Friday, May 23, 2014

ထိုင်းနိုင်ငံရေးလောကမှ အဓိကပုဂ္ဂိုလ်ကြီး ၁၁၄ ဦးအား ထိုင်းကြည်းတပ်ဦးစီးချုပ် ဆင့်ခေါ်

Bangkok Post, May 23, 2014
ထိုင်းကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ဦးဆောင်သည့် (NPOMC)သည် ထိုင်းနိုင်ငံရေးလောကမှ အဓိကပုဂ္ဂိုလ်ကြီး ၁၁၄ ဦးတို့အား မေလ ၂၃ ရက်နေ့တွင် လာရောက်သတင်းပို့ကြရန် ဆင့်ခေါ်ခဲ့သည်။
ယင်းအဓိကပုဂ္ဂိုလ်ကြီးများထဲတွင် ထိုင်းတပ်မတော်နှင့် ရဲတပ်ဖွဲ့တို့မှ အဆင့်မြင့်အရာရှိကြီးဟောင်းများ၊ အဓိကနိုင်ငံရေးသမားများ၊ ထိုင်းနိုင်ငံရေး ပဋိပက္ခတွင် ပါဝင်ခဲ့ကြသည့် အဓိကဆန္ဒပြခေါင်းဆောင်များ ပါဝင်ပါသည်။
ယင်းအဓိကပုဂ္ဂိုလ်ကြီး ၁၁၄ ဦးတို့သည် ဘန်ကောက်မြို့၊ THEWES ဧရိယာအတွင်းရှိ ထိုင်းကြည်းတပ် ကဇာတ်ရုံသို့ မေလ ၂၃ ရက်နေ့ ၁၀၀၀ နာရီချိန်တွင် သွားရောက် သတင်းပို့ကြရမည်ဖြစ်ကြောင်း သိရသည်။

ဘီလူးကျွန်းသား

No comments:

Post a Comment