်ခြင်း တို့ပင်ဖြစ်သည်။
ဤသည်ကိုထောက်ရှုခြင်းဖြင့် သူရဲကောင်း သမိန်ဗရမ်း၏ စိတ်ထဲတွင် အရေးကြုံလျင် မိမိတို့ပြည်ထောင်စု အရေးထက် မိမိဆန္ဒကို သည်းခံချိုးနှိမ် စိတ်ထားနိုင်စွမ်းသည်မှာ သာမန်လူ ပြုနိုင်ခဲလှပေတယ်။
ကာမဏိနှင့် စီးချင်းထိုး အောင်နိုင်ပြီးသောအခါ၌လည်း အင်းဝဘုရင် မင်းခေါင်ထံ တောင်းဆိုသော အချက် ၄ ချက်ကလည်း ပဒေသရာဇ်ခေတ် သတ်စေဆိုသည့်ခေတ်၌ ရွှေနားတော် ခါးလှအသံကြားတာနဲ့ မိမိဇီဝိန်ချုပ်မှာကို မကြောက်မရွံ့ သံတော်ဦးတင်ဝံ့တာ ကြားရသူအပေါင်း ကြက်သီးမွှေးညှင်း ထမိစေပါတယ်။
ယခုအခါ သမိန်ဗရမ်းအား ငါ၏ ရာဇာဓိတာ သမီးကညာကို အပ်နှင်း၍ မဟာဥပရာဇာအဖြစ် ထားတော်မူမည်။ မှူးမတ်သေနာပတိများ ပသို့မြင်ကြပါသနည်း" ဟု မိန့်တော်မူ၏။ သို့စဉ် မှူးမတ်များက မည်သို့မျှ မတင်လျှောက်မီ သမိန်ဗရမ်းသည် ဦးခိုက်လျက်
"အရှင်မင်းကြီး၏ ရွှေဖဝါးတော်အောက်တွင် ကျွန်ုပ်ခစား၍ သည်တစ်ကြိမ် အမှုတော်ကို ထမ်းပေးသည်မှာ ဆန္ဒလေးပါးရှိပါသည်။
(၁) ကျွန်ုပ်သည် သုံ့ပန်းအဖြစ် သံခြေချင်းခတ်ထားသည့် ဒုက္ခမှ လွတ်မြောက်လိုသည့် ဆန္ဒတစ်ပါး။
(၂) အဝသာန်အဆုံးကာလတိုင်အောင် ကျွန်ုပ်၏ ကိတ္တိယဿ ကျော်စောမှုကို တည်တံ့စေလိုသည့် ဆန္ဒတစ်ပါး။
(၃) ကျွန်ုပ်အား ကွပ်မျက်စေလိုသည့် ဆန္ဒတစ်ပါး။
(၄) သို့မဟုတ် ကျွန်ုပ်အား ဟံသာဝတီပြည်သို့ ပြန်ခွင့်ပြုစေလိုသည့် ဆန္ဒတစ်ပါး
ပေါင်း ဆန္ဒလေးပါးဖြစ်ပါသည်။ ဘုရင်ကမြောက်စား၍ ဂုဏ်မမောက် မာနချိုှးနှိမ်ပြီး မိမိကသာ အကျဉ်းရာဇဝတ်သားဆိုတာ မမေ့မလျော့ လျှောက်တင်ပုံမှာ ယခု အရှင်မင်းကြီးသည် ကျွန်ုပ်အား ရာဇဓိတာသမီးကညာပေး၍ မဟာဥပရာဇာ အိမ်ရှေ့မင်းအရာဖြင့် ချီးမြှင့်တော်မူမည်ဟု မိန့်တော်မူသည်မှာ မနှိုင်းယှဉ်နိုင်သော ဂုဏ်ကျေးဇူးပင် ဖြစ်ပါသည်။ သို့သော် ကျွန်ုပ် လက်မခံပါရစေနှင့်။ အရှင်မင်းကြီးပေး သည့်ဆုကို အရှင်မင်းကြီးအား ပြန်လည်ဆက်သပါသည်"ဟု လျှောက်ထားလေ၏။
သူရဲကောင်းကိုမြတ်နိုးသော ချစ်ခင်သော လေးစားသော အင်းဝပြည့်ရှင် ဘုရင်မင်းခေါင်မှာတော့ သူရဲကောင်းတို့ရဲ့ ဆန္ဒကိုဖြည့်ဆည်း ပေးလိုသော်လည်း စစ်ပွဲချိန်၊ စစ်နည်းပရိယာယ် သဘောတရားအရ မွန်ဘုရင် ရာဇဓိရာဇ်နှင့် စစ်ပွဲမှာမပြီးဆုံးသေးသဖြင့် ယနေ့ခေတ်ချက်စ် ကစားနည်းအရ ပွန်းသာထိုးကျွေးမည်။ ရထားတော့ အကျမခံနိုင်ဆိုသလို ဖြစ်နေတာကိုက သဘာဝကျလှကြောင်းပါခင်ဗျား။
ရွှေမန်းတင်မောင်သား
ကိုးကားချက်များ
ဒေါက်တာနိုင်ပန်းလှ၏ သမိန်ဗရမ်း၂ရာဇဓိရာဇ်အရေးတော်ပုံကျမ်းမှ ကောက်နှုတ်ချက်။
လွယ်အိတ်(၁၈.ဇွန်လ.၁၂)at 11:37 PM
အစားမတော်တလုတ်
"တုံ..တုံ...တုံ...တုံ"ရွာဦးကျောင်းက အုန်းမောင်းခေါက်သံက မနက်အာရုံ လင်းဖို့ ရှေ့ပြေးအသံလား ပီပြင်စွာ တိတ်ဆိတ်နေတဲလောကကို ထွင်းဖောက်ပေါ်ထွက်လာတယ်။ သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက် သာအေး မီးအုပ်ဆောင်းကိုဆွဲလျက် ရွာလမ်းကလေးအတိုင်း သားသတ်ရုံရှိရာ လယ်ကွင်းဖက်ကို ထွက်ခဲ့တယ်။
အလုပ်ရုံရှိရာရောက်လျင် မနေ့ညနေကတည်းကပေါ်မည့် ဝက်နှစ် ကောင်ကို လက်သုံးတော် လှံနဲ့ကိစ္စတုံး ပြီး အသင့်တည်ထားတဲ့ရေနွေးလောင်း၊ အမွေးပြောင်အောင်ခြစ်၊ ဗိုက်ခွဲ ကလီစာတွေထုတ်၊ ခြေလက်တွေကို သတ်သတ်စီခုတ်ထားတယ်။ ဝက်ကိုယ်လုံးကို လေးပိုင်း ပိုင်းပြီး အသင့်စောင်နေတဲ့ မြင်းလှည်းပေါ်ကို တင်ပြီး ဈေးကိုတပည့်ကျော် ဘိုကျော်နဲ့ အတူထွက်ခဲ့တယ်။
ဈေးရောက်တော့ လေးပိုင်း ပိုင်းထားတဲ့ ဝက်သားကို တစ်ပိသာ အတုံးလေးတွေ ဖြစ်အောင်ပိုင်းပြီးရင် သူဌေးလက်ထဲ အပ်ပြီးရင် သာအေးတို့ တာဝန်ပြီးသွား ပါပြီ။
အလုပ်ပြီးသွားတော့ ဆင်းရဲသား အလုပ်ကြမ်းသမားတို့ရဲ့ ထုံးစံအတိုင်း တခွက်တဖလားတော့ ချကြတာပေါ့။
တစ်နေ့ဈေးကအပြန် တပည့်ကျော် ဘိုကျော်က ဖက်နဲ့ထုပ်ထားတဲ့ အထုပ် ၁ထုပ်ယူလာတယ်။ ဆရာ..ကျွန်တော် ဟိုဖက်ဈေးသည်က ငါးပူတင်းဥတွေ တောင်းလာတယ်။ ညနေအတွက် အမြည်းပေါ့။ ဘယ်ဆိုးလို့လဲ ငါ့တပည့်က။ ဟဲဟဲ...ဆရာ့တပည့်ပဲလေ
အချိန်က တပေါင်းလဆိုတော့ အလွန် ပူတဲ့အချိန် အိမ်ရှေ့ကွပ်ပစ်မှာ ဝယ်ထား တဲ့အရက်ကိုတည်။ တပည့်ကျော် ကတော့ နောက်ဖေးမီးဖိုချောင်မှာ ဈေးကယူလာတဲ့ ငါးပူတင်းဥကို ကြော်နေလေရဲ့။ သာအေး၊ တပည့်ကျော် ဘိုကျော်နဲ့ အိမ်ဘေးနား က သာဂိတို့ ၃ ဦးတို့ တောအရက်နဲ့ ငါးပူတင်းဥကြော်ကို သောက်လိုက်၊ စားလိုက်နဲ့ အရက်သုံးလုံးလည်း ပြောင်ရော လူတွေလည်း ခေါင်းမထောင် နိုင်အောင်မူးနေပြီ။
သာဂိက အာလေးလျှာလေးဖြစ်နေပြီ။ ကိုယ်မှာလဲ အင်္ကျီကမရှိတော့။ သာအေး ရေ..အေ့..ငါဒီမှာဘဲအိပ်တော့မယ်ကွာ။ မပြန်နိုင်တော့ ဘူး...အေ့။ အေးပါကွာ...အိပ်ပေါ့။
မနက်မိုးလင်းတော့မယ်။ သာအေးတော့ ညကများသွားတဲ့အရှိန်နဲ့ အလုပ်မသွား နိုင်တော့။ တပည့်ကျော်တောင် ဘယ်အချိန်ပြန်သွားမှန်းမသိ။ ခေါင်းထဲ ကလည်းမူးနောက်နောက်ဖြစ်နေတယ်။
ထိုအချိန် သာအေးမိန်းမ မြချစ်က အောင်မလေး...ကိုသာအေးရေ။ လာကြပါအုံး ဒီမှာ..သာဂိတစ်ယောက် ခေါ်လို့မရတော့ဘူး။ ဒီတော့မှ သာအေး တစ်ယောက် ပြေးထွက်သွားပြီး သာဂိကို နှိုးကြည့်တော့။ သာဂိတစ်ကိုယ်လုံး အေးစက်ပြီး တောင့်နေတယ်။ ပါးစပ်ကလည်း အမြှပ်တွေထွက် နေတယ်။ သာအေး တစ်ယောက် ခေါင်းပိုမူးလာပြီး မိန်းမရေ ငါ့ကို ကန်စွန်းရွက်ထောင်းပေးစမ်း။ မိန်းမထောင်းပေးတဲ့ ကန်စွန်းရွက်ရည် ကို သောက်လိုက်ပြီး ခဏကြာတော့ သာအေး တစ်ယောက်ထိုးအန်လိုက်ရာ ပါးစပ်မှ ဝေါကနဲဆိုပြီး အဖတ်ဖြူုဖြူတွေ ထွက်ကျကုန်တယ်။ ဒီတော့မှ နည်းနည်း သက်သာသွားတယ်။
ကောင်းသွားတော့မှ တပည့်ကျော်ကို သွားသတိရတယ်။ ဟေ့...ဘိုကျော်ကို မေးစမ်းပါအုံးဟ။ အောင်မလေး... ကိုသာအေးရယ်။ ရှင်ဖြစ်နေကတည်းက ရှင်တပည့်ကျော်က နောက်ဖေးမှာ အန်နေတာ။ သူ့ကိုလည်း ကန်စွန်းရွက် တိုက်ပြီးပါပြီ။ ညကသူမပြန်ဘူးလေ။ နောက်ဖေးမှာအိပ်နေတာဟု ရှင်းပြတော့မှ သာအေးလည်း သက်ပြင်း ချနိုင်တော့တယ်။ သာဂိအသုဘချဖို့ အတွက် ရပ်ကွက်လူတွေနဲ့ တိုင်ပင်ရ တော့တာပေါ့။
ပြန်သုံးသပ်ကြည့်သော် သောက်တာကအရက်၊ မြည်းတော့ အဆိပ်တောက်တဲ့ ငါးပူတင်းဥ၊ သောက်တဲ့အချိန်က အလွန်ပူတဲ့နွေ၊ တွေ့တဲ့နေရာမှာအိပ်ဆိုတာတွေက သေတွင်းကို ပို့လိုက်သလိုဖြစ်တယ်။ ငါးပူတင်း ၂ မျိုးရှိတယ်။ ရေချိုငါးပူတင်း နဲ့ ရေငန်ငါးပူတင်း။ အသားဆို ရေချိုရော ရေငန်ပါစားလို့ရတယ်။ ငါးပူတင်းဥက အဆိပ်တောက်တယ်။ အန္တရာယ်များတဲ့ အတွက် မစားတာလျင် အကောင်းဆုံး ဖြစ်ကြောင်း အထက်ပါဖြစ်ရပ်မှန်များက သက်သေပါခင်ဗျား။
ရွှေမန်းတင်မောင်သား
Friday, May 16, 2014
တောင်ကိုးရီးယား ကူးတို့ရေယာဉ် နစ်မြှုပ်မှုနှင့် ပတ်သက်၍ သင်္ဘောအရာရှိများအား တရားစွဲဆို
ပြီးခဲ့သည့်လက နှစ်မြှုပ်ခဲ့သော တောင်ကိုးရီးယား ကူးတို့ရေယာဉ် Sewol မှ သင်္ဘော ကပ္ပတိန်အပါအဝင် သင်္ဘောအရာရှိများအား လူသေမှုဖြင့် တရားစွဲဆိုခဲ့ကြောင်း တရားလိုခေါင်းဆောင် Yang Jurn Jin က မေလ ၁၅ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။
၎င်းသင်္ဘောမှ ကပ္ပတိန် Lee Joon Seok နှင့် သင်္ဘောအင်ဂျင်နီယာမှူးအပါအဝင် သင်္ဘောပထမတန်းမာလိန်မှူး (First made)နှင့် ဒုတိယတန်းမာလိန်မှူး(Second made)တို့လည်း တရားစွဲဆိုခံရနိုင်ကြောင်း၊ ယင်းကဲ့သို့ စွဲချက်တင်မှုမျိုးသည် တောင်ကိုးရီးယားနိုင်ငံ၊ ဆိုးလ်မြို့၌ ဆယ်စုနှစ် (၂)ခုကြာမြင့်ခဲ့ပြီဖြစ်ကြောင်း သိရှိရ ပါသည်။
အခြားသင်္ဘောသား ၁၁ ဦးကိုလည်း သင်္ဘောစွန့်ခွာမှုနှင့် သင်္ဘောလုံခြုံရေးဥပဒေအား ချိုးဖောက်မှုဖြင့် စွဲချက်တင် တရားစွဲဆိုထားကြောင်းလည်း သိရှိရပါသည်။
တရားလိုများ၏ ပြောကြားချက်အရ သင်္ဘောကပတိန်နှင့် သင်္ဘောအရာရှိ ၃ ဦးမှာ လူသေမှုဖြင့် တရားစွဲဆိုထားကြောင်း ကျန်သင်္ဘောသား ၇ ဦးမှာ သင်္ဘောအတွင်း နှစ်မြှုပ်နေသော ခရီးသည်များအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းသယ်ဆောင်ရမည် ဖြစ်သော်လည်း လျစ်လျူရှုခဲ့ပြီး ပထမဆုံးသင်္ဘောမှ စွန်ခွာခဲ့ကြောင်း ပြောကြားခဲ့ ပါသည်။
၎င်းသင်္ဘောသည် အေပြီလ ၁၆ ရက်နေ့တွင် Jeju ကျွန်းမှထွက်ခွာခဲ့ရာမှ နစ်မြှုပ်ခဲ့ခြင်း ဖြစ်ပြီး လူပေါင်း ၂၈၄ ဦး သေဆုံးခဲ့ကြောင်းနှင့် အခြား ၂၀ ဦးမှာ ပျောက်ဆုံးလျက်ရှိ ကြောင်း၊ ခရီးသည်အများစုမှ လေ့လာရေးခရီးထွက်သည့် ကျောင်းသားအများစုဖြစ် ကြောင်း သိရှိရပါသည်။
ကိုသားငယ်လေး(ကျောက်ကြီး)
Thursday, May 15, 2014
မြန်မာနိုင်ငံအပေါ် အကျိုးသက်ရောက်မှုတစ်ခုခု ဖြစ်ပေါ်စေလာနိုင်သည့် ထိုင်းနိုင်ငံရေး အပြောင်းအလဲ
စစ်အေးကာလလွန်နောက်ပိုင်း၌ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးနှင့် လူမှုရေးစသည့် နယ်ပယ်အသီးသီးတို့တွင် ထီးတည်းရပ်တည်ခြင်းမှသည် ညှိနှိုင်းဆွေးနွေးခြင်း၊ ပူးပေါင်း ဆောင်ရွက်ခြင်း၊ ပေါင်းစပ်အဖြေရှာခြင်းတို့ဆီသို့ ပြောင်းလဲလာခဲ့ပါသည်။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံများအနေဖြင့် တစ်နိုင်ငံတည်း ရပ်တည်ခြင်းမပြုကြတော့ဘဲ နယ်ပယ်အသီး သီးတို့တွင် နိုင်ငံရေးမူဝါဒ၊ အယူအဆတူညီသည့် နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု များ လုပ်ဆောင်လာခဲ့သည်ကို တွေ့ရှိလာရပါသည်။ သို့ဖြစ်ရာ နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးနှင့် လူမှုရေးစသည့် နယ်ပယ်အသီးသီးတို့၏ ပြောင်းလဲမှု သည်လည်း အနည်းဆုံး ၎င်းတို့၏ အိမ်နီးချင်းနိုင်ငံများအပေါ် ဂယက်ရိုက်ခတ်မှုများ ဖြစ်ပေါ်စေနိုင်ပါသည်။
လက်ရှိတွင် ထိုင်းနိုင်ငံအတွင်း၌ နိုင်ငံရေးစိတ်ဝမ်းကွဲပြားမှုများ နက်ရှိုင်းလာသည်ထက် ပိုမိုနက်ရှိုင်းလာနေပြီး အဆိုးကျော့သံသရာ (Vicious Cycle)အတွင်းသို့ သက်ဆင်း ရောက်ရှိနေပါသည်။ ရာမ(၇)ဘုရင်လက်ထက် ၁၉၃၂ခုနှစ်၊ ဇွန်လ (၂၄)ရက်နေ့မှစ၍ ဘုရင်စနစ်အားဖြုတ်ချခဲ့ပြီး စည်းမျဉ်းခံဘုရင်စနစ်သို့ အသွင်ကူးပြောင်းကျင့်သုံးခဲ့ကာ ၁၉၃၇ခုနှစ်စ၍ ပြောင်းလဲမှုပေါင်းများစွာ ဖြစ်ပေါ်ခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ထိုင်းနိုင်ငံသည် စစ်အေးကာလနောက်ပိုင်း ၁၉၉၁ခုနှစ်တွင် (From Battle Field to the Market Place)စစ်မြေပြင်မှ ဈေကွက်စီးပွားရေးစနစ်ဆီသို့ ကူးပြောင်းကျင့်သုံးခဲ့ပြီး အရှေ့တောင်အာရှတွင် အင်အားကြီးနိုင်ငံတစ်နိုင်ငံ ဖြစ်လာစေရေးကို အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်နေကြောင်း တွေ့မြင်ရမည်ဖြစ်သည်။
၂၀၀၁ခုနှစ် ဝန်ကြီးချုပ် သက်ဆင်ဦးဆောင်သော အစိုးရအဖွဲ့က ဖော်ဖော်ဝါရီလ (၂)ရက်နေ့တွင် မူဝါဒတစ်ရပ်ကို လွှတ်တော်၌ ထုတ်ပြန်ကြေညာခဲ့ပြီး မြန်မာနိုင်ငံနှင့် ပတ်သက်သော မူဝါဒချမှတ်ရာတွင် ထိုင်းအစိုးရသစ်သည် အာရှတိုက်၏ နိုင်ငံရေးမူဝါဒ သစ် (Asian Way)ကိုသာ ကျင့်သုံးသွားမည်ဖြစ်ကြောင်း၊ ၎င်းမှတစ်ဆင့် ဝင်ရောက် မစွက်ဖက်ရေးမူဝါဒ (Non- Intervension Policy)ကို ကျင့်သုံးသွားမည်ဖြစ်ကြောင်းဖြင့် ဖော်ပြခဲ့ပါသည်။ ထိုအခါ အဘီဆစ် ဦးဆောင်သော အတိုက်အခံတို့ဘက်မှ ပြင်းထန် သော ဝေဖန်မှုများကို ပြုလုပ်ခဲ့ပါသည်။ ထို့အပြင် ၂၀၀၂ခုနှစ်၊ ဇွန်လ (၉)ရက်နေ့တွင် လည်း ဝန်ကြီးချုပ် သက်ဆင်က ရုပ်မြင်သံကြားနှင့် စာနယ်ဇင်းသတင်းထောက်များ အား “ထိုင်းအစိုးရ၌ ကြားခံနယ်မြေ (Buffer State)ထားရှိရေးမူဝါဒ မရှိတော့ဟု” ပြောကြားခဲ့သဖြင့် အတိုက်အခံခေါင်းဆောင် အဘီဆစ်က ယခင်အစိုးရများလက်ထက် တွင် ကြားခံနယ်မြေ (Buffer State)ထားရှိသည့် မူဝါဒအား ကျင့်သုံးခဲ့သည်ဟု ဝန်ခံရာ ရောက်နေကြောင်း” ဖြင့် ဝေဖန်ထိုးနှက် တိုက်ခိုက်ခဲ့ကြောင်း တွေ့ရှိရပါသည်။
ဝန်ကြီးချုပ် သက်ဆင်လက်ထက် ၂၀၀၃ခုနှစ်မှ ၂၀၀၅ခုနှစ်များအတွင်း ထိုင်း-မြန်မာ ဆက်ဆံရေးမှာ တိုးတက်ကောင်းမွန်ခဲ့ပါသည်။ ထိုစဉ်က အနောက်အုပ်စုနှင့် နိုင်ငံတကာမှ မြန်မာအစိုးရအပေါ် ဖိအားပေးမှုများကို အဓိကခုခံချေပ ရပ်တည်ပေး သော မိတ်ဖက်နိုင်ငံတစ်ခုလည်းဖြစ်ခဲ့ပြီး အိမ်နီးချင်းကောင်းပီသစွာ ဆက်ဆံလာသည် များ ရှိခဲ့ပါသည်။ ဝန်ကြီးချုပ် ဆမက်ဆွန်ဒရာဝဲ့ လက်ထက်တွင်လည်း နှစ်နိုင်ငံ ဝန်ကြီးချုပ်များ အပြန်အလှန် လည်ပတ်မှုများရှိခဲ့ပြီး နာဂစ်မုန်တိုင်းကယ်ဆယ်ရေး လုပ်ငန်းများတွင် တက်ကြွစွာဖြင့် အိမ်နီးချင်းကောင်း ပီသစွာ ကူညီဆောင်ရွက်ခဲ့ ပါသည်။
အဘီဆစ်ဦးဆောင်သော ဒီမိုကရက်ပါတီအစိုးရအဖွဲ့လက်ထက်တွင် ထိုင်း-မြန်မာ ဆက်ဆံရေးမှာ အေးစက်လာခဲ့ပြီး ယခင်ကရှိနှင့်ပြီး ဆက်ဆံရေးများပင် ပျက်သုန်း ခဲ့ရပါသည်။ ယင်းနောက် ရွေးကောက်ပွဲတွင် အခြေံလူတန်းစား ကိုယ်စားပြုသည့် ဖွှေ့ထိုင်းပါတီ အနိုင်ရရှိခဲ့ပြီး မစ္စ ယင်းလပ် အစိုးရအဖွဲ့တက်လာချိန်၌ ထိုင်း-မြန်မာ ဆက်ဆံရေးမှာ နိုင်ငံရေး၊ စစ်ရေးနှင့် စစ်ရေးစသည့် ကဏ္ဍအသီးသီးတို့တွင် အထူးပင် ကောင်းမွန်လာခဲ့ပြန်ပါသည်။
ထိုင်းနိုင်ငံ၏ မြန်မာနိုင်ငံအပေါ်ထားရှိသော သဘောထားမှာ ပုံသေသတ်မှတ်ထား၍ မရဘဲ ထိုင်းပြည်တွင်း နိုင်ငံရေးအခြေအနေ၊ အစိုးရများ၏ သဘောထားများအပေါ်တွင် အဓိက မူတည်နေပြီး အဓိကအင်အားကြီးနိုင်ငံများက မြန်မာနိုင်ငံအပေါ်ထားရှိသော သဘောထားအပေါ်မူတည်၍လည်း အပြောင်းအလဲများ ဖြစ်ပေါ်တတ်သည်ကို သတိပြု ရမည်ဖြစ်ပါသည်။ ထို့အပြင် ထိုင်း-မြန်မာနယ်စပ်ဧရိယာ အတော်များများမှာလည်း တိကျသည့် နယ်နိမိတ်တိုင်းတာမှုများ မပြုလုပ်ရသေးသည့်အတွက် ထိုင်းနိုင်ငံတွင် ရွေးကောက်ပွဲအသစ် ကျင်းပပြုလုပ်ပြီး အဘီဆစ် ဦးဆောင်သည့် ဒီမိုကရက်ပါတီသာ အာဏာရရှိလာပါက ယင်းပြသနာသည် နှစ်နိုင်ငံ ထိပ်တိုက်ရင်ဆိုင် ဖြေရှင်းရနိုင်ဖွယ်ရှိ သည့် အဓိကပြသနာတစ်ရပ် ဖြစ်လာနိုင်ဖွယ်ရှိပါသည်။ အကြောင်းကား အဘီဆစ် အစိုးရလက်ထက်တွင် ထိုင်းအရှေ့ဘက် နယ်နိမိတ်ပြသနာရပ်အပေါ် လူထု အဓိကရုဏ်း အသွင်ဖန်တီးကာ ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံတပ်မတော်အကြား ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရသည်အထိ ဖန်တီးလုပ်ဆောင်ခဲ့သော သာဓကကြောင့်ပင်ဖြစ်ပေသည်။
ထိုင်းနိုင်ငံသည် အမေရိကန်နိုင်ငံ၏ “ငွေပေးပီးဝယ်လို့ရသည့် အကောင်းဆုံးမဟာမိတ်” (The Best Ally Money Can Buy) တစ်ဦးဖြစ်ခဲ့ပြီး UNHCR ကိုလည်း ထိုင်းနယ်စပ် ဒေသအားလုံးတွင် ခြယ်လှယ်ခွင့်ပေးထားပါသည်။ ယင်းအချက်က ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသော မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှားနယ်စပ် တို့တွင် လက်နက်မှောင်ခိုလုပ်ငန်းများ၊ မူးယစ်ဆေးဝါး ရောင်း/ဝယ် သယ်ဆောင်ခြင်း များ၊ လူကုန်ကူးမှုများကို ဖြစ်ပွားစေသဖြင့် ထိုင်းနှင့် အိမ်နီးချင်းနိုင်ငံများအကြားတွင် ဆက်ဆံရေးများ ထိခိုက် ပျက်ပြားစေနိုင်ပါသည်။
အကယ်၍ မကြာမီပြုလုပ်မည့် ရွေးကောက်ပွဲ၌ ဒီမိုကရက်ပါတီသာ အနိုင်ရရှိခဲ့ပြီး အဘီဆစ် ဦးဆောင်သည့် အစိုးရအဖွဲ့သစ်သာ တက်ရောက်လာမည်ဆိုပါက မြန်မာ နိုင်ငံနှင့်ပတ်သက်၍ တစ်ဖက်သတ်ကိုယ်ကျိုးကြည့်မူဝါဒ (Zero-Sum Game)ကို ကျင့်သုံးလာနိုင်ဖွယ်ရှိသဖြင့် မိမိတို့ဘက်မှလည်း ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင် ထားရန်လိုအပ်ကြောင်း အကြံပြုရေးသား တင်ပြလိုက်ရပါသည်။
Shwemantinmgson blog spot.com
သစ်တောများ ဘေးကင်းလုံခြုံစေရေးအတွက် ဆောင်ရွက်သွားရန် ဗိုလ်ချုပ်ကြီး ပရာယုဒ်က ထိုင်းကြည်းတပ်အား အမိန့်ထုတ်
ဘီလူးကျွန်းသား
ဘန်ကောက်ပို့စ် (၁၄-၅-၂၀၁၄)
ထိုင်းနိုင်ငံအတွင်းရှိ အဓိကသစ်တောကြီးနှစ်ခုတို့တွင် သစ်ခိုးဂိုဏ်းများ၏လက်ချက် ကြောင့် သစ်တောပြုန်းတီးမှုများ ဖြစ်ပွားလျက်ရှိသည်ကို တွေ့ရှိရသဖြင့် တရားမဝင် သစ်ခိုးခုတ်ခြင်းအား အင်အားသုံး ဖြိုခွင်းသွားရန်အတွက် ထိုင်းကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ်ချန်အိုချာက ထိုင်းကြည်းတပ်ရှိ စစ်ဘက်တပ်ဖွဲ့များအားလုံးသို့ ၂၀၁၄ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် အမိန့်ထုတ်ပြန်ခဲ့ပါသည်။
မဲဟောင်ဆောင်ပြည်နယ်ရှိ ဆာလာဝင်သစ်တောကြိုးဝိုင်းနှင့် နန်ပြည်နယ်ရှိ အဓိက သစ်တောတစ်ခုတို့တွင် သစ်တောပြုန်းတီးမှု အကြီးအကျယ်ဖြစ်ပွားနေမှုနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ ပြည်တွင်းလုံခြုံမှုစစ်ဆင်ရေးဌာနချုပ် (ISOC) မှ အဆင့်မြှင့် အရာရှိကြီးများနှင့်ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ဗိုလ်ချုပ်ကြီး ပရာယုဒ်က ယင်းကဲ့သို့ အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံတစ်ဝန်းလုံးရှိ စစ်စခန်းငယ်များအနေဖြင့် ၎င်းတို့တာဝန်ယူရသော နယ်မြေဧရိယာ အတွင်းမှ သစ်ခိုးဂိုဏ်းများ၏ လှုပ်ရှားမှုများကို စုံစမ်းထောက်လှမ်းသွားရန်နှင့် နောက်ပိုင်းတွင် ၎င်းသစ်ခိုးဂိုဏ်းဝင်များအား တရားစွဲဆိုနိုင်ရေးအတွက် တရားဥပဒေ ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားရန်၊ အထူးသဖြင့် သစ်ခိုးဂိုဏ်း ခေါင်းဆောင်များ၊ သစ်ခိုးခုတ်ရန် ငှားရမ်းစေခိုင်းသူများနှင့် ယင်းတရားမဝင် သစ်ခိုးခုတ် ခြင်းတွင် နောက်ကွယ်မှ ငွေရင်းနှီးမြှုပ်နှံသူများ၊ တရားမဝင် ကျွန်းသစ်ရောင်းဝယ်သူ များအား စုံစမ်းဖော်ထုတ်သွားရန်၊ နိုင်ငံတစ်ဝန်းလုံးမှ စစ်စခန်းများအနေဖြင့် သစ်ရောင်း ဝယ်ရေးကုမ္ပဏီများနှင့် တရားမဝင်လှုပ်ရှားမှုများရှိသည်ဟု သံသယရှိသည့် ပရိဘောဂ ထုတ်လုပ်သူများကိုလည်း စောင့်ကြည့်သွားရန်၊ ထို့ပြင် တရားမဝင် သစ်တောပြုန်းတီး ရေးဆိုင်ရာ သတင်းအချက်အလက်များကိုလည်း သတင်းမီဒီယာများသို့ ပေးပို့ရန် အတွက် သက်သေအထောက်အထားများအား ရယူစုဆောင်းထားရန်တို့အတွက် ဗိုလ်ချုပ်ကြီး ပရာယုဒ်က ညွှန်ကြားထားပါသည်။
Wednesday, May 14, 2014
ဖမ်းဆီးရမိထားသည့် ​​အမေရိကန်မောင်းသူမဲ့လေယာဉ် ပုံစံတူအား တည်ဆောက်နိုင်ခဲ့ ပြီဟု အီရန်ထုတ်ဖော်ပြောကြား
၂၀၁၁ခုနှစ်က ဖမ်းဆီးရမိထားခဲ့သည့် အမေရိကန်မောင်းသူမဲ့လေယာဉ်၏ ပုံစံတူအား တည်ဆောက်နိုင်ခဲ့ပြီဟု အီရန်က ၂၀၁၄ခုနှစ်၊ မေလ ၁၁ ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။
ယင်းအမေရိကန်မောင်းသူမဲ့လေယာဉ်အား အီရန်ကြည်းတပ်၏ အီလက်ထရွန်း နစ်စစ်ဆင်ရေးတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး လုံခြုံစိတ်ချစွာ မြေပြင်သို့ ဆင်းသက်စေနိုင်ခဲ့ ကြောင်း၊ ၂၀၁၃ခုနှစ်နှောင်းပိုင်းကလည်း ယင်းမောင်းသူမဲ့ လေယာဉ်၏ အစိတ်အပိုင်း အများစုကို ပြောင်းပြန်လှန်ပစ်ရန် အီရန်လေယာဉ်အင်ဂျင်နီယာများက စီမံဆောင်ရွက် နိုင်ခဲ့ပြီးဖြစ်ကြောင်းဖြင့် Iranian Tasnim သတင်းအေဂျင်စီမှ သတင်းထုတ်ပြန်ခဲ့ ပါသည်။
 ယင်းအမေရိကန်မောင်းသူမဲ့လေယာဉ်မှာ လော့ဟိဂ်မာတင်ကုမဏီမှ ထုတ်လုပ် သည့် RQ-170 Sentinel လေယာဉ်ဖြစ်ကြောင်း သိရှိရပါသည်။
 အီရန်စစ်သေနာပတိချုပ် အယာတိုလာခါမေနီ တက်ရောက်ခဲ့သည့် အမေရိကန် မောင်းသူမဲ့လေယာဉ် ထုတ်ဖော်ပြသပွဲအခမ်းအနားတွင် ယင်းလေယာဉ်၏ ဓါတ်ပုံအား ထုတ်ဖော်ပြသခဲ့ပြီး စစ်သေနာပတိချုပ် ခါမေနီ၏ တရားဝင်ဝက်ဖ်ဆိုက်တွင်လည်း ဖော်ပြထားကြောင်း သိရှိရပါသည်။
 ယင်းမောင်းသူမဲ့လေယာဉ်သည် စီအိုင်အေ၏ ထောက်လှမ်းရေးလုပ်ငန်းအပါ အဝင် ကင်းထောက်တာဝန် တစ်စိတ်တစ်ပိုင်းအား ထမ်းဆောင်နေသည့် လေယာဉ် ဖြစ်ပြီး အာဖဂန်နစ္စတန်ရှိ စစ်ဘက်လေယာဉ်ကွင်းတစ်ခုတွင် ထားရှိသော လေယာဉ် ဖြစ်ကြောင်းကို အမေရိကန် အစိုးရအရာရှိကြီးများက ၂၀၁၁ခုနှစ်၊ ဇီဇင်ဘာလ အတွင်းတွင် ထုတ်ဖော်ပြောကြား ထားခဲ့ပါသည်။
 ၂၀၁၁ခုနှစ်၊ ဒီဇင်ဘာလကုန်ပိုင်းတွင်လည်း အမေရိကန်သမ္မတ ဘားရက် အိုဘားမားက “ယင်းမောင်းသူမဲ့လေယာဉ်အား ပြန်ပေးရန် မိမိတို့တောင်းဆိုထား ကြောင်း၊ အီရန်နိုင်ငံမှ မည်သို့ ပြန်လည်တုံ့ပြန်မည်ကို မိမိတို့စောင့်ကြည့်သွားမည် ဖြစ် ကြောင်း”ဖြင့် ပြောကြားထားခဲ့ပါသည်။
 အီရန်စစ်ဘက်လက်ထောက်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဟော့စိန်စလာမီကမူ “နိုင်ငံတစ်နိုင်ငံ၏ ပိုင်နက်နယ်မြေအတွင်း အခြားတစ်နိုင်ငံက စပိုင်မောင်းသူမဲ့ လေယာဉ်များ စေလွှတ်မှုကို မည်သည့်အိမ်ရှင်နိုင်ငံကမျှ လက်ခံကြိုဆိုလိမ့်မည် မဟုတ်ကြောင်း၊ ယင်းစပိုင် မောင်းသူမဲ့လေယာဉ်ကိုလည်း မည်သည့်နိုင်ငံကမျှ ပြန်လည်ပေးအပ်လိမ့်မည်မဟုတ်ကြောင်း”ဖြင့် ပြောကြားထားသည်ဟု Fars သတင်း အေဂျင်စီ၏အဆိုအရ သိရှိရပါသည်။
ဘီလူးကျွန်းသား
CNN 12-5-2014
Monday, May 12, 2014
စိတ်
ပျဉ်းမနားဘူတာအတွင်း ရန်ကုန် နေုပြည်တော်အဆန်ရထား တဂျုန်းဂျုန်းမည်ပြီး စင်္ကြန် ၃ ကနေ ဆိုက်လာတယ်။ လူတွေ ပျားပန်းခတ်မျှ လှုပ်ရှာသွားတယ်။ လူတစ်ယောက် အိတ်ကလေးလွယ်ပြီး စင်္ကြန် ၃ ကနေ ၁ဖက်ကို ဂုံးကျော်တံတားကနေ ကူးတယ်။ ဂုံးကျော်တံတား အလယ်ရောက်တော့ ပိုက်ဆံအိတ် ၁ အိတ် ပြုတ်ကျနေတာတွေ့တယ်။ ဘေးလူတွေကလည်း ဒီပိုက်ဆံအိတ်ကို ဝိုင်းကြည့်နေကြတယ်။ မကောက်ရဲကြဘူး။ ဗုံးတွေ တဂျိန်းဂျိန်း ကွဲနေတဲ့ အချိန်မို့။ အခြေအနေ အကဲခတ်နေတာလည်းပါတယ်။အိတ်လွယ်ထားတဲ့ လူက ပိုက်ဆံအိတ်ကို ကောက်လိုက်တယ်။ ပြီးတော့ ဖွင့်ကြည့် လိုက်တယ်။ စစ်သား ၁ယောက်ရဲ့ ပိုက်ဆံအိတ် ငွေက ၄သောင်း၊ စစ်သားကတ်အားလုံးပါတယ်။ ကောက်တဲ့လူက စစ်သားဆို တအားမုန်းသောသူ။ ပြီးတော့ အိတ်ထဲ ထိုးထည့်ပြီး စင်္ကြန်အောက်ကို ဆင်းသွားတယ်။
ဒီလူဘာဆက်လုပ်မည်ထင်သနည်း။
စင်္ကြန်အရှေ့ကနေကွေ့ပြီး announcer အခန်းကိုသွားပါတယ်။ ပြီးတော့ တပ်ထိန်းတစ်ယောက်ကိုခေါ်ပါတယ်။ ဒီလူရဲ့နာမည်ကို မိုက်ကနေအော်ပြီး ပြန်ပေးလိုက်ပါလို့ပြောပြီး အထုပ်ကိုဆွဲ ထွက်သွားပါတယ်။ ပြီးတော့ လက်ဖက်ရည်ဆိုင်ကနေ ထိုင်ပြီးနားထောင်နေတယ်။ ခဏကြာတော့ စပီကာကနေ"ကိုယ်ပိုင်အမှတ်.....
လူုကြီးမင်းရဲ့ ပိုက်ဆံအိတ် ကောက်ရထားပါတယ်။ စုံစမ်းရေးရုံးတွင် လာရောက်ယူဆောင်ရန်"ဟူသော အသံကြားရတယ်။ ဒီလူရဲ့မျက်နှာတစ်ချက် ဝင်းသွားတယ်။
Sunday, May 11, 2014
ထိုင်းနိုင်ငံ ဖူးခက်လေဆိပ်အား နိုင်ငံတကာလေဆိပ်မြို့အဖြစ် အဆင့်မြှင့်တည်ဆောက်လျက်ရှိခြင်း
 ထိုင်းနိုင်ငံလေဆိပ်များကုမ္ပဏီ(Airports of Thailand) သည် ဖူးခက်လေဆိပ်အား ဖူးခက်နိုင်ငံတကာလေဆိပ်မြို့အဖြစ် ဖွံ့ဖြိုးတိုးတက်လာစေရေးလုပ်ငန်းတွင် ပူးပေါင်းပါဝင်လာစေရန် ပုဂလိကကုမ္ပဏီများအား ဆွဲဆောင်စည်းရုံးလျက်ရှိပါသည်။ ယင်းဖူးခက်နိုင်ငံတကာ လေဆိပ်မြို့စီမံကိန်းသည် လေကြောင်းလုပ်ငန်းများမှ ဝင်ငွေပိုမိုရရှိလာစေရေးအတွက် AoT အနေဖြင့် ဆောင်ရွက်လျက်ရှိသည့် ထိုင်းနိုင်ငံတွင်းရှိ လေဆိပ် ၆ ခုအား တိုးချဲ့ ဆောက်လုပ်ရေးစီမံကိန်း၏ တစ်စိတ်တစ်ဒေသဖြစ်သည်။
 AoT မှ ကနဦးရွေးချယ်ထားသည့် လေဆိပ် ၃ ခုမှာ သုဝဏ္ဏဘူမိလေဆိပ်၊ ဒွန်မောင်းလေဆိပ်နှင့် ဖူးခက်လေဆိပ်တို့ပင်ဖြစ်သည်။ ဖူးခက်လေဆိပ်သည် ထိုင်းနိုင်ငံ၏ တတိယမြောက် အလုပ်အများဆုံးသော လေဆိပ်တစ်ခုဖြစ်ပြီး ၂၀၁၄ခုနှစ် တွင် ခရီးသွားဧည့်သည်ပေါင်း ၁၂ သန်းကျော် ဝင်/ထွက်သွားလာရန် မျှော်မှန်းထားသော လေဆိပ်လည်းဖြစ်သည်။
 ကနဦးပြပြင်တည်ဆောက်မည့်လေဆိပ် ၃ခုတို့အတွက် ကုန်ကျစရိတ်ကိုလည်း ဘတ်ငွေ ဘီလီယံ ၃၀ ကျော်မည်ဟု ခန့်မှန်းထားကြောင်း၊ ဖူးခက်လေဆိပ်ကိုလည်း အထပ် ၅ ထပ်မှ ၆ ထပ်အထိ တိုးမြှင့်ဆောက်လုပ်၍ ယာဉ်ရပ်နားစခန်းတွင်လည်း ယာဉ်ပေါင်း ၁၂၀၀ စီးအထိ ရပ်နားထားနိုင်ရေးအတွက် ရည်မှန်းထားကြောင်း၊ ဖူးခက် လေဆိပ်သည် လက်ရှိတွင် ခရီးသွားဧည့်သည်ပေါင်း ၆.၅သန်းခန့် နှစ်စဉ်ဝင်/ထွက် သွားလာနေသည့် လေဆိပ်တစ်ခုဖြစ်ပြီး ခရီးသွားဧည့်သည်များပြားမှု၊ လေယာဉ် အတက်/အဆင်းချိန်အား ရွှေ့ဆိုင်း၊ ဆိုင်းငံ့ထားရခြင်းမျိုး ကြုံတွေ့နေရသဖြင့် လေဆိပ်အား တိုးချဲ့ရန် စီစဉ်ရခြင်းဖြစ်ကြောင်း၊ လက်ရှိတွင်လည်း လေဆိပ်အား ဘတ် ငွေ ၅.၇ သန်းကျော် အကုန်အကျခံ၍ ပြုပြင်တည်ဆောက်လျက်ရှိပြီး လာမည့် ၂၀၁၅ ခုနှစ်တွင် အပြီးသတ် တည်ဆောက်ပြုပြင်နိုင်လိမ့်မည်ဟု ခန့်မှန်းထားကြောင်း၊ ယင်းသို့ ပြုပြင်တည်ဆောက်ပြီးပါက ခရီးသွားဧည့်သည်ပေါင်း ၁၂.၅သန်းခန့် ဝင်/ထွက် သွားလာနိုင်မည်ဖြစ်ကြောင်းဖြင့် AoT မှ တာဝန်ရှိသူတစ်ဦးက မေလ ၈ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။
ဘီလူးကျွန်းသား
၂၀၁၄ခုနှစ်၊ မေလ ၉ ရက်နေ့ထုတ် ဘန်ကောက်ပို့စ်သတင်းစာပါ သတင်းအား ဆီလျော်အောင် ပြန်ဆိုရေးသားထားခြင်းသာဖြစ်ပါသည်။
ထိုင်းနိုင်ငံရေးဆူပူအုံကြွမှု အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလာပြီဖြစ်သဖြင့် ထိုင်းတပ်မတော်အပေါ် လူအများက အာရုံစိုက်လျက်ရှိခြင်း
 ထိုင်းအရစိုးရဆန့်ကျင်သူများအား ဘန်ကောက်မြို့အနှံ့ စုရုံးရန်ဟူသည့် အတိုက်အခံခေါင်းဆောင် ဆူထစ်သောင်ဆူဘန်၏ ၂၀၁၄ခုနှစ်၊ မေလ ၉ ရက်နေ့က လှုပ်ရှားမှုသည် ဆက်တိုက်ဖြစ်ပေါ်လျက်ရှိသည့် ထိုင်းနိုင်ငံရေးအုံကြွမှုအား လက်ရှိယာယီအစိုးရအဖွဲ့က ထိန်းသိမ်းဆောင်ရွက်ရာ၌ မကျွမ်းကျင်ခြင်း၊ အားနည်းချက်များ ရှိခြင်းတို့ကို ဖော်ပြလိုသည့် ရည်ရွယ်ချက်သာဖြစ်ပေသည်။ အစိုးရ ထောက်ခံသည့် ရှပ်နီအဖွဲ့များ၏အဆိုအရ မစ္စတာ ဆူထစ်၏လုပ်ဆောင်ချက်သည် ထိုင်းတပ်မတော်မှ အာဏာသိမ်းရန်အတွက် အကြောင်းပြချက်တစ်ရပ်ကို ဖန်တီးပေးနေခြင်းသာဖြစ်သည်ဆို၏။
 ထိုင်းနိုင်ငံတွင် လက်ရှိအာဏာဆုပ်ကိုင်ထားလျက်ရှိသည်ဟု မစ္စတာဆူထစ် ယုံကြည်ယူဆထားသော နီုင်ငံတော်တရားရုံးချုပ် ဥက္ကဌ၊ အထက်လွှတ်တော်ဥက္ကဌနှင့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌတို့ (၃)ဦးအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၇ အရ ကြားဖြတ်အစိုးရအဖွဲ့သစ်တစ်ရပ် ဖွဲ့စည်းရေးကို အပြည့်အဝထောက်ခံအားပေးရန်အတွက် မစ္စတာဆူထစ်က ကြိုးပမ်းလျက်ရှိပေသည်။
 မည်သို့ပင်ဖြစ်စေ အစိုးရထောက်ခံသူများက မစ္စတာဆူထစ် အောင်မြင်မည် မဟုတ်ဟု ယူဆထားကြပါသည်။ ထို့အပြင် ထိုင်းတပ်မတော်၏အခန်းကဏ္ဍသည် မလူး သာမလွန့်သာ နိုင်ငံရေးအခြေအနေတွင် ကြားနေဝါဒကျင့်သုံးနေသမျှ မည်သည့် နိုင်ငံရေးအခြေအနေမျိုးကိုမဆို အစိုးရထောက်ခံသူများက ဂရုစိုက်ကြလိမ့်မည်မဟုတ်ပေ။
 တစ်ချိန်က မစ္စတာ ထဝီပလန်ဆရီအား ရာထူးပြောင်းရွှေ့ခဲ့မှုနှင့်ပတ်သက်၍ မစ္စ ယင်းလပ်အပေါ် စွဲဆိုထားသည့် အာဏာအလွဲသုံးစားမှုအား ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးက ပလပ်ခဲ့ပြီးနောက်ပိုင်း မစ္စတာဆူထစ်သည် သူ့၏အစိုးရဆန့်ကျင့်ရေး နောက်ဆုံးတိုက်ပွဲကြီး ပြုလုပ်မည့်ရက်ကို ရှေ့တိုးခဲ့ပေသည်။
 အစိုးရဆန့်ကျင်သူများအနေဖြင့် ၎င်းတို့၏ သပိတ်စခန်းများအား လုမ်ဗိနီဥယျာဉ်နှင့် ချန်ဝပ်ထနလမ်းပေါ်တွင် အခြေစိုက်ထားပြီး အစိုးရအိမ်တော်၊ အမှတ်(၃/၅/၇/၉/၁၁)ရုပ်မြင်သံကြားလွှင့်ရုံများနှင့် ယာယီအစိုးရအဖွဲ့၏ ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးရုံး စသည့်နေရာဌာန (၇)ခုတို့ဆီသို့ ဖြန့်ခွဲဆန္ဒပြခဲ့ကြပါသည်။ ထို့အပြင် ရုပ်မြင်သံကြားလွှင့်ရုံ အများအပြားတို့ကိုလည်း ၎င်း၏ညစဉ်ညတိုင်းပြောကြား သည့်မိန့်ခွန်းများကိုသာ ထုတ်လွှင့်ပေးရန်နှင့် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့မှ ထုတ်ပြန်ချက်များအား ထုတ်လွှင့်ခြင်းမပြုရန် မစ္စတာဆူထစ်က တောင်းဆိုထားခဲ့ပါသည်။ ယင်းလှုပ်ရှားမှုမှာ မစ္စ ယင်းလပ် အစိုးရအဖွဲ့အပေါ် စွပ်စွဲထား ချက်များအား ပိုမိုခိုင်မာအားကောင်းလာစေရန်နှင့် နေရာအနှံ့မှ ဆန္ဒပြနေသူများအား မေလ ၁၁ ရက်နေ့ ဆန္ဒပြမှုကြီးတွင် ပူးပေါင်းပါဝင်လာစေရန်တို့အတွက် မစ္စတာဆူထစ် က လှုပ်ရှားခဲ့ခြင်းပင်ဖြစ်သည်။
 ယာယီအစိုးရအဖွဲ့၏ ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ဖက်မှလည်း တရားဥပဒေအရ အန္တရာယ်ရှိသောကြောင့် ယင်းဆန္ဒပြမှုကြီးတွင် ပူးပေါင်းပါဝင်ခြင်း မပြုကြရန် လူထုအား တိုက်တွန်းနှိုးဆော်ချက်များအား ထုတ်ပြန်ခဲ့ပါသည်။ ထို့အပြင် ကြားဖြတ်အစိုးရသစ်တစ်ရပ်ဖွဲ့စည်းရေးအတွက် ယာယီအစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် မစ္စတာ နီဝပ်ထမ်ရုန်ဘွန်ဆောင်ပိုင်စယ်လ်နှင့် တွေ့ဆုံဆွေးနွေးသွားရေးဟူသည့် မစ္စတာ ဆူထစ်၏တောင်းဆိုချက်ကိုလည်း ယာယီအစိုးရအဖွဲ့က ပယ်ချခဲ့ပါသည်။
 မစ္စတာ နီဝပ်ထမ်ရုန်ကလည်း “မည်သည့်အကြမ်းဖက်မှုမျိုးမျှ ဖြစ်ပေါ်လာမည် မဟုတ်ဟု မျှော်လင့်ထားပါကြောင်း”ဖြင့် မေလ ၉ ရက်နေ့တွင် မှတ်ချက်ပြု ပြောကြားထားခဲ့ပါသည်။
 အစိုးရဆန့်ကျင်သူများက ဂိတ်တံခါးဝများအား စုရုံးပိတ်ဆို့ထားမှုကြောင့် အစိုးရ အိမ်တော်ဝင်းအတွင်းသို့ အတိုက်အခံခေါင်းဆောင် မစ္စတာဆူထစ်တစ်ဦးတည်းသာ ဝင်ခွင့်ရခဲ့ပါသည်။
 ပြည်သူ့ကြားဖြတ်အစိုးရဖွဲ့စည်းရေးနှင့် ဥပဒေပြုညီလာခံကြီးအား ရက်အနည်း ငယ်အတွင်း ကျင်းပပြုလုပ်ပေးရေးတို့အတွက် နိုင်ငံတော်တရားရုံး ချုပ်ဥက္ကဋ္ဌ၊ မေလ ၉ ရက်နေ့ညက ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရသည့် အထက် လွှတ်တော်ဥက္ကဋ္ဌနှင့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတို့ထံ မစ္စတာဆူထစ်က တောင်းဆိုခဲ့ပါသည်။ ထို့အပြင် ယခုချိန်တွင် နိုင်ငံတော်အတွင်းရှိ ဥပဒေပြုရေးအာဏာထောက်တိုင်ကြီးများအဖြစ် ယင်းပုဂ္ဂိုလ်ကြီး(၃)ဦးတို့က ကိုယ်စားပြုထားပါကြောင်း၊ ၄င်းပုဂ္ဂိုလ်ကြီး(၃)ဦးတို့အနေ ဖြင့် ရက်အနည်းငယ်အတွင်း ကြားဖြတ်အစိုးရသစ်တစ်ရပ် ဖွဲ့စည်းရေးကို ဆောင်ရွက် သင့်ပါကြောင်း၊ အကယ်၍ ယင်းပုဂ္ဂိုလ်ကြီး ၃ ဦးတို့က လုပ်ဆောင်ခြင်းမရှိပါက မိမိတို့ ၏ ပြည်သူ့ဒီမိုကရေစီဝါဒပြုပြင်ပြောင်းလဲရေးအဖွဲ့က လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖြင့် ပြောကြားခဲ့သော်လည်း အသေးစိတ်ကိုမူ ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ခြင်းမရှိခဲ့ ပေ။
 မည်သို့ပင်ဖြစ်စေ မစ္စတာဆူထစ်၏ တောင်းဆိုချက်အား နိုင်ငံတော်တရားရုံးချုပ် ဥက္ကဌ၊ အထက်လွှတ်တော်ဥက္ကဌနှင့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌတို့က သဘောတူ လက်ခံမည်/လက်မခံမည်ဆိုသည်ကို စောင့်ကြည့်သွားရမည်ဖြစ်သည်။
 မစ္စယင်းလပ် အစိုးရအဖွဲ့အပေါ်ထောက်ခံသည့် အာဏာရှင်ဆန့်ကျင်ရေး ဒီမိုကရေစီသွေးစည်းညီညွတ်ရေးတပ်ဦး (ရှပ်နီ)အဖွဲ့ကမူ မစ္စတာဆူထစ်၏ အထက်လွှတ်တော်ကစားပွဲစီမံချက် အောင်မြင်လိမ့်မည်မဟုတ်ဟု ပြောကြားလျက်ရှိပါသည်။ ရှပ်နီခေါင်းဆောင် မစ္စတာ ကျတုဖုန်ဖရုန်ဖန်မှလည်း အထက်လွှတ်တော်အမတ်များ၏ ရွေးချယ်မှုကြောင့် အထက်လွှတ်တော်ဥက္ကဌသစ် တစ်ဦး ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရလျင်သော်မှ ထိုင်းဘုရင်၏ အတည်ပြုထောက်ခံချက်ရရှိရန် လိုအပ်ကြောင်းဖြင့် ပြောကြားခဲ့ပါသည်။ ဆိုလိုသည်မှာ မစ္စတာဆူထစ်၏ စီမံချက် အောင်မြင်လိမ့်မည်မဟုတ်ဟု ဆိုလိုခြင်းဖြစ်သည်။ ရှပ်နီများကလည်း မစ္စတာဆူထစ်၏ နောက်ဆုံးကစားပွဲစီမံချက်သည် ဆူပူအကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားလာစေရန် သွေးထိုးလှုံ့ဆော်ပေးမှုသာဖြစ်ကြောင်း၊ ယင်းသို့ ဆူပူအကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားလာလျင် ထိုင်းတပ်မတော်မှ အာဏာသိမ်းမည်ဖြစ်သောကြောင့် ထိုင်းတပ်မတော်အတွက် အကြောင်းပြချက်တစ်ရပ်အား ဖန်တီးပေးနေခြင်းမျှသာဖြစ်ကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
 ပြည်သူ့ဒီမိုကရေစီဝါဒ ပြုပြင်ပြောင်းလဲရေးအဖွဲ့ကလည်း ၎င်း၏ဆန္ဒပြသမားများအား အုပ်စုငယ်များခွဲ၍ ဘန်ကောက်မြို့တော်အနှံ့ လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခြင်းများ၊ သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကို လုပ်ဆောင်လျက်ရှိသောကြောင့် ရှပ်နီများက ယင်းသို့ ပြောကြားခဲ့ကြခြင်းဖြစ်သည်။
 ရှပ်နီခေါင်းဆောင် မစ္စတာ ကျတုဖုန်ကမူ ၎င်း၏ရှပ်နီအဖွဲ့ဝင်များအား စိတ်လွတ် ကိုယ်လွတ် လုပ်ဆောင်ခြင်းမပြုကြရန်နှင့် ရှပ်နီစုရုံးဆန္ဒပြပွဲကြီးကိုလည်း နခွန်ပသွန် ပြည်နယ်ရှိ ဥတ္ထရံ လမ်းမကြီးပေါ်တွင် မေလ ၁၀ ရက်နေ့ထိ ဆက်လက်ကျင်းပပြုလုပ် သွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
 ထို့အပြင် မေလ ၁၁ ရက်နေ့ အစိုးရဆန့်ကျင့်ရေး ဆန္ဒပြသူများအပေါ် ရှပ်နီအဖွဲ့ဝင်များမှ တိုက်ခိုက်မှုများ လုပ်ဆောင်သွားလိမ့်မည်မဟုတ်ကြောင်း၊ ရှပ်နီ အဖွဲ့ဝင်များသည် ဒီမိုကရေစီစနစ်အပေါ် အကာအကွယ်ပေးရန်အတွက် တာဝန်ရှိကြောင်း၊ ထိုင်းတပ်မတော်မှ အာဏာသိမ်းခဲ့မည်ဆိုလျင်လည်း ရှပ်နီအဖွဲ့ဝင် များက စုရုံးဆန္ဒပြသွားကြမည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
 မေလ ၁၁ ရက်နေ့ ယခုသီတင်းပတ်ကုန်ချိန်အတွင်း၌ ဖြစ်ပေါ်လျက်ရှိသည့် ထိုင်းနိုင်ငံရေးအခြေအနေက ထိုင်းတပ်မတော်၏ အခန်းကဏ္ဍသည် အရေးကြီးသော အခန်းကဏ္ဍတွင် ဆက်လက်တည်ရှိနေဆဲဖြစ်သည်ဟု ဖော်ပြနေပေသည်။
 မည်သည့်အကြောင်းပြချက်ဖြင့်ဖြစ်စေ ဆူပူအုံကြွမှုများဖြစ်ပေါ်လာပြီး ယာယီ အစိုးရအဖွဲ့ကလည်း အခြေအနေကို ထိန်းသိမ်းနိုင်စွမ်းမရှိခဲ့ပါလျင်မူ ထိုင်းတပ်မတော် အနေဖြင့် ယင်းအခြေအနေတွင်းသို့ ပါဝင်လာစေရန် အတင်းအကြပ် ဖိအားပေးခြင်း ခံရမည်သာဖြစ်သည်။ ယင်းအခြေအနေမျိုးတွင် အဓိကအဆုံးအဖြတ်ပေးနိုင်သူများမှာ ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ်ချန်အိုချာနှင့် ၎င်း၏ညာလက်ရုံး ဖြစ်သူ ဘန်ကောက်မြို့အခြေစိုက် အမှတ်(၁)တပ်မမှူး ဗိုလ်ချုပ် အပီရတ်ကွန်ဆုန်ဖုန် တို့ပင်ဖြစ်ပေတော့သည်။
ဘီလူးကျွန်းသား
၂၀၁၄ခုနှစ်၊ မေလ ၁၀ ရက်နေ့ထုတ် ဘန်ကောက်ပို့စ်သတင်းစာပါ သတင်းအား ဆီလျော်အောင် ပြန်ဆိုရေးသားထားခြင်းသာဖြစ်ပါသည်။
ဝေဖန်ပေးကြပါ
ဒီနေ့ဟာ ရွှေမန်းတင်မောင်သားရဲ့ ၄၄နှဝ်မြောက်မွေးနေ့ပါ။ မွေးနေ့မှာ အမှတ်တရလေးဖြစ်သွားအောင် fb က friend တွေရော၊ အခြား blog ကိုအားပေးကြတဲ့သူတွေပါ ကျွန်တော် ရေးသား တွေးတောချက်လေးတွေကို ကောင်းကောင်း ဆိုးဆိုး အားမနာတမ်း ဝေဖန်ပေးကြပါ။
Saturday, May 10, 2014
ထိုင်း-ပြင်သစ်စစ်ပွဲအပြီးတွင် တည်ဆောက်ခဲ့သည့် အနုစာဝရီ ချိုင်စမိုရာဖုန် (သို့မဟုတ်) အောင်ပွဲအထိမ်းအမှတ်ကျောက်တိုင်
 ထိုင်းနှင့်ပြင်သစ်အင်ဒိုချိုင်းနားအကြားတွင် ၁၉၄၀-၁၉၄၁ခုနှစ်များအတွင်းက စစ်မက်ဖြစ်ပွားခဲ့ပြီး ၁၉၄၁ခုနှစ်၊ မေလ (၉)ရက်နေ့တွင် ဂျပန်နိုင်ငံ တိုကျိုမြို့၌ ထိုင်းနှင့် ပြင်သစ်တို့က ငြိမ်းချမ်းရေးသဘောတူစာချုပ်တစ်ရပ်အား သဘောတူလက်မှတ်ရေးထိုး ခဲ့ကြပါသည်။ ယင်းကဲ့သို့ သဘောတူလက်မှတ်ရေးထိုးခဲ့ပြီးနောက် ပြင်သစ်တို့က ကမ္ဘောဒီးယားနိုင်ငံမှ ဘတ်တန်ဘန်နှု့် စီစိုဖုန်မြို့တို့အား ဖရာ့တဘွန်(Phra Tabong) ပြည်နယ်အဖြစ် စုဖွဲ့၍လည်းကောင်း၊ လာအိုနိုင်ငံမှ လွန်ပရာဘန်နှင့် ချန်ပက်မြို့များ အားလည်းကောင်း လွှဲပြောင်းပေးအပ်ခဲ့ရပါသည်။
 ထို့စဉ်က ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ပလက်ပ် ပိုင်ဘွန်သည် ၎င်း၏အောင်မြင်မှု အတွက် ဘန်ကောက်မြို့ အရှေ့မြောက်ဘက်ရှိ အချက်အခြာနေရာတစ်ခုဖြစ်သော ရတ်ချာထဝီခရိုင်အတွင်းမှ ဖဟိုယိုထင်လမ်းမကြီး၊ ဖယာထိုင်လမ်းမကြီးနှင့် ရတ်ချာဝတီလမ်းမကြီးတို့ ဆုံရာနေရာတွင် ထိုင်း-ပြင်သစ်စစ်ပွဲ၏ အောင်ပွဲအထိမ်း အမှတ်အဖြစ် အနုစာဝရီချိုင် စမိုရာဖုန်(သို့မဟုတ်) Victory Monument (အောင်ပွဲ အထိမ်းအမှတ်)ကျောက်တိုင်အား စိုက်ထူခဲ့ပါသည်။
 ၎င်း အောင်ပွဲအထိမ်းအမှတ်ကျောက်တိုင် ဖွင့်ပွဲအခမ်းအနားကိုလည်း ဂျပန်နှင့် ဂျာမနီနိုင်ငံတို့မှ ကိုယ်စားလှယ်များအား တက်ရောက်ရန် ဖိတ်ကြားခဲ့သဖြင့် ဂျပန်နိုင်ငံ မှ မစ္စတာရှိုကျိတိုအီဒါနှင့် ဂျာမနီနီုင်ငံခြားရေးဝန်ကြီးဌာနမှ မစ္စတာ ရောဘတ်အိုက်စန် တို့က ၎င်းအခမ်းအနားပွဲသို့ တက်ရောက်ခဲ့ကြပါသည်။ အောင်ပွဲအထိမ်းအမှတ် ကျောက်တိုင်တွင် ထိုင်းဘုရင့်ကြည်းတပ်၊ ထိုင်းဘုရင့်ရေတပ်၊ ထိုင်းဘုရင့်လေတပ်၊ ထိုင်းဘုရင့်ရဲတပ်ဖွဲ့နှင့် အရပ်ဘက်အစိုးရအရာရှိကြီးများ ကိုယ်စားပြု ရုပ်ထုကြီး(၅)ခု အား အီတလီပန်းပုဆရာ မစ္စတာ ကော်ရာဒိုဖီရိုစီ (Corrado Feroci)(ထိုင်းအမည် စီပါဘီရာစီ Silpa Bhirasi)မှ အနောက်တိုင်းသူရဲကောင်းများပုံစံဖြင့် ထုလုပ်ပေးခဲ့ပါ သည်။
 လက်ရှိတွင် အောင်ပွဲအထိမ်းအမှတ်ကျောက်တိုင်သည် ဘန်ကောက်မြို့ရှိ အဓိက ယာဉ်ကြောများပေါင်းဆုံရာ လမ်းဆုံတစ်ခုအဖြစ် တည်ရှိနေပြီး Victory Monument အမည်ရှိ မိုးပျံရထားဘူတာရုံကလည်း အနီးတွင်တည်ရှိနေသဖြင့် အလွန် စည်ကားသည့် နေရာတစ်ခုဖြစ်ပါသည်။ ၎င်းအထိမ်းအမှတ်ကျောက်တိုင်၏ ပတ်လည် တွင် ဘန်ကောက်မြို့တွင်း ပြေးဆွဲနေသည့် ဘတ်စကားလိုင်းပေါင်းစုံတို့၏ ဘတ်စ်ကား ဂိတ်များရှိသည့်အပြင် ဘန်ကောက်မြို့မှ အခြားပြည်နယ်များသို့ ပြေးဆွဲပေးနေသည့် မီနီဗင် (Mini Van)ကားဂိတ်များလည်း တည်ရှိနေပါသည်။ အလားတူ ရတ်ခ်ျဝတီဆေးရုံနှင့် ရော်ဘင်ဆန်ကုန်တိုက်ကြီးတစ်ခုတို့ကလည်း ၎င်းအောင်ပွဲ အထိမ်းအမှတ်ကျောက်တိုင်အနီးတွင်ပင် တည်ရှိနေပါသည်။
ဘီလူးကျွန်းသား
မြိုင်ရာဇာတွတ်ပီမဟုတ်သော ဆရာကြီး ခေါင်လန်ဖုန်း
တပ်မတော်သားတစ်ဦး၏ ကိုယ်တွေ့ဖြစ်ရပ်အား ပြန်လည်ရေးဖွဲ့သည်။
အချိန်ကာလအားဖြင့် ၁၉၉၀ပြည့်နှစ်။ အရေးအခင်းလွန်ကာလ။ အညာမြို့လေးတစ်မြို့က ကျွန်တော်တို့ တပ်ရင်းဟာ မဲသဝေါဒေသက ကြက်တော်ခီးစခန်းမှာ ခြေကုတ်ယူထားပါတယ်။ ကျွန်တော်က တပ်ခွဲ(-) ။ တပ်ခွဲမှူးကတော့ ဗိုလ်ကြီး မြင့်သိန်းပါ။ ခြံစည်းရိုးနှစ်ထပ်ကာရံထား ပြီး ခြံစည်းရိုးပတ်လည်မှာ ပစ်ကျင်း၊ လိုက်ကျင်းနဲ့ ကတုတ်ကျင်းတွေက အစီအရီပေါ့။ ကျွန်တော်တို့စခန်းက မဲသဝေါဒေသရဲ့အဝင် ကာကင်းစခန်းပါ။ ကျွန်တော်တို့ စခန်းရဲ့ အတွင်းဖက်မှာ ပွိုင့်( -)၊ ပြီးရင် ပွိုင့်( -)။ ဆက်သွားရင် ကဆာနလီနဲ့ မောရလီဆိုတဲ့ မဲသဝေါစခန်းကို ကျွန်တော်တို့ တပ်မတော်သားတွေ တိုက်စဉ်အခါက ခက်ခက်ခဲခဲ တိုက်ယူခဲ့ ရတဲ့ ကျောက်တောင်နှစ်လုံး။ ပြီးလျင်တော့ အရေးအခင်းကာလက နာမည်ကြီးပြီး တပ်မတော်သားတွေ အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ရတဲ့ မဲသဝေါ စခန်း။ မဲသဝေါစခန်းအနောက်မှာတော့ ထိုင်းနဲု့မြန်မာနိုင်ငံကိုခြားထားတဲ့ သောင်ရင်းမြစ်။
ဆရာကြီး ခေါင်လန်ဖုန်း ချင်းလူမျိုး။ အဆင့်က ဒုအရာခံဗိုလ်။ အမဲပစ်တအားတော်တယ်။ ရန်သူ့အခြေအနေက မထူးခြား။ ဒါကြောင့် ပေးကြိုလိုက်၊ လှုပ်ရှားထွက်လိုက်နဲ့ ကြာတော့ရိက္ခာပြတ်လာတယ်။ ဆရာကြီးက ဂျီသရီးသေနတ်ဆွဲပြီး ရောက်လာတယ်။ ဟေ့ကောင်လေး..ငါနဲ့ လိုက်ခဲ့။ တပ်ခွဲမှူးကို ငါသတင်းပို့ ပြီးပြီ။ ဒါနဲ့ကျွန်တော်လည်း ဂျီတူးဆွဲပြီး ဆရာကြီးနဲ့တောပစ်ထွက်ခဲ့တယ်။ အချိန်က မနက် ၈နာရီ။ စခန်းက ထွက်ပြီး ၁၅မိနစ်လောက်ဘဲရှိသေးတယ်။ အရှေ့ကသွားနေတဲ့ ဆရာကြီးက လက်ကာပြတယ်။ ပြီးတော့ အရှေ့ကို လက်ညှိုးထိုးပြတယ်။ ရန်သူများလားဆိုပြီး ကျွန်တော်ရင်ထိတ် သွားတယ်။ လိုက်ကြည့်တော့ ဘာမှမတွေ့ဘူး။ ဆရာကြီးက သစ်ပင်ဘေးနားကပ်ပြီး ဂျီသရီးကို ပုခုံးထောက်ပြီး ချိန်လိုက်တယ်။ ပြီးတော့ ဖြေးညင်းစွာ ခလုတ်ကိုဆွဲလိုက်တယ်။ ဒိန်း..၇.၆၂ ကျည် ယမ်းပေါက်ကွဲသံကြားရပြီး နောက် ဆရာကြီးက လက်မထောင်ပြ တယ်။ သဘောက အိုကေပေါ့။ ဒီအချိန်ထိ ကျွန်တော်ဘာကိုပစ်လိုက် မှန်းမသိ။ ရန်သူလား သားကောင်လား ဆိုတာမသိသေး။ ရှေ့ကို ကိုက် ၁၀၀ လောက်ဆက်တက်သွားတော့မှ ဂျီတစ်ကောင် လက်ပြင်ကိုမှန်ုပြီး လဲနေတာ။ အလေးချိန်အားဖြင့် ၁၀ ပိသာလောက်ရှိမည်။ ဒီနေ့အတွက်တော့ စခန်းကလူတွေ ဟင်းစားဖူလုံသွားပြီပေါ့။ ဆရာက မုဆိုးသဘာဝအတိုင်း ဂျီရဲ့လျှာ၊ နားရွက်နဲ့အမြီးကို စတိသဘောဓားနဲ့လှီးပြီး တောတောင်စောင့်နတ်တွေကို ပူဇော်ပသတယ်။ ဒါနဲ့ ခြေထောက်နှစ်ဖက်ကြိုးနဲ့ချည်။ ဝါးလုံး လျှိုထမ်းကာ ဆရာတပည့်နှစ်ယောက် ရင်ကော့ပြီး စခန်းကိုပြန်ခဲ့ကြတယ်။
စခန်းရောက်တော့ သားကောင်ကိုဖျက် ပြီးတော့ တပ်စိတ်တွေကို ညီတူမျှတူဝေ ခိုင်းလိုက်တယ်။ ဒီနေ့မနက် ထမင်းစားတာကတော့ အမြိန်ဆုံးပါဘဲ။ အသားမစားရတာကြာပြီလေ။
ထမင်းစားပြီး နေ့လည် ၁၁နာရီခွဲလောက်ကျတော့ ဂျီသရီးကြီး ဆွဲပြီးဆရာကြီးထပ်ရောက်လာတယ်။ ကောင်လေး..ငါထပ်သွားလိုက်အုံးမယ်။ မင်းမလိုက်နဲ့တော့ဆိုပြီး စခန်းအောက်ကို ဆင်းချသွားတယ်။ ညနေ ၅ နာရီထိုးတဲ့အထိ ဆရာကြီး စခန်းပေါ်ပြန်တက်မလာ။ စခန်းကလူတွေ စိတ်ပူစပြုလာပြီ။ အထူးသဖြင့် တပ်ခွဲမှူးပေါ့။ စခန်းဟိုဖက် ထိပ်၊ ဒီဖက်ထိပ် ခေါက်တုံ့ခေါက်ပြန် လျှောက်ရင်း ဟေ့...မလာသေးဘူးလား။ ဒီလူတော့ခက်တော့တာဘဲ။ မိုးသာချုပ် သွားတယ်။ ဆရာကြီးကပြန်ပေါ် မလာတော့။ တပ်ခွဲမှူးက ဟေ့..ဆရာကြီုးကြည်လွင် တပ်စိတ် ၁စိတ်ခေါ်သွား။ တွေ့တယ်ဆိုရင် အချက်ပြမီးကျည်ပစ် ဆိုပြီး လွှတ်လိုက်တယ်။ စခန်းကလူတွေ က ဂျီသရီးကို မိုးပေါ်ထောင်ပြီး တဖုန်း..ဖုန်းနဲ့ပစ်ပြီး အသံအချက်ပြပေး တယ်။ အဲဒီတညလုံး စခန်းကလူတွေ ဘယ်သူမှအိပ်လို့မရ၊ စိုးရိမ်စိတ်တွေနဲ့ ရန်သူများ ဖမ်းသွားပြီလား။ မနက် ၁ နာရီခွဲ လောက်ကျတော့ ထွက်သွားတဲ့ ဆရာကြီး ကြည်လွင်နဲ့အဖွဲ့ စခန်းပေါ် ပြန်တက်လာတယ်။ သို့သော် ဆရာကြီး ခေါင်လန်ဖုန်းတော့ ပြန်ပါမလာခဲ့။ တပ်ခွဲမှူးစိတ်ဓာတ်အကြီးအကျယ် ကျသွားတယ်။ ရန်သူဖမ်းပြီး အသတ်ခံရ လေပြီ။
မနက်မိုးလင်းလို့ ၇ နာရီလောက်ရှိတဲ့ အချိန်မှာ စခန်းကုန်းပေါ်ကို လူတစ်ယောက်တက်လာတယ်။ ကင်းသမားက သေချာပြူးပြဲကြည့်တော့ မှ ဆရာကြီး ခေါင်လန်ဖုန်း။ ကင်းသမားလှမ်းအော်တယ်။ ဟေး...ဆရာကြီး ခေါင်လန်ဖုန်းပြန်လာုပြီကွ။ စခန်းတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တယ်။ တပ်ခွဲမှူးက သောက်သုံး မကျတဲ့လူကြီး။ ခင်ဗျားကြောင့် ကျုပ်တို့ ဘယ်လောက် စိတ်ပူရလဲသိလားဆိုပြီး ဂရုနာ၊ ဒေါသောနဲ့ ဆူပူကြိမ်းမောင်းတော့တယ်။ ဆရာကြီး လည်း ကိုယ့်အပြစ်နဲ့ကိုယ်မို့ ခေါင်းငုံ့ခံရုံ။
အားလုံးပြီးသွားတော့မှ ကျွန်တော့်က ဆရာကြီးကိုမေးကြည့်တော့ ငါမှာကွာ စခန်းကဆင်းပြီး တော်တော်နဲ့သားကောင်မတွေ့ဘူး။ ဆက်လိုက်ဆက်လိုက်ရင်း စခန်းနဲ့လည်း တော်တော်ဝေးလာပြီ။ အချိန်က ငါးနာရီလောက်ရှိမှာပေါ့။ ဂျီ ၁ကောင်တွေ့တော့ ပစ်လိုက်တာရတယ်။ ဂျီကိုထမ်းပြီး လျှောက်ရင်း မိုးချုပ်သွားပြီ။ ငါ့အသက်က ၅၈နှစ်ရှိပြီကွ။ ဘာမှမမြင်ရတော့ဘူး။ ဂျီကိုလည်းယူလို့ မဖြစ်တော့ဘူး။ ငပွေးတွေဖမ်းသွားမှာလည်း စိုးရိမ်တာနဲ့ သစ်ပင်ကြီး တစ်ပင်ပေါ်တက်ပြီး ခွဆုံမှာ တက်အိပ်တာ။ မနက်မိုးလင်းမှ ထလာတာကွဟုဆိုပြီး သူု့ဖြစ်စဉ်ကို ရှင်းပြတယ်။ ဒီတော့မှ ကျွန်တော်အပါအဝင် ဘေးနားကရဲဘော်တွေက ဖြစ်ရလေ ဆရာကြီးရယ်။ မသေကောင်း မပျောက် ကောင်းဆိုပြီး ဟင်း...ကနဲသက်ပြင်းချ နိုင်ပါတော့တယ်။
ကျွန်​​တော်​တို့ blog အဖွဲ့ဝင်​​တွေဟာ ပြဿနာ တစ်​ခုကို ​ကျော်​ဖြတ်​နိုင်​ရင်​ blog ဟာ အချိန်​တိုတွင်း ​အောင်​မြင်​မှာပါ။ ဒါ​ပေမဲ့ အဲဒီပြဿနာက ကျွန်​​တော်​တို့အတွက်​ စိန်​​ခေါ်မှုတစ်​ရပ်​ဖြစ်​​နေတယ်
Friday, May 9, 2014
ခပ်ကြောင်ကြောင်နိုင်သူများထက် ပိုကြောင်သူများ
ကိုယ့်ကိုယ်ကို ဆရာကြီးလုပ်ပြီး တစ်ပါးသူကို ပုတ်ခတ်တဲ့ Status မျိုးကိုတင်တဲ့သူသာ ခပ်ကြောင်ကြောင် နိုင်တာပါ။ Social network ဆိုတာ ကိုယ်ရင်တွင်းခံစားချက်နဲ့ သိတာလေးတွေ မျှဝေပေးဖို့ဆိုတာ facebook ရဲ့စေတနာပါ။ အသိတရားရပါစေ။ http://www.ygnnews.com/2014/05/blog-post_3061.html
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် လေတပ်ဖွဲ့၏ လျှို့ဝှက်လက်နက်သစ်
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် လေတပ်ဖွဲ့သည် ၎င်း၏ လေတပ် အခြေစိုက်စခန်းတစ်ခုအနီးတွင် အသိုက်ဆောက်လုပ်နေထိုင်လျက်ရှိသည့် ငှက်များ၏ အန္တရာယ်မှ ကင်းလွတ်စေရေးအတွက် လျှို့ဝှက်တပ်ဖွဲ့တစ်ခုအား အသုံးပြုလျက်ရှိသည် ဆို၏။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် လေတပ်အခြေစိုက်စခန်းတစ်ခုမှ တရုတ်နိုင်ငံမြောက်ပိုင်းရှိ တိကျစွာအမည်မဖော်ပြနိုင်သည့် လေတပ်အခြေစိုက်စခန်း တစ်ခုမှ စစ်ဘက်လေယာဉ်များ ပျံသန်းရေးတွင် ငှက်များ၏အန္တရာယ်မှ လွတ်ကင်း စေရေးအတွက် မျောက်များအား အသုံးပြုလျက်ရှိသည်။ ယင်းလေတပ်အခြေစိုက်စခန်း ဝန်းကျင်တွင် ငှက်များပျံသန်းသောအခါ စစ်ဘက်လေယာဉ်အင်ဂျင်များ၏စုပ်ယူမှု ကြောင့် ၎င်းအင်ဂျင်များထဲသို့ ငှက်များရောက်ရှိသွားသောအခါ လေယာဉ်မှူးများနှင့် ငှက်များပါ အသက်အန္တရာယ် ဖြစ်ပေါ်လာနိုင်ပေသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဝက်ဖ်ဆိုက်တစ်ခုတွင် တရုတ်အဆင့်မြင့်အရာရှိတစ်ဦးက “စိုးရိမ်စရာမရှိပါဘူး၊ ယခု အခါ မိမိတို့တွင် လျှို့ဝှက်လက်နက်သစ်တစ်ရပ်အား ပိုင်ဆိုင်ထားပြီဖြစ်ကြောင်း”ဖြင့် ပြောကြားခဲ့ပါသည်။
ယင်းတရုတ်အဆင့်မြင့်အရာရှိက ခရာသံဖြင့် အမိန့်ပေးစေခိုင်းနိုင်သည့် အထူး လေ့ကျင့်ပေးထားသော မျောက်များအား ရည်ညွှန်းပြောကြားခဲ့ခြင်းသာဖြစ်ပေသည်။
လေတပ်အခြေစိုက်စခန်းဝန်းကျင်ရှိ သစ်ပင်ထိပ်ဖျားများမှ ငှက်သိုက်များကို ရှာဖွေတွေ့ရှိသည့်အခါ ငှက်များအားမောင်းထုတ်ရန် အထူးလေ့ကျင့်ပေးထားသော မျောက်တပ်ဖွဲ့အား စေလွှတ်ပါသည်။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည် ငှက်သိုက်များအား သေနတ်များဖြင့်ပစ်ခတ်ခြင်း၊ ဝါးလုံးရှည်များအား အသုံးပြု၍ ငှက်သိုက်များအား သစ်ပင်များပေါ်မှ ဖယ်ရှားခြင်း၊ လေတပ်ဖွဲ့ဝင်များအား သစ်ပင် ပေါ်တက်ရောက်စေ၍ ငှက်သိုက်များဖယ်ရှားခြင်း၊ ငှက်များမောင်းထုတ်ခြင်းစသည့် နည်းလမ်းများအပါအဝင် နည်းလမ်းမျိုးစုံကို ယခင်ကအသုံးပြုခဲ့ဘူးပါသည်။ သို့သော် ယင်းနည်းလမ်းများသည် ထိရောက်မှုမရှိခဲ့သောကြောင့် ယခုကဲ့သို့ အထူးလေ့ကျင့် ပေးထားသည့် မျောက်တပ်ဖွဲ့အား အသုံးပြုခဲ့ခြင်းဖြစ်သည်။
ယခင်က လေတပ်ဖွဲ့ဝင်များအား သစ်ပင်ပေါ်တက်၍ ငှက်များမောင်းထုတ် စေရာတွင် ၎င်းလေတပ်ဖွဲ့ဝင်များ သစ်ပင်ပေါ်မှဆင်းသောအခါ ငှက်များက သစ်ပင်များ ဆီသို့ ပြန်လည်လာရောက်နေထိုင်ခဲ့ပါသည်။ သို့သော် အထူးလေ့ကျင့်ပေးထားသည့် မျောက်တပ်ဖွဲ့အား အသုံးပြုသည့်အခါ ငှက်များမှာ သစ်ပင်များဆီသို့ ပြန်လည် လာရောက်ခြင်းမရှိကြတော့ပေ။
ထို့ကြောင့် “မျောက်များသည် မိမိတို့၏ရဲဘော်ရဲဘက်များ အသက်အန္တရာယ်မှ လွတ်ကင်းစေရန်အတွက် ခုခံကာကွယ်ပေးသည့် သစ္စာရှိအစောင့်များဖြစ်ပေသည်”ဟုပင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဝက်ဖ်ဆိုက်၌ ဖော်ပြထားသည်ဆို၏။
ဘီလူးကျွန်းသား
(Zoe Li ရေးသားသည့် ၉-၅-၂၀၁၄ရက်နေ့ထုတ် CNN သတင်းစာပါ သတင်းအား ဆီလျော်အောင် ပြန်ဆိုထားခြင်းဖြစ်ပါသည်။)
ထူးဆန်းတဲ့ရေ
ကျွန်တော် နွေရာသီ လယ်ကွင်းထဲမှာ ထူးဆန်းတဲ့ ရေဆူပေါက် ၂ပေါက်ထွက် ပေါ်လို့ တင်ပြခဲ့ဘူးပါတယ်။ 8.5.2014 ရက်မနက်ပိုင်းက ကျွန်တော့်ယောက်ဖ အဲဒီရေဆူပေါက်ထွက်ရာ လယ်ကွင်းကို ရောက်ခဲ့ပါတယ်။ သူ့အစ်မ ကျွန်တော့် မိန်းမအတွက် ရောဂါပျောက်ကင်းတယ် ဆိုတဲ့ ရေကိုသွားယူတာပါ။ ရောက်သွား တော့ သူပြောပြတာက မနက် ၅နာရီ ကတည်းကသွားတာ။ လူတန်းရှည်ကြီး ကို အလှည့်ကျတန်းစီရတာ ကိုယ့် အလှည့်ကျတော့ နေ့လည် ၁၁နာရီရှိပြီ တဲ့။ ၂ပေါက်ထွက်တာ ၁ပေါက်ကအဖို၊ ၁ပေါက်ကအမတဲ့။ ရေဂါမျိုးစုံပျောက် တယ်လို့ပြောတယ်။ ဒီမှာ ယောက်ဖယူ လာတဲ့ ရောဂါမျိုးစုံပျောက်တယ်ဆိုတဲ့ ရေပါ။
Thursday, May 8, 2014
တင်မောင်သားတို့ Edit လုပ်ထားတာလေး
fb က သူငယ်ချင်းတွေအတွက် တင်မောင်သားတို့ သီချင်းတပုဒ်ကို အဆိုတော် ၃ဦးဆိုတာစတိုင်လေးကိုဖြတ်၊ ညှပ်၊ ကပ်လုပ်ထားတာနားထောင် ကြည့်ပါအုံး။
ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရာထူး အပြောင်းအရွှေ့
ဘာသာပြန်ဆိုသူ- ဘီလူးကျွန်းသား
(၂၀၁၃ ခုနှစ်၊ မေလထုတ် ဘန်ကောက်ပို့စ် သတင်းစာပါ Ms. Wassana Nanuam ရေးသားသော Prayut,Tanasak pose reshuffle dilemma ဆောင်းပါးကို
ဆီလျော်အောင် ဘာသာပြန်ဆို ရေးသားထားခြင်းသာ ဖြစ်ပါသည်။)
 ထိုင်းအစိုးရအဖွဲ့အနေဖြင့် ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ် Gen. Prayut Chan-o-cha အား ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးနေရာသို့ ပြောင်းရွှေ့ခန့်အပ် တာဝန်ပေးသွားရန် စီစဉ်ဆောင်ရွက် နေသည်ဟူသော ကောလာဟလ သတင်းများက ထိုင်းလူမှုရေး အသိုင်းအ၀န်းအတွင်း၌
ပျံ့နှံ့ဖြစ်ပေါ်လျက်ရှိပါသည်။ ယင်းကောလာဟလ သတင်းများနှင့်ပတ်သက်၍ မှန်ကန်မှုမရှိကြောင်းဖြင့် ကာကွယ်ရေးဝန်ကြီး ACM.Sukumpol Suwanatat
နှင့် လက်ရှိအာဏာရ Puea Thai ပါတီမှ ပြောရေးဆိုခွင့်ရှိသူ Prompong Nopparit တို့မှ မေလ (၁၂)ရက်နေ့တွင် အသီးသီး ငြင်းဆိုပြောကြားခဲ့ကြပါသည်။
ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Tanasak Patimapragorn နှင့် ထိုင်းတပ်မတော်တွင် သြဇာအာဏာကြီးမားသော ထိုင်းဘုရင့်ကြည်းတပ်
ဦးစီးချုပ် Gen. Prayut တို့သည် အကြိုဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၂)ဆင်းများဖြစ်ကြပြီး ၄င်းတို့၏ရာထူးနေရာများအား အပြောင်းအလဲ ပြုလုပ်ရာတွင်
အခန့်မသင့်ပါက ထိုင်းနိုင်ငံရေး အခြေအနေကိုပင် တစ်မျိုးတစ်ဖုံသို့ ပြောင်းလဲသွားစေနိုင်ဖွယ်ရှိပါသည်။ ထို့ကြောင့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီး
ချုပ် Gen. Tanasak နှင့် ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ် Gen. Prayut တို့၏ ရာထူးအပြောင်းအရွှေ့သတင်း နှင့်ပတ်သက်၍ ထိုင်းတပ်မတော်ရေးရာ
သတင်းထောက်တစ်ဦးဖြစ်သူ ဗန်ကောက်ပို့စ် သတင်းစာ ပင်တိုင်ဆောင်းပါးရှင် Ms. Wassana Nanuam က မေလ (၁၆)ရက်နေ့ထုတ် ဗန်ကောက်ပို့စ်
သတင်းစာတွင် "Prayut, Tanasak pose reshuffle dilemma" အမည်ရှိ ဆောင်းပါးတစ်ပုဒ်အား ရေးသားဖော်ပြခဲ့ပါသည်။
 Ms. Wassana ၏ဆောင်းပါးတွင် ဖော်ပြထားသည်မှာ ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ် Gen. Prayut သည် ကြည်းတပ်ဦးစီးချုပ်ရာထူးနေရာတွင်
တာဝန်ထမ်းဆောင်ခဲ့သည်မှာ လာမည့် စက်တင်ဘာလတွင် (၃)နှစ် သက်တမ်းပြည့်မြောက်မည် ဖြစ်သည့်အတွက် နောက်ထပ် ကျန်ရှိသည့် တစ်နှစ်တာ
သက်တမ်းကာလအတွက် လက်ရှိရာထူးနေရာတွင် ဆက်လက်တည်ရှိနေမည် (သို့မဟုတ်) အခြားရာထူးနေရာတစ်ခုခုသို့ ပြောင်းရွှေ့သွားရမည်ဆိုသည့်
အချက်နှင့်ပတ်သက်၍ မည်သူကမျှ တိကသေချာစွာ ပြောကြားနိုင်ခြင်းမရှိပေ။ သို့သော် ထိုင်းဘုရင့်တပ်မတော်၏ နှစ်စဉ် ပုံမှန်ရာထူး အပြောင်းအရွှေ့
ကာလ နီးကပ်လာပြီ ဖြစ်သောကြောင့် လူအများစုတို့က ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ် Gen. Prayut အပေါ်တွင် အထူးအာရုံစိုက်လျက်ရှိနေကြပြီး
အချို့ကလည်း ထိုင်းဘုရင့်ကြည်းတပ် ဖြစ်သော လက်ရှိထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Tanasak ၏နေရာတွင် ပြောင်းလဲအစားထိုး
ခန့်အပ်ခြင်း ခံရနိုင်ဖွယ်ရှိသည်ဟု ပြောဆိုလျက်ရှိပါသည်။ အမှန်စင်စစ် Gen. Prayut အနေဖြင့် ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ် ရာထူးနေရာတွင် (၃)နှစ်
တာဝန်ထမ်းဆောင်ခဲ့သည့် သက်တမ်းကာလမှာ ကြာရှည်ပြီး သင့်တော်မှုရှိသည့်အချိန်ကာလတစ်ရပ်ဖြစ်သည်ဟု စဉ်းစားသုံးသပ်ရနိုင်ဖွယ်ရှိပါသည်။
သို့သော် ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ် Gen.Prayut နှင့် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Gen. Tanasak တို့အား လုပ်ထုံးလုပ်နည်း
ဆိုင်ရာ အကြောင်းပြချက်များအရ ရာထူးအပြောင်းအလဲပြုလုပ်ရန်အတွက် ခက်ခဲလျက်ရှိပါသည်။ ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်နှင့် ထိုင်းဘုရင့်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့သည် လာမည့် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ(၃၀)ရက်နေ့တွင် တစ်ပြိုင်နက်တည်း အငြိမ်းစားယူကြရမည့်သူများဖြစ်
သောကြောင့် ၄င်းတို့နှစ်ဦးစလုံးမှာ လက်ရှိတွင် (၁)နှစ်တိတိ ဆက်လက်တာဝန်ထမ်းဆောင် ကြရဦးမည်ဖြစ်ပါသည်။ ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်
Gen. Prayut အား ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ခန့်အပ် တာဝန်ပေးလိုလျှင် လက်ရှိထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်
Gen. Tanasak အား အခြားအဆင့်မြင့် ရာထူးနေရာတစ်နေရာတွင် ခန့်အပ်တာဝန်ပေးသွားရမည်ဖြစ်ပါသည်။
 ထိုသို့ဆိုလျှင် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen.Tanasak အား ရာထူးပြောင်းလဲပစ်နိုင်သည့် တစ်ခုတည်းသောနေရာမှာ
ကာကွယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်ရာထူးနေရာပင်ဖြစ်ပြီး ယင်းအမြဲတမ်းအတွင်းဝန် ရာထူးနေရာတွင် လက်ရှိတာဝန်ထမ်းဆောင်နေသည့်
Gen. Tanongsak Apirakyotin မှာလည်း လာမည့် စက်တင်ဘာလ (၃၀) ရက်နေ့တွင် အငြိမ်းစားယူရမည်ဖြစ်သည်။ လက်ရှိ ဒုတိယအမြဲတမ်း
အတွင်းဝန် ရာထူးနေရာရှိ Gen. Nipat Tonglek နှင့် Gen. ML Prasopchai Kasemsant တို့နှစ်ဦးစလုံးမှာ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
 Gen. Tanasak ထက် ဂျူနီယာကျသူများဖြစ်ကြသောကြောင့် ၄င်းတို့နှစ်ဦးအနက်မှ တစ်ဦးဦးအား အမြဲတမ်းအတွင်းဝန်အဖြစ် ခန့်အပ်ရန်မဖြစ်နိုင်ပေ။
လေ့လာသူအချို့တို့က ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Tanasak အား ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်အဖြစ်
လည်းကောင်း၊ ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ် Gen. Prayut အား ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ်လည်းကောင်း အသီးသီးခန့်အပ်
တာဝန်ပေးအပ်သွားနိုင်ဖွယ်ရှိသည်ဟု ရှုမြင့်ထားကြပါသည်။ အမှန်စင်စစ် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးသည် ထိုင်းတပ်မတော်
အတွင်း၌ အမြင့်ဆုံးရာထူးနေရာတစ်ခုဖြစ်သည်ဟု လူသိများကြသော်လည်း ယင်းရာထူးသည် အမှန်တယ် သြဇာအာဏာရှိသောရာထူးနေရာ တစ်ခု
မဟုတ်ပေ။ အများအားဖြင့် ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်အား ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးနေရာသို့ ရွှေ့ပြောင်းခန့်အပ်
တာဝန်ပေးခြင်းမှာ ရာထူးတိုးပေးခြင်းမမည်ဘဲ အပြစ်ပေးခြင်းနှင့် ပို၍တူနေပေသည်။
 ကိစ္စရပ်တစ်ခုကို ညွှန်ပြရမည်ဆိုလျှင် ယခင်က ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ် Gen. Surayud Chulanond သည် ထိုင်းဘုရင့်ကြည်းတပ်
ဦးစီးချုပ် ရာထူးနေရာတွင် (၄)နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် အငြိမ်းစားယူရန် (၁)နှစ်ခန့်အကြာတွင် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေး
ဦးစီးချုပ် (ထိုစဉ်ကအခေါ်အဝေါ်မှာ ထိုင်းဘုရင့်စစ်သေနာပတိချုပ်ဖြစ်) ရာထူးသို့ ပြောင်းရွှေ့ခံခဲ့ရမှုပင်ဖြစ်သည်။ ထိုစဉ်က ရာထူးပြောင်းရွှေ့ပေးခဲ့သူ
မှာ ၀န်ကြီးချုပ် သက်ဆင်ရှင်နာဝပ် ပင်ဖြစ်ပြီး ယင်းကဲ့သို့ ရာထူးပြောင်းရွှေ့ခဲ့မှုကြောင်း မှူးမတ်အုပ်စုဝင်များက ၀န်ကြီးချုပ် သက်ဆင် အပေါ်
မကျေမနပ်ဖြစ်ခဲ့ကြရပါသည်။ အကြောင်းရင်းမှာ Gen. Surayud သည် ထိုင်းဘုရင့်အတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌ Gen. Prem Tinsulanonda နှင့်
အလွန်ရင်းနှီးကျွမ်းဝင်သူတစ်ဦး ဖြစ်သောကြောင့်ပင် ဖြစ်သည်။ လေ့လာသူအချို့တို့၏ အဆိုအရ ၀န်ကြီးချုပ်ဟောင်း သက်ဆင် သည် Gen.Surayud
အား ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးသို့ ပြောင်းရွှေ့ခန့်အပ်ခဲ့မှု ကြောင့်ပင် ၂၀၀၆ ခုနှစ်အတွင်းက ကံမကောင်းအကြောင်းမလှ
စွာ အာဏာသိမ်းခံခဲ့ရခြင်းဖြစ်သည်ဟု ဆိုကြပါသည်။ နောက်ပိုင်းတွင် Gen. Surayud အား အာဏာသိမ်းအဖွဲ့က ၀န်ကြီးချုပ်အဖြစ် တင်မြှောက်ခဲ့
ကြပါသည်။
 ထိုင်းဘုရင့်ကြည်းတပ်အတွင်းတွင်လည်း ထိပ်တန်းအရာရှိကြီးများ အပြောင်းအလဲ ပြုလုပ်ရန်အတွက် ဖိအားပေးမှုများရှိနေခဲ့ပါသည်။
လက်ရှိတွင် ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ဖြစ်လာမည့် သူများအဖြစ် ရေပန်းစားနေသူ နှစ်ဦးရှိပြီး တစ်ဦးမှာ စစ်ဦးစီးအရာရှိချုပ်(ကြည်း) Gen.
Udomdej Sitabutr ဖြစ်ပြီး ကျန်တစ်ဦးမှာ လက်ထောက်ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ် Gen. Sirichai Distakul တို့ပင်ဖြစ်သည်။ ၄င်းတို့နှစ်ဦး
စလုံးမှာ လာမည့် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၃၀)ရက်နေ့တွင် အငြိမ်းစားယူကြရမည့်သူများဖြစ်ကြပြီး ထိုင်းဘုရင့်ကြည်းတပ်ရှိ ထိပ်တန်းရာထူး
နေရာတွင် (၁)နှစ်သာ တာဝန်ထမ်းဆောင်ရန် ကျန်ရှိတော့သဖြင့် ၄င်းတို့နှစ်ဦးအတွက် အလွန်တိုတောင်းလွန်းသော ကာလပင်ဖြစ်သည်။ သို့သော်
ယင်းအချက်သည် အစွမ်းအစများကို လျှို့ဝှက်ထားသူ လက်ထောက်ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ် Gen. Jiradej Mokhasmit အတွက် လမ်းစဖွင့်ပေး
ရာရောက်နိုင်ဖွယ်ရှိပါသည်။ Gen. Jiradej သည် လက်ရှိအာဏာရ Puea Thai ပါတီမှ အဓိကပုဂ္ဂိုလ်များ၊ လက်ရှိကာကွယ်ရေးဝန်ကြီး ACM. Sukumpol
တို့နှင့်လည်း ရင်းနှီးခင်မင်သူတစ်ဦးဖြစ်သောကြောင့် ထိုင်းဘုရင့်ကြည်းတပ်စစ်ဦးစီးချုပ်ရာထူးသို့ တိုးမြှင့်ပေးခြင်း ခံရနိုင်ဖွယ်ရှိပါသည်။ ထို့ကြောင့်
လာမည့် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့တွင် အငြိမ်းစားယူရမည့် Gen.Jiradej သည် ကျန်ရှိသည့် (၁)နှစ်တာကာလအတွင်း၌ ထိုင်းဘုရင့်
ကြည်းတပ်ဦးစီးချုပ်ဖြစ်လာနိုင်ဖွယ်ရှိပါသည်။ ထိုသို့ဆိုလျှင် ထိုင်းဘုရင့်ကြည်းတပ်မှ အကြံပေးပုဂ္ဂိုလ်တစ်ဦးဖြစ်သူ Channel 5 ရုပ်မြင်သံကြား၏
ညွှန်ကြားရေးမှုး Gen. Chatchai Sarikalaya က ပို၍ပင် ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ် ဖြစ်လာနိုင်ဖွယ်ရှိပါသည်။ Gen. Chatchai သည် လာမည့်
၂၀၁၅ ခုနှစ်တွင် အငြိမ်းစားယူရမည့်သူတစ်ဦး ဖြစ်သောကြောင့် ထိုင်းဘုရင့်ကြည်းတပ် ဦးစီးချုပ်လောင်း ဖြစ်လာနိုင်ဖွယ်ရှိသည်ဟု ဆိုရခြင်းဖြစ်ပါ
သည်။ ထို့ကြောင့် ထိုင်းဘုရင့်ကြည်းတပ် ဦးစီးချုပ် Gen. Prayut သာ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာခဲ့မည်ဆိုပါက
ထိုင်းဘုရင့်ကြည်းတပ် ဦးစီးချုပ်ရာထူးအတွက် ယှဉ်ပြိုင်မှုမှာ အခက်အခဲ အကြပ်အတည်းများနှင့် ကြုံတွေ့ရမည် ဖြစ်ပါသည်။
 ထိုအခါ ထိုင်းဘုရင့်ကြည်းတပ် ဦးစီးချုပ် Gen. Prayut အနေဖြင့် ရာထူးပြောင်းရွှေ့မှုကို လက်ခံမည်လားဟု မေးခွန်းထုတ်စရာဖြစ်လာ
ပါသည်။ ဤနေရာတွင် ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ကာကွယ်ရေးဝန်ကြီးဌာန ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်
(ကြည်း၊ ရေ၊ လေ)ဦးစီးချုပ်များပါဝင်သော ကာကွယ်ရေးဌာနကော်မတီဝင်များနှင့်အတူ ဆုံးဖြတ်ချက်တစ်ခု ချမှတ်ရမည်ဖြစ်သောကြောင့်
ထိုင်းဘုရင့်ကြည့်တပ် ဦးစီးချုပ် Gen. Prayut အနေဖြင့် အခြားရွေးချယ်စရာ နည်းလမ်းမရှိပေ။ ယခုကိစ္စတွင် နိုင်ငံရေးပိုင်ဆိုင်ရာ ဆုံးဖြတ်ချက်အား
ချမှတ်နိုင်သည့်အခွင့်အရေးမှာ ကာကွယ်ရေးဝန်ကြီး ACM. Sukumpol ထံတွင်ရှိနေသည်ကို သတိပြုကြရမည်ဖြစ်သည်။ သတင်းထောက်များက
ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်အဖြစ် အမည်စာရင်းတင်သွင်းခြင်းခံရမည်ကို စိုးရိမ်ထိတ်လန့်နေပါသလားဟု မေးခွန်းထုတ်ခဲ့စဉ်က ထိုင်းဘုရင့်
ကြည်းတပ်ဦးစီးချုပ်က ´´ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးမှာ ဆိုးရွားလှသည့် ရာထူးတစ်ခုဖြစ်နေပါသလား၊ ရာထူးနေရာတိုင်း
တွင် ကောင်းကျိုးချမ်းသာ ရရှိကြစမြဲသာဖြစ်ကြောင်း၊ သတိပြုကြရမည့်အချက်မှာ ပျော်ရွှင်စွာအလုပ်လုပ်ကိုင်ရန်နှင့်စွမ်းရည်ရှိသလောက်အကောင်း
ဆုံးလုပ်ကိုင်ဆောင်ရွက်သွားရန်ပင်ဖြစ်ကြောင်း`` ဖြင့် ပြန်လည်ဖြေကြားခဲ့ပါသည်။ သို့သော်ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရာထူးမှ ထိုင်းဘုရင့်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးသို့ ပြောင်းရွှေ့ခန့်အပ်သည့်ကိစ္စမှာ ထိုင်းနိုင်ငံတွင်အထိအခိုက်မခံနိုင်သည့် ကိစ္စရပ်တစ်ခုဖြစ်သည်။
အကြောင်းရင်းမှာ ယင်းကဲ့သို့ပြောင်းရွှေ့ခဲ့မှုကြောင့် အတိတ်ကာလအတွင်းက အာဏာသိမ်းမှုများဖြစ်ပွားခဲ့သောကြောင့်ပင်ဖြစ်ပါသည်။
 ထိုင်းနိုင်ငံအတွင်း၌ရှပ်နီ UDD အဖွဲ့နှင့်အ၀ါရောင် PAD အဖွဲ့တို့အကြားတွင် နိုင်ငံရေးအဓိကရုဏ်းများ ဖြစ်ပွားလာစေနိုင်သောကြောင့်
ထိုင်းဘုရင့်ကြည်းတပ်အနေဖြင့် အာဏာသိမ်းခြင်းကိုရှောင်ရှားလိုခဲ့ပါသည်။ သို့သော်လည်း ၂၀၀၆ ခုနှစ်၊စက်တင်ဘာလ(၁၉)ရက်နေ့ အာဏာသိမ်း
ပွဲသည် ထိုင်းနိုင်ငံ၏နောက်ဆုံးအာဏာသိမ်းပွဲဟု မည်သူမျှ အာမခံပြောကြားနိုင်ခြင်းမရှိကြပေ။ ထိုင်းဘုရင့်ကြည်းတပ်ရှိ ထိပ်တန်းအရာရှိကြီးများ
အနေဖြင့် ပိုနေမြဲ ကျားနေမြဲအခြေအနေကို ဆက်လက်ထိန်းသိမ်းထားလိုကြပါသည်။ ဥပမာဆိုရသော် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
Gen. Tanasak အနေဖြင့် လက်ရှိရာထူးထက် နိမ့်ကျသည်ဟုယူဆရသော ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းတမ်းအတွင်းဝန်ရာထူးနေရာသို့
ပြောင်းရွှေ့တာဝန်ထမ်းဆောင်လိုခြင်းမရှိပေ။ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Tanasak နှင့်ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်
Gen. Prayut တို့နှစ်ဦးသာအလိုရှိပါက အာဏာသိမ်းရန်မှာ ခက်ခဲသည့်ကိစ္စရပ်တစ်ခုမဟုတ်ပေ။ ထို့ပြင် ကမ္ဘောဒီးယားနိုင်ငံနှင့် အငြင်းပွားလျက်
ရှိသည့် Preah Vihear ဘုရားကျောင်းကိစ္စကိုလည်းလျစ်လျူရှုထား၍ မရနိုင်ပေ။ အကြောင်းရင်းမှာ ထိုင်းဘုရင့်တပ်မတော်အတွင်း ရာထူး
အပြောင်းအရွှေ့ပြုလုပ်မည့်ကာလနှင့် preah Vihear ဘုရားကြောင်းပြဿနာအား အပြည်ပြည်ဆိုင်ရာတရားရုံး (International Court of Justice-ICJ)
မှ ဆုံးဖြတ်ချက်ချမှတ်မည့်ကိစ္စတို့မှာ အချိန်ကာလအားဖြင့် တိုက်ဆိုင်လျက်ရှိနေပါသည်။ အကယ်၍ ICJ ကသာ ထိုင်းနိုင်ငံ၏ လိုလားချက်နှင့်
ဆန့်ကျင်၍ ဆုံးဖြတ်ချက်ချမှတ်ခဲ့မည်ဆိုလျှင် ထိုင်းလူမျိုးများအနေဖြင့် ထိုင်းတပ်မတော်အား ICJ ၏အမိန့်ကို အာခံစေလိုကြမည်သာဖြစ်ပါသည်။
ထို့နည်းတူစွာပင် ထိုင်းအစိုးရအဖွဲ့ကလည်း အငြင်းပွားဧရိယာအတွင်းမှ ထိုင်းတပ်ဖွဲ့များအား ပြန်လည်ဆုတ်ခွာပေးရန် အမိန့်ထုတ်ပြန်လိမ့်မည်ဖြစ်သည်။
ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Tanasak အနေဖြင့် မည်သည့်နေရာမျိုးတွင်မဆို လုပ်ကိုင်ဆောင်ရွက်သွားရန်ရှိသည်ဟု
ပြောကြားထားခဲ့ဘူးပါသည်။ ထို့ကြောင့် ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Tanasak နှင့် ထိုင်းဘုရင့်ကြည်းတပ် ဦးစီးချုပ်
Gen. Prayut တို့အနေဖြင့် ၄င်းတို့ပြောကြားထားသည့်စကားများကို ဆက်လက်ထိန်းသိမ်းထားနိုင်စွမ်းရှိမည်/မရှိမည်ကို မိမိတို့စောင့်ကြည့်သွားကြ
ရမည်သာဖြစ်ပေသည်။
 ထိုင်းအစိုးရအဖွဲ့အနေဖြင့် မှူးမတ်အုပ်စုဝင်များ၏အဝေးတွင် နေထိုင်လျက်ရှိသော ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်အပေါ် ယုံကြည်မှုထားရှိရန်
လိုအပ်ပါသည်။ ထိုင်ဘုရင့်ကြည်းတပ်ဦးစီးချုပ် Gen. Prayut အနေဖြင့် ၀န်ကြီးချုပ် Gen. Yingluck နှင့် ရင်းနှီးစွာဆက်ဆံလျက်ရှိပြီး နိုင်ငံရေးအုပ်စုများ
နှင့်လည်း ပဋိပက္ခမဖြစ်ပွားအောင် ရှောင်ရှားနေထိုင်လျက်ရှိသော်လည်း အစိုးရအဖွဲ့အတွင်းမှ ပုဂ္ဂိုလ်အချို့တို့က ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်
Gen. Prayut အပေါ် အပြည့်အ၀ယုံကြည်မှုမရှိကြပေ။ အကြောင်းရင်းမှာ ထိုင်းဘုရင့်ကြည်းတပ်ဦးစိးချုပ် Gen. Prayut သည် ၄င်းအငြိမ်းစားယူရမည့်
၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ(၃၀)ရက်နေ့ထိ ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရာထူးတွင် ဆက်လက်တည်ရှိနေလိုသည်ဟု ထိုင်းဘုရင့်ကြည်းတပ်မှ
အတွင်းလူများကပြောကြားထားခဲ့ကြသောကြောင့်ပင်ဖြစ်ပေသည်။