ပူပြင်းခြောက်သွေ့တဲ့ နွေရာသီ ထူးဆန်းစွာ လယ်ကွင်းထဲမှ ရေဆူပေါက် ၂ ပေါက်ထွက်ပေါ်
ကျိုက်မရောမြို့နယ်၊ ဖနုံကျေးရွာ လယ်ကွင်းအတွင်းမှ ရေဆူပေါက် ၂ပေါက် ထူးဆန်းစွာဆူထွက်နေသည့် အတွက် ဒေသခံ ရွာသားများနှင့် ရပ်နီးရပ်ဝေးမှ ပြည်သူများက ရောဂါဘယ ပျောက်ကင်း သည်ဟုဆိုကာ ရေလာရောက်ယူသူများ ဖြင့် စည်ကားလျှက်ရှိကြောင်း သိရသည်။ လယ်ပိုင်ရှင် ကရင် အမျိုးသားကြီးအား အိမ်မက်ပေးသည့်အတွက် ရောဂါဘယ ရှိသူများမှ သုံးကြည့်ရာမှ တဖြေးဖြေး လူသိများလာခြင်းဖြစ်သည်။ ယခုအခါ ထိုနေရာသို့ လာရောက်သူများ၏ လုံခြုံရေးကို ဒေသခံ တိုင်းရင်းသား လက်နက်ကိုင် DKBA များက ဆောင်ရွက်ပေးလျှက်ရှိကြောင်းသိရသည်။
No comments:
Post a Comment