Wednesday, May 14, 2014

ဖမ်းဆီးရမိထားသည့် ​​အမေရိကန်မောင်းသူမဲ့လေယာဉ် ပုံစံတူအား တည်ဆောက်နိုင်ခဲ့ ပြီဟု အီရန်ထုတ်ဖော်ပြောကြား

၂၀၁၁ခုနှစ်က ဖမ်းဆီးရမိထားခဲ့သည့် အမေရိကန်မောင်းသူမဲ့လေယာဉ်၏ ပုံစံတူအား တည်ဆောက်နိုင်ခဲ့ပြီဟု အီရန်က ၂၀၁၄ခုနှစ်၊ မေလ ၁၁ ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။
ယင်းအမေရိကန်မောင်းသူမဲ့လေယာဉ်အား အီရန်ကြည်းတပ်၏ အီလက်ထရွန်း နစ်စစ်ဆင်ရေးတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး လုံခြုံစိတ်ချစွာ မြေပြင်သို့ ဆင်းသက်စေနိုင်ခဲ့ ကြောင်း၊ ၂၀၁၃ခုနှစ်နှောင်းပိုင်းကလည်း ယင်းမောင်းသူမဲ့ လေယာဉ်၏ အစိတ်အပိုင်း အများစုကို ပြောင်းပြန်လှန်ပစ်ရန် အီရန်လေယာဉ်အင်ဂျင်နီယာများက စီမံဆောင်ရွက် နိုင်ခဲ့ပြီးဖြစ်ကြောင်းဖြင့် Iranian Tasnim သတင်းအေဂျင်စီမှ သတင်းထုတ်ပြန်ခဲ့ ပါသည်။
 ယင်းအမေရိကန်မောင်းသူမဲ့လေယာဉ်မှာ လော့ဟိဂ်မာတင်ကုမဏီမှ ထုတ်လုပ် သည့် RQ-170 Sentinel လေယာဉ်ဖြစ်ကြောင်း သိရှိရပါသည်။
 အီရန်စစ်သေနာပတိချုပ် အယာတိုလာခါမေနီ တက်ရောက်ခဲ့သည့် အမေရိကန် မောင်းသူမဲ့လေယာဉ် ထုတ်ဖော်ပြသပွဲအခမ်းအနားတွင် ယင်းလေယာဉ်၏ ဓါတ်ပုံအား ထုတ်ဖော်ပြသခဲ့ပြီး စစ်သေနာပတိချုပ် ခါမေနီ၏ တရားဝင်ဝက်ဖ်ဆိုက်တွင်လည်း ဖော်ပြထားကြောင်း သိရှိရပါသည်။
 ယင်းမောင်းသူမဲ့လေယာဉ်သည် စီအိုင်အေ၏ ထောက်လှမ်းရေးလုပ်ငန်းအပါ အဝင် ကင်းထောက်တာဝန် တစ်စိတ်တစ်ပိုင်းအား ထမ်းဆောင်နေသည့် လေယာဉ် ဖြစ်ပြီး အာဖဂန်နစ္စတန်ရှိ စစ်ဘက်လေယာဉ်ကွင်းတစ်ခုတွင် ထားရှိသော လေယာဉ် ဖြစ်ကြောင်းကို အမေရိကန် အစိုးရအရာရှိကြီးများက ၂၀၁၁ခုနှစ်၊ ဇီဇင်ဘာလ အတွင်းတွင် ထုတ်ဖော်ပြောကြား ထားခဲ့ပါသည်။
 ၂၀၁၁ခုနှစ်၊ ဒီဇင်ဘာလကုန်ပိုင်းတွင်လည်း အမေရိကန်သမ္မတ ဘားရက် အိုဘားမားက “ယင်းမောင်းသူမဲ့လေယာဉ်အား ပြန်ပေးရန် မိမိတို့တောင်းဆိုထား ကြောင်း၊ အီရန်နိုင်ငံမှ မည်သို့ ပြန်လည်တုံ့ပြန်မည်ကို မိမိတို့စောင့်ကြည့်သွားမည် ဖြစ် ကြောင်း”ဖြင့် ပြောကြားထားခဲ့ပါသည်။
 အီရန်စစ်ဘက်လက်ထောက်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဟော့စိန်စလာမီကမူ “နိုင်ငံတစ်နိုင်ငံ၏ ပိုင်နက်နယ်မြေအတွင်း အခြားတစ်နိုင်ငံက စပိုင်မောင်းသူမဲ့ လေယာဉ်များ စေလွှတ်မှုကို မည်သည့်အိမ်ရှင်နိုင်ငံကမျှ လက်ခံကြိုဆိုလိမ့်မည် မဟုတ်ကြောင်း၊ ယင်းစပိုင် မောင်းသူမဲ့လေယာဉ်ကိုလည်း မည်သည့်နိုင်ငံကမျှ ပြန်လည်ပေးအပ်လိမ့်မည်မဟုတ်ကြောင်း”ဖြင့် ပြောကြားထားသည်ဟု Fars သတင်း အေဂျင်စီ၏အဆိုအရ သိရှိရပါသည်။
ဘီလူးကျွန်းသား
CNN 12-5-2014

No comments:

Post a Comment