သင်္ကြန်ထမင်းချက်နည်း
ငါးခြောက်ကြော်နည်း
ဖော်ပြပါချက်နည်းသည် အလေးချိန်အတိအကျတော့မဟုတ်ပါ။ မိမိတို့သင့်တော် ရာ လိုသလို စီမံချက်ပြုတ်နိုင်သည်။ တင်မောင်သားကတော့ လမ်းညွှန်ခြင်းသာ ဖြစ်ပါသည်။
ငါးခြောက်(ငါးကွမ်းရှပ်(သို့မဟုတ်)ငါးပြားခြောက်)ကိုရှေးဦးစွာပြုတ်ပါ။ ထို့နောက် အရိုးများထွင်၍မွမွလေးလုပ်၊ ညက်အောင်ထောင်းထားပါ။
သရက်သီး(အစိမ်း)ကို ရေစင်အောင်ဆေး၊ သင်္ဘောခြစ်ဖြင့်ခြစ်ပြီး အချဉ်ဓာတ် ထွက်သွား အောင်ညှစ်ထုတ်ပြီး သီးသန့်ထားပါ။
ကြက်သွန်နီကိုလေးစိတ်စိတ်ပြီး အမွှာလေးတွေဖြစ်အောင်တစ်လွှာချင်းခွါပါ။
အရိုးထွင်ထားသော ငါးခြောက်၊ ခြစ်ထားသော သရက်သီး၊ စိမ်းစားငပိ အနည်းငယ်၊ ဆား/အချို့မှုန့်၊ နနွင်းမှုန့် သင့်တော်သလိုထည့်၍ သမအောင် မွှေပါ။
ဆီဒယ်အိုးတည်ပါ။ ဆီပူပါကရောသမအောင်မွှေထားသည့် ငါးခြောက်/ သရက် သီးကိုထည့်၍ မွှေကြော်ပါ။
ဆီပြန်လာပါက အသင့်နွှာထားသောကြက်သွန်နီအားထည့်၍ သမအောင် ထပ်မွှေပါ။ အပေါ့အငန်မြည်းပြီး အနေတော်ဖြစ်ပါက စားသုံးရန်ငါးခြောက်ကြော် ရပြီးဖြစ်ပါသည်။
ထမင်းချက်နည်း
ထမင်းကို ခပ်ပျော့ပျော့လေးချက်ပါ။ ထမင်းအိုးဆူပြီး ချက်ပျော့ပျော့လေးဖြစ် ပါက ဇကာပေါ်လောင်းချပြီး အပေါ်မှရေအေးလောင်းပေးပါ။ ခပ်အေးအေးလေး ကြိုက်သူများအတွက် ထမင်းထဲတွင် ရေခဲတုံးစိမ်ထားနိုင်တယ်။
ဖယောင်းရည်လုပ်နည်း
စတီးအိုးထဲတွင် ဖယောင်းတိုင်အတိုင်ကြီးအား (၅)မိနစ်ခန့်မီးထွန်းပြီး အပေါ်မှ ခဏအဖုံးဖုံးထားပါ။ ဖယောင်းတိုင်မီးသေသွားပါက သောက်ရေသန့်အား လောင်းထည့် ပါက ဖယောင်းရည်ရရှိမည်ဖြစ်ပါသည်။
No comments:
Post a Comment