Wednesday, May 21, 2014

ထိုင်းအစိုးရအတိုက်အခံခေါင်းဆောင် ဆူထစ်နှင့် အစိုးရထောက်ခံသူ ရှပ်နီ ခေါင်းဆောင် ကျတုဖုန်တို့အား တွေ့ဆုံဆွေးနွေးရန်အတွက် ထိုင်းကြည်းတပ် ဦးစီးချုပ် ဖိတ်ခေါ်

Bangkok Post, May 21, 2014
ထိုင်းနိုင်ငံ ငြိမ်းချမ်းရေးထိန်းသိမ်းမှုကွပ်ကဲရေးဌာန (Peace-Keeping Control Centre) အား ဦးဆောင်လျက်ရှိသည့် ထိုင်းကြည်းတ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာဒ်ချန်အိုချာသည် နိုင်ငံရေးခံယူချက်မတူညီသည့် ဘက်ပေါင်းစုံမှ အဆင့်မြင့် ခေါင်းဆောင်များအား မေလ ၂၁ ရက်နေ့ ၁၃၃၀ နာရီချိန်တွင် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရန် ဖိတ်ခေါ်ခဲ့ကြောင်း။

ယင်းဆွေးနွေးပွဲအား ဘန်ကောက်မြို့ ဝီဘဝတီ ရန်ကစစ် လမ်းပေါ်ရှိ ထိုင်းကြည်းတပ် ရိပ်သာတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထိုင်းကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ဖိတ်ခေါ်ခဲ့သူများတွင် အစိုးရထောက်ခံသူ အာဏာရှင်ဆန့်ကျင်ရေး ဒီမိုကရေစီသွေးစည်းညီညွတ်ရေးတပ်ဦး (ရှပ်နီအဖွဲ့)ခေါင်းဆောင် ကျတုဖုန် ဖရုန်ဖန်၊ အစိုးရဆန့်ကျင်သူ ပြည်သူ့ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲကော်မတီ (ရှပ်ဝါအဖွဲ့) အတွင်းရေးမှူးချုပ် ဆူထစ်သောင်န်ဆူဘန်၊ ဖွှေ့ထိုင်းပါတီခေါင်းဆောင် ကျရုဖုန် ရူဝမ်စူဝမ်၊ ဒီမိုကရက်ပါတီခေါင်းဆောင် အဘီဆစ် ဝဲ့ချာချီဝ၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ စူပါချိုင်ဆွန်ချရုန်နှင့် ခေတ္တအထက်လွှတ်တော် ဥက္ကဌ စူရာချိုင်လီယန်ဘွန်လတ် တို့ပါဝင်ကြောင်း သိရှိရသည်။

ထိုင်းကြည်းတပ်သည် နိုင်ငံတွင်းဖြစ်ပေါ်လျက်ရှိသည့် သွေးလွှမ်းမှုများကို ကာကွယ် တားဆီးနိုင်ရန်၊ နိုင်ငံရေးပဋိပက္ခတွင်းရှိ ဘက်ပေါင်းစုံတို့အကြား တွေ့ဆုံဆွေးနွေးမှု အရှိန်မြှင့်တင်ရေးအတွက် ဥပဒေတစ်ရပ်အသုံးပြုရန်နှင့် လပေါင်းများစွာ ကြာမြင့်နေသည့် ရှေ့မတိုးသာ နောက်မဆုတ်သာ နိုင်ငံရေးအကြပ်အတည်းအား ဖြိုဖျက်ရန်တို့အတွက် မေလ ၂၀ ရက်နေ့ ၀၃၀၀ နာရီချိန်မှစ၍ နိုင်ငံတစ်ဝန်းလုံးတွင် မာရှယ်လောအမိန့် ထုတ်ပြန်ထားခဲ့သည်။

ဘီလူးကျွန်းသား

No comments:

Post a Comment