Bangkok Post, May 28, 2014
ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ပြည်နယ် နှင့် လန်ပန်ပြည်နယ်တို့တွင် ရဲတပ်ဖွဲ့ဝင် များနှင့် စစ်သားများပါဝင်သော ပူးပေါင်း အဖွဲ့ဝင်များက ရှပ်နီအဖွဲ့ဝင်များ၏ နေရာများအား မေလ ၂၇ ရက်နေ့တွင် ဝင်ရောက်စီးနင်းရှာဖွေခဲ့ရာ အိပ်ဆောင် ကွန်ပျူတာများ၊ သေနတ်ကျည်ဆန်များ၊ ကျည်ကာအင်္ကျီ၊ မီးရှူးမီးပန်းများ၊ လက်နက်များအား သိမ်းဆည်းရမိခဲ့သဖြင့် အာဏာသိမ်း ဆန့်ကျင်ရေး လက်နက်ကိုင်အုပ်စုများ နှင့် ဆန့်ကျင်ရေးသမားများအား နှိမ်နင်း ဖြိုခွဲရေး လုပ်ငန်းစဉ်များကို ထိုင်းကြည်း တပ်က အရှိန်မြှင့် ဆောင်ရွက်လာကြောင်း သိရသည်။
ဘန်ကောက်အခြေစိုက် အမှတ်( ၁ ) စစ်တိုင်းမှူး ဒုတိယဗိုလ်ချုပ်ကြီး သီရာချိုင်း နကွာနစ်ခ်ျကလည်း ထိုင်းကြည်းတပ်မှ တပ်ရင်း/တပ်ဖွဲ့မှူးများ၊ ရဲတပ်ဖွဲ့မှူးများ၊ ပြည်တွင်း လုံခြုံရေး စစ်ဆင်မှုဌာနချုပ်မှ အရာရှိများနှင့် လုံခြုံရေး လုပ်ငန်းစဉ်များ ဆိုင်ရာ အစည်းအဝေးတစ်ရပ်ကို မေလ ၂၇ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။
ထိုင်းဘုရင်ထံမှ NCPO ဥက္ကဌအဖြစ် ခန့်အပ်သည့် အမိန့်စာအားလက်ခံရရှိခဲ့ ပြီး ဗိုလ်ချုပ်ကြီး ပရာယုဒ်က မူဝါဒများ ချမှတ်ပေးပြီးနောက် ယင်းအစည်းအဝေး ပြုလုပ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ဘီလူးကျွန်းသား

No comments:
Post a Comment