Tuesday, May 20, 2014
နိုက်ဂျီးရီးယားနိုင်ငံအလယ်ပိုင်းတွင် ဗုံးပေါက်ကွဲသဖြင့် လူ ၁၁၈ ဦးသေဆုံး
မေလ ၂၀ ရက် အင်္ဂါနေ့က နိုက်ဂျီးရီးယားနိုင်ငံအလယ်ပိုင်းရှိ Jos မြို့မှာ ဗုံးနှစ်လုံး ဆက်တိုက်ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၁၁၈ ဦး သေဆုံးခဲ့ပါတယ်။ တာဝန်ရှိသူတစ်ဦးရဲ့ သတိပေးမှုအပြီးမှာ ဗုံးပေါက်ကွဲခဲ့တာဖြစ်ပါတယ်။
ပေါက်ကွဲမှုနှစ်ခုဟာ မိနစ် ၂၀ နှင့် ၃၀ ခန့်သာကွာခြားပြီး Terminus ဈေးကို ပစ်မှတ် ထားတိုက်ခိုက်တာ ဖြစ်တယ်။
အမျိုးသားအရေးပေါ် စီမံခန့်ခွဲမှုအေဂျင်စီရဲ့ ပူးပေါင်းဆောင်ရွက်သူ မိုဟာမက်အဗဒူဆလမ် ဆိုသူကတော့ ရုပ်အလောင်း ၁၁၈ ခုကိုတော့ တွေ့ရှိထားကြောင်း၊ ရှာဖွေမှုတွေ အပြီးမှာတော့ သေဆုံးသူအရေအတွက်ဟာ ဒီထက်ပိုလာလိမ့်မယ်လို့ ပြောဆိုပါတယ်။
သတင်းထောက်တစ်ဦးကတော့ လူတွေဟာ စိုးရိမ်ထိတ်လန့်မှုတွေနဲ့အတူ ဒဏ်ရာရပြီး သွေးတွေနဲ့ ပြေးလွှားနေကြတယ်လို့ပြောပါတယ်။
လူတစ်ဦးရဲ့မေးမြန်းချက်ကို အမည်မဖော်လိုတဲ့ လူနာတင်ယာဉ်မောင်းတစ်ဦးက သူ့ရဲ့တွေ့ရှိချက်ကို ပြောကြားရာမှာ ၁၅ ဦးသေပြီး၊ ၃၀ ဦး ဒဏ်ရာရတယ်လို့ ပြောပါတယ်။
Plateau ပြည်နယ်ရဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူး Chris Olakpe ကတော့ ဒီလုပ်ရပ်ဟာ အကြမ်းဖက်မှု လုပ်ရပ်လို့ပြောပါတယ်။ ဒါပေမဲ့ ဘယ်သူ့ရဲ့လက်ချက်လဲဆိုတာကိုတော့ ပြောဘို့ငြင်းဆိုပါတယ်။
သူ့ကဆက်ပြီး ပထမပေါက်ကွဲမှုဟာ အသေခံဖေါက်ခွဲမှုဖြစ်ပြီး ဒုတိယပေါက်ကွဲမှုကတော့ ကားပေါ်မှာ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတင်ဆောင်ပြီး ဖေါက်ခွဲခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
အဗဒူဆလမ်ရဲ့ပြောကြားချက်ကို ပြည်နယ်အုပ်ချုပ်ရေးမှူးက ငြင်းဆိုပြီး ၄၆ ဦးသေပြီး၊ ၄၅ ဦး ဒဏ်ရာ ရတယ်လို့ပြောကြားသွားပါတယ်။
(CNN) – 20 May 2014
ရွှေမန်းတင်မောင်သား
Subscribe to:
Post Comments (Atom)

No comments:
Post a Comment