မြန်မာနိုင်ငံ အာဆီယံထိပ်သီးအစည်းအဝေးများတွင် လုံခြုံရေးကို အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့(အင်တာပို)နှင့် ပူးပေါင်းဆောင်ရွက်မည်
Published on: May 3, 2014
Written by: ၀င်းမြင့်ကျော်
၂၇ ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲများတွင် လုံခြုံရေးစစ်ဆေးနေသော မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမေများကို တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)
Aye Chan Mon# Credit To :Eleven Media Group
https://www.facebook.com/excellencemedia
Published on: May 3, 2014
Written by: ၀င်းမြင့်ကျော်
နေပြည်တော်တွင် အိမ်ရှင်အဖြစ်ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးပွဲတွင် လုံခြုံရေးဆောင်ရွက်ချက်များကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ (အင်တာပို)တို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ နိုင်ငံဖြတ်ကျော်ဌာနမှ ဌာနမှူးရဲမှူးချုပ် စိုးမြိုင်က မေ ၃ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။
ယင်းကဲ့သို့ ယခုလအတွင်း ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးပွဲတွင် လုံခြုံရေးဆောင်ရွက်ချက်များ လုပ်ဆောင်ရန်အတွက် နေပြည်တော်သို့ မေ ၂ ရက်တွင် အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့(အင်တာပို)မှ ကျွမ်းကျင်သည့် တာဝန်ရှိသူများ ရောက်ရှိလာကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် မှ သိရသည်။
“အခုကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးရဲ့ လုံခြုံရေးကိုလည်း အဆင့်မြင့်လုံခြုံရေးဖြင့် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အခုလည်း အင်တာပိုက ကျွမ်းကျင်တဲ့သူတွေ ရောက်ရှိနေပါပြီ။ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ရဲတပ်ဖွဲ့အင်အားကိုလည်း အပြည့်အ၀ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ နိုင်ငံဖြတ်ကျော်ဌာနမှ ဌာနမှူးရဲမှူးချုပ် စိုးမြိုင်က မေ ၃ ရက်တွင် ပြောကြားသည်။
ယခုလအတွင်း အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့မှ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်လုပ်ဆောင်ရန် စီစဉ်ထားသည့် ကျူးလွန်သူအချို့ကို ပြည်ပနိုင်ငံတစ်ခုတွင် ဖမ်းဆီးရရှိမှုကြောင့် ပြည်တွင်း၌ လုံခြုံရေးတိုးမြှင့်ရန် အင်တာပိုမှ ဆက်သွယ်ထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ လေကြောင်းရဲတပ်ဖွဲ့ဌာနမှ တပ်ဖွဲ့မှူး ရဲမှူးချုပ် နေ၀င်းက မေ ၂ ရက်တွင် ပြောကြားသည်။
“အခု ပြည်တွင်းမှာရှိတဲ့ လေဆိပ်တွေအားလုံးမှာ လုံခြုံရေးကို ပုံမှန်ထက် တိုးမြှင့်ထားပါတယ်။ အင်တာပိုက မြန်မာနိုင်ငံအတွင်းမှာ အကြမ်းဖက်မယ့်သူတွေကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့လို့ ဖြစ်ပါတယ်”ဟု လေကြောင်းရဲတပ်ဖွဲ့မှူးက ဆက်လက်ပြော ကြားသည်။
အဆိုပါ အာဆီယံထိပ်သီးအစည်းအဝေးကို နေပြည်တော်ရှိ MICC တွင် မေ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် ကျင်းပမည်ဖြစ်ပြီး အာဆီယံနိုင်ငံများမှ ခေါင်းဆောင်များ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ ယခုလအတွင်း ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးပွဲတွင် လုံခြုံရေးဆောင်ရွက်ချက်များ လုပ်ဆောင်ရန်အတွက် နေပြည်တော်သို့ မေ ၂ ရက်တွင် အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့(အင်တာပို)မှ ကျွမ်းကျင်သည့် တာဝန်ရှိသူများ ရောက်ရှိလာကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် မှ သိရသည်။
“အခုကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးရဲ့ လုံခြုံရေးကိုလည်း အဆင့်မြင့်လုံခြုံရေးဖြင့် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အခုလည်း အင်တာပိုက ကျွမ်းကျင်တဲ့သူတွေ ရောက်ရှိနေပါပြီ။ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ရဲတပ်ဖွဲ့အင်အားကိုလည်း အပြည့်အ၀ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ နိုင်ငံဖြတ်ကျော်ဌာနမှ ဌာနမှူးရဲမှူးချုပ် စိုးမြိုင်က မေ ၃ ရက်တွင် ပြောကြားသည်။
ယခုလအတွင်း အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့မှ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်လုပ်ဆောင်ရန် စီစဉ်ထားသည့် ကျူးလွန်သူအချို့ကို ပြည်ပနိုင်ငံတစ်ခုတွင် ဖမ်းဆီးရရှိမှုကြောင့် ပြည်တွင်း၌ လုံခြုံရေးတိုးမြှင့်ရန် အင်တာပိုမှ ဆက်သွယ်ထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ လေကြောင်းရဲတပ်ဖွဲ့ဌာနမှ တပ်ဖွဲ့မှူး ရဲမှူးချုပ် နေ၀င်းက မေ ၂ ရက်တွင် ပြောကြားသည်။
“အခု ပြည်တွင်းမှာရှိတဲ့ လေဆိပ်တွေအားလုံးမှာ လုံခြုံရေးကို ပုံမှန်ထက် တိုးမြှင့်ထားပါတယ်။ အင်တာပိုက မြန်မာနိုင်ငံအတွင်းမှာ အကြမ်းဖက်မယ့်သူတွေကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့လို့ ဖြစ်ပါတယ်”ဟု လေကြောင်းရဲတပ်ဖွဲ့မှူးက ဆက်လက်ပြော ကြားသည်။
အဆိုပါ အာဆီယံထိပ်သီးအစည်းအဝေးကို နေပြည်တော်ရှိ MICC တွင် မေ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် ကျင်းပမည်ဖြစ်ပြီး အာဆီယံနိုင်ငံများမှ ခေါင်းဆောင်များ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
၂၇ ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲများတွင် လုံခြုံရေးစစ်ဆေးနေသော မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမေများကို တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)
Aye Chan Mon# Credit To :Eleven Media Group
https://www.facebook.com/excellencemedia
No comments:
Post a Comment