Thursday, May 15, 2014
မြန်မာနိုင်ငံအပေါ် အကျိုးသက်ရောက်မှုတစ်ခုခု ဖြစ်ပေါ်စေလာနိုင်သည့် ထိုင်းနိုင်ငံရေး အပြောင်းအလဲ
စစ်အေးကာလလွန်နောက်ပိုင်း၌ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးနှင့် လူမှုရေးစသည့် နယ်ပယ်အသီးသီးတို့တွင် ထီးတည်းရပ်တည်ခြင်းမှသည် ညှိနှိုင်းဆွေးနွေးခြင်း၊ ပူးပေါင်း ဆောင်ရွက်ခြင်း၊ ပေါင်းစပ်အဖြေရှာခြင်းတို့ဆီသို့ ပြောင်းလဲလာခဲ့ပါသည်။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံများအနေဖြင့် တစ်နိုင်ငံတည်း ရပ်တည်ခြင်းမပြုကြတော့ဘဲ နယ်ပယ်အသီး သီးတို့တွင် နိုင်ငံရေးမူဝါဒ၊ အယူအဆတူညီသည့် နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု များ လုပ်ဆောင်လာခဲ့သည်ကို တွေ့ရှိလာရပါသည်။ သို့ဖြစ်ရာ နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးနှင့် လူမှုရေးစသည့် နယ်ပယ်အသီးသီးတို့၏ ပြောင်းလဲမှု သည်လည်း အနည်းဆုံး ၎င်းတို့၏ အိမ်နီးချင်းနိုင်ငံများအပေါ် ဂယက်ရိုက်ခတ်မှုများ ဖြစ်ပေါ်စေနိုင်ပါသည်။
လက်ရှိတွင် ထိုင်းနိုင်ငံအတွင်း၌ နိုင်ငံရေးစိတ်ဝမ်းကွဲပြားမှုများ နက်ရှိုင်းလာသည်ထက် ပိုမိုနက်ရှိုင်းလာနေပြီး အဆိုးကျော့သံသရာ (Vicious Cycle)အတွင်းသို့ သက်ဆင်း ရောက်ရှိနေပါသည်။ ရာမ(၇)ဘုရင်လက်ထက် ၁၉၃၂ခုနှစ်၊ ဇွန်လ (၂၄)ရက်နေ့မှစ၍ ဘုရင်စနစ်အားဖြုတ်ချခဲ့ပြီး စည်းမျဉ်းခံဘုရင်စနစ်သို့ အသွင်ကူးပြောင်းကျင့်သုံးခဲ့ကာ ၁၉၃၇ခုနှစ်စ၍ ပြောင်းလဲမှုပေါင်းများစွာ ဖြစ်ပေါ်ခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ထိုင်းနိုင်ငံသည် စစ်အေးကာလနောက်ပိုင်း ၁၉၉၁ခုနှစ်တွင် (From Battle Field to the Market Place)စစ်မြေပြင်မှ ဈေကွက်စီးပွားရေးစနစ်ဆီသို့ ကူးပြောင်းကျင့်သုံးခဲ့ပြီး အရှေ့တောင်အာရှတွင် အင်အားကြီးနိုင်ငံတစ်နိုင်ငံ ဖြစ်လာစေရေးကို အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်နေကြောင်း တွေ့မြင်ရမည်ဖြစ်သည်။
၂၀၀၁ခုနှစ် ဝန်ကြီးချုပ် သက်ဆင်ဦးဆောင်သော အစိုးရအဖွဲ့က ဖော်ဖော်ဝါရီလ (၂)ရက်နေ့တွင် မူဝါဒတစ်ရပ်ကို လွှတ်တော်၌ ထုတ်ပြန်ကြေညာခဲ့ပြီး မြန်မာနိုင်ငံနှင့် ပတ်သက်သော မူဝါဒချမှတ်ရာတွင် ထိုင်းအစိုးရသစ်သည် အာရှတိုက်၏ နိုင်ငံရေးမူဝါဒ သစ် (Asian Way)ကိုသာ ကျင့်သုံးသွားမည်ဖြစ်ကြောင်း၊ ၎င်းမှတစ်ဆင့် ဝင်ရောက် မစွက်ဖက်ရေးမူဝါဒ (Non- Intervension Policy)ကို ကျင့်သုံးသွားမည်ဖြစ်ကြောင်းဖြင့် ဖော်ပြခဲ့ပါသည်။ ထိုအခါ အဘီဆစ် ဦးဆောင်သော အတိုက်အခံတို့ဘက်မှ ပြင်းထန် သော ဝေဖန်မှုများကို ပြုလုပ်ခဲ့ပါသည်။ ထို့အပြင် ၂၀၀၂ခုနှစ်၊ ဇွန်လ (၉)ရက်နေ့တွင် လည်း ဝန်ကြီးချုပ် သက်ဆင်က ရုပ်မြင်သံကြားနှင့် စာနယ်ဇင်းသတင်းထောက်များ အား “ထိုင်းအစိုးရ၌ ကြားခံနယ်မြေ (Buffer State)ထားရှိရေးမူဝါဒ မရှိတော့ဟု” ပြောကြားခဲ့သဖြင့် အတိုက်အခံခေါင်းဆောင် အဘီဆစ်က ယခင်အစိုးရများလက်ထက် တွင် ကြားခံနယ်မြေ (Buffer State)ထားရှိသည့် မူဝါဒအား ကျင့်သုံးခဲ့သည်ဟု ဝန်ခံရာ ရောက်နေကြောင်း” ဖြင့် ဝေဖန်ထိုးနှက် တိုက်ခိုက်ခဲ့ကြောင်း တွေ့ရှိရပါသည်။
ဝန်ကြီးချုပ် သက်ဆင်လက်ထက် ၂၀၀၃ခုနှစ်မှ ၂၀၀၅ခုနှစ်များအတွင်း ထိုင်း-မြန်မာ ဆက်ဆံရေးမှာ တိုးတက်ကောင်းမွန်ခဲ့ပါသည်။ ထိုစဉ်က အနောက်အုပ်စုနှင့် နိုင်ငံတကာမှ မြန်မာအစိုးရအပေါ် ဖိအားပေးမှုများကို အဓိကခုခံချေပ ရပ်တည်ပေး သော မိတ်ဖက်နိုင်ငံတစ်ခုလည်းဖြစ်ခဲ့ပြီး အိမ်နီးချင်းကောင်းပီသစွာ ဆက်ဆံလာသည် များ ရှိခဲ့ပါသည်။ ဝန်ကြီးချုပ် ဆမက်ဆွန်ဒရာဝဲ့ လက်ထက်တွင်လည်း နှစ်နိုင်ငံ ဝန်ကြီးချုပ်များ အပြန်အလှန် လည်ပတ်မှုများရှိခဲ့ပြီး နာဂစ်မုန်တိုင်းကယ်ဆယ်ရေး လုပ်ငန်းများတွင် တက်ကြွစွာဖြင့် အိမ်နီးချင်းကောင်း ပီသစွာ ကူညီဆောင်ရွက်ခဲ့ ပါသည်။
အဘီဆစ်ဦးဆောင်သော ဒီမိုကရက်ပါတီအစိုးရအဖွဲ့လက်ထက်တွင် ထိုင်း-မြန်မာ ဆက်ဆံရေးမှာ အေးစက်လာခဲ့ပြီး ယခင်ကရှိနှင့်ပြီး ဆက်ဆံရေးများပင် ပျက်သုန်း ခဲ့ရပါသည်။ ယင်းနောက် ရွေးကောက်ပွဲတွင် အခြေံလူတန်းစား ကိုယ်စားပြုသည့် ဖွှေ့ထိုင်းပါတီ အနိုင်ရရှိခဲ့ပြီး မစ္စ ယင်းလပ် အစိုးရအဖွဲ့တက်လာချိန်၌ ထိုင်း-မြန်မာ ဆက်ဆံရေးမှာ နိုင်ငံရေး၊ စစ်ရေးနှင့် စစ်ရေးစသည့် ကဏ္ဍအသီးသီးတို့တွင် အထူးပင် ကောင်းမွန်လာခဲ့ပြန်ပါသည်။
ထိုင်းနိုင်ငံ၏ မြန်မာနိုင်ငံအပေါ်ထားရှိသော သဘောထားမှာ ပုံသေသတ်မှတ်ထား၍ မရဘဲ ထိုင်းပြည်တွင်း နိုင်ငံရေးအခြေအနေ၊ အစိုးရများ၏ သဘောထားများအပေါ်တွင် အဓိက မူတည်နေပြီး အဓိကအင်အားကြီးနိုင်ငံများက မြန်မာနိုင်ငံအပေါ်ထားရှိသော သဘောထားအပေါ်မူတည်၍လည်း အပြောင်းအလဲများ ဖြစ်ပေါ်တတ်သည်ကို သတိပြု ရမည်ဖြစ်ပါသည်။ ထို့အပြင် ထိုင်း-မြန်မာနယ်စပ်ဧရိယာ အတော်များများမှာလည်း တိကျသည့် နယ်နိမိတ်တိုင်းတာမှုများ မပြုလုပ်ရသေးသည့်အတွက် ထိုင်းနိုင်ငံတွင် ရွေးကောက်ပွဲအသစ် ကျင်းပပြုလုပ်ပြီး အဘီဆစ် ဦးဆောင်သည့် ဒီမိုကရက်ပါတီသာ အာဏာရရှိလာပါက ယင်းပြသနာသည် နှစ်နိုင်ငံ ထိပ်တိုက်ရင်ဆိုင် ဖြေရှင်းရနိုင်ဖွယ်ရှိ သည့် အဓိကပြသနာတစ်ရပ် ဖြစ်လာနိုင်ဖွယ်ရှိပါသည်။ အကြောင်းကား အဘီဆစ် အစိုးရလက်ထက်တွင် ထိုင်းအရှေ့ဘက် နယ်နိမိတ်ပြသနာရပ်အပေါ် လူထု အဓိကရုဏ်း အသွင်ဖန်တီးကာ ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံတပ်မတော်အကြား ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရသည်အထိ ဖန်တီးလုပ်ဆောင်ခဲ့သော သာဓကကြောင့်ပင်ဖြစ်ပေသည်။
ထိုင်းနိုင်ငံသည် အမေရိကန်နိုင်ငံ၏ “ငွေပေးပီးဝယ်လို့ရသည့် အကောင်းဆုံးမဟာမိတ်” (The Best Ally Money Can Buy) တစ်ဦးဖြစ်ခဲ့ပြီး UNHCR ကိုလည်း ထိုင်းနယ်စပ် ဒေသအားလုံးတွင် ခြယ်လှယ်ခွင့်ပေးထားပါသည်။ ယင်းအချက်က ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသော မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှားနယ်စပ် တို့တွင် လက်နက်မှောင်ခိုလုပ်ငန်းများ၊ မူးယစ်ဆေးဝါး ရောင်း/ဝယ် သယ်ဆောင်ခြင်း များ၊ လူကုန်ကူးမှုများကို ဖြစ်ပွားစေသဖြင့် ထိုင်းနှင့် အိမ်နီးချင်းနိုင်ငံများအကြားတွင် ဆက်ဆံရေးများ ထိခိုက် ပျက်ပြားစေနိုင်ပါသည်။
အကယ်၍ မကြာမီပြုလုပ်မည့် ရွေးကောက်ပွဲ၌ ဒီမိုကရက်ပါတီသာ အနိုင်ရရှိခဲ့ပြီး အဘီဆစ် ဦးဆောင်သည့် အစိုးရအဖွဲ့သစ်သာ တက်ရောက်လာမည်ဆိုပါက မြန်မာ နိုင်ငံနှင့်ပတ်သက်၍ တစ်ဖက်သတ်ကိုယ်ကျိုးကြည့်မူဝါဒ (Zero-Sum Game)ကို ကျင့်သုံးလာနိုင်ဖွယ်ရှိသဖြင့် မိမိတို့ဘက်မှလည်း ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင် ထားရန်လိုအပ်ကြောင်း အကြံပြုရေးသား တင်ပြလိုက်ရပါသည်။
Shwemantinmgson blog spot.com
Subscribe to:
Post Comments (Atom)
No comments:
Post a Comment