Bangkok Post, May 23, 2014
ထိုင်းနိုင်ငံ နိုင်ငံတော်အေးချမ်းရေးနှင့် တရားဥပဒေထိန်းသိမ်းရေးကောင်စီ (NPOMC) ၏အကြီးအကဲအဖြစ် ထိုင်းကြည်းတပ်ဦးစီးချုပ်မှ တာဝန်ယူဆောင်ရွက်သွားမည်ဟူသော ကြေညာချက်ကို မေလ ၂၃ ရက်နေ့ ၁၁၂၀ နာရီချိန်တွင် ထုတ်ပြန်ကြေညာခဲ့လေသည်။
ယင်းနောက် (NPOMC)သည် ထိုင်းနိုင်ငံတွင်းရှိ ပြည်ပတိုင်းပြည်များမှ သံအမတ်များ၊ စစ်သံမှူးများ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအား ထိုင်းနိုင်ငံရေး အခြေအနေများကို ရှင်းလင်းပြောကြားရန်အတွက် ဘန်ကောက်မြို့၊ ဝီဘဝတီ ရန်ကစစ် လမ်းရှိ ထိုင်းကြည်းတပ်ရိပ်သာသို့ မေလ ၂၃ ရက် ၁၆၀၀ နာရီအချိန်တွင် လာရောက် ကြရန် ဖိတ်ကြားခဲ့သည်။
ဖိတ်ကြားရခြင်း၏ ရည်ရွယ်ချက်မှာ ထိုင်းနိုင်ငံရေးအခြေအနေအပေါ် နားလည်သဘော ပေါက်စေရန်နှင့် ပြည်ပတိုင်းပြည်များနှင့် ကောင်းမွန်သည့် ဆက်ဆံရေးများကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန်တို့အတွက် ဖြစ်ကြောင်း သိရှိရသည်။
ဘီလူးကျွန်းသား
No comments:
Post a Comment