Tuesday, May 20, 2014

အစိုးရအဖွဲ့အကြီးအကဲများအားလုံး အစည်းအဝေးပြုလုပ်ရန် ထိုင်းကြည်းတပ် တောင်းဆို

Bangkok post 21 may 2014
ထိုင်းကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ ဦးဆောင်သည့် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု ကွပ်ကဲရေးဌာန (PKCC) သည် မေလ ၂၀ ရက်နေ့ ၁၄၀၀ နာရီချိန်တွင် အစိုးရအဖွဲ့ရုံးများ၊ နိုင်ငံတော်ပိုင် လုပ်ငန်း ကုမဏီများမှ အကြီးအကဲများအားလုံး၊ နိုင်ငံတစ်ဝန်းလုံးရှိ စီးပွားရေးနှင့် လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအားလုံးအား အစည်းအဝေးတစ်ရပ် ကျင်းပပြုလုပ်သွားရန် တောင်းဆိုခဲ့ပါသည်။

(PKCC)၏အမိန့်အရ အစိုးရအဖွဲ့ကဏ္ဍတွင် ညွှန်ကြားရေးမှူးချုပ်အဆင့်၊ ၎င်းအဆင့်နှင့်ညီမျှသောအဆင့်ရှိ အစိုးရအဖွဲ့ရုံးအကြီးအကဲများ၊ ပြည်နယ်အုပ်ချုပ်ရေးမှူးများ အကျုံးဝင်ကြောင်း သိရသည်။ အလယ်ပိုင်း လွင်ပြင်ဒေသရှိ အထက်ဖော်ပြပါအဆင့်ရှိသူများသည် ဘန်ကောက်မြို့၊ ဝီဘဝတီလမ်းရှိ ထိုင်းကြည်းတပ် ကလပ်တွင်လည်းကောင်း၊ အရှေ့မြောက်ပိုင်းဒေသပြည်နယ်များမှ အထက်ဖော်ပြပါအဆင့်ရှိသူများသည် နခွန်ရတ်ချာဝီမာပြည်နယ်၊ နခွန်ရတ်ချာဝီမာခရိုင်မြို့၊ အမှတ်(၂)စစ်တိုင်းရှိ စူရနရီစစ်စခန်းတွင်လည်းကောင်း၊ မြောက်ပိုင်းဒေသပြည်နယ်များမှ အထက်ဖော်ပြပါအဆင့်ရှိသူများသည် ဖိစနုလို့ပြည်နယ်၊ ဖိစနုလို့ခရိုင်မြို့၊ အမှတ်(၃)စစ်တိုင်းရှိ နရေစူဝမ်စစ်စခန်း၌လည်းကောင်း၊ တောင်ပိုင်းဒေသပြည်နယ်များမှ အထက်ဖော်ပြပါ အဆင့်ရှိသူများသည် နခွန်စီထမ္မရတ်ပြည်နယ်၊ နခွန်စီထမ္မရတ်ခရိုင်မြို့၊ အမှတ်(၄)စစ်တိုင်းရှိ ဝဇိရာဝုဒ် စစ်စခန်း၌လည်းကောင်း အသီးသီး စုဝေးကြရမည်ဖြစ်ကြောင်း သိရှိရသည်။

(PKCC) Keeping Command Centre
ဘီလူးကျွန်းသား

No comments:

Post a Comment