Thursday, May 8, 2014

ထိုင်းနိုင်ငံတွင် ရွေးကောက်ပွဲသစ်ကျင်းပပြုလုပ်ရန် အမေရိကန်တိုက်တွန်း

၂၀၁၄ မေလ ၈ ရက် ဘန်ကောက်ပို့စ်

 ထိုင်းနိုင်ငံ အစိုးရအတိုက်အခံ ပြည်သူ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကော်မတီ (People's Democratic Reform Committee) က လက်ရှိအိမ်စောင့်အစိုးရအဖွဲ့ ဝန်ကြီးချုပ် မစ္စ ယင်းလပ်နှင့် ဝန်ကြီး ၉ ဦးတို့အပေါ် အာဏာအလွဲသုံးစားပြုလုပ်မှုဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးတွင် တရားစွဲဆိုထားခဲ့ရာ ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ၂၀၁၄ခုနှစ်၊ မေလ ၈ ရက်နေ့တွင် ယင်းအမှုအား ပလပ်ခဲ့ပြီးနောက် ထိုင်းနိုင်ငံရှိ နိုင်ငံရေးတင်းမာနေမှုများနှင့် ရွေးကောက်ပွဲသစ် ကျင်းပရေးကို ငြိမ်းချမ်းစွာဖြေရှင်းသွားကြရန် အမေရိကန်ပြည်ထောင်စုမှ တောင်းဆိုလိုက်ပါသည်။
 ထိုင်းနိုင်ငံငံတွင်းရှိ နိုင်ငံရေးအခြေအနေတင်းမာမှုများနှင့် ဒီမိုကရေစီဆောင်ရွက်ချက်တို့အပေါ် ငြိမ်းချမ်းစွာဖြေရှင်းသွားကြရန်အတွက် ဘက်ပေါင်းစုံတို့အား မိမိတို့ ဆက်လက်တိုက်တွန်းပြောကြားသွား မည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံရှိ ဒီမိုကရေစီစံနှုန်းများကို ဆက်လက်ထိန်းသိမ်းထားနိုင်ရေး ဆုံးဖြတ်ချက်တွင် ရွေးကောက်ပွဲများနှင့် အရွေးကောက်ခံ အစိုးရအဖွဲ့တစ်ရပ်လည်း ပါဝင်သင့်ကြောင်း၊ နိုင်ငံရေးဆူပူ အကြမ်းဖက်မှုသည် နိုင်ငံရေးသဘောတရား ကွဲပြားမှုများအား ဖြေရှင်းရာတွင် လက်သင့်ခံနိုင်သော နည်းလမ်းတစ်ရပ်မဟုတ်ကြောင်းဖြင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Ms Jen Psaki မှ မေလ ၈ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

No comments:

Post a Comment